
ပြန်လည် လက်ခံရေး စီစဉ် ဆောင်ရွက်ထားမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)
ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ရက်
ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ နေရပ် စွန့်ခွာထွက်ပြေး တိမ်းရှောင်သူများအနက် ဦးရေ ၂ ထောင်ကျော်အား နိုဝင်ဘာ လလယ်တွင် ပထမအသုတ်အဖြစ် ပြန်လည်ပို့ဆောင်မည်ဟု ပြောကြားချက် အရ စိစစ်၍ ပြန်လည် လက်ခံရန် စီစဉ်ထားရှိထားကြောင်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ရန်ကုန်မြို့၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

