မလှိုင် နိုဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီးမလှိုင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဆိုင်းဘုတ် အသစ်တင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မလှိုင်မြို့ နယ် သက္ကယ်ကျင်းကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မလှိုင် နိုဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီးမလှိုင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဆိုင်းဘုတ် အသစ်တင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မလှိုင်မြို့ နယ် သက္ကယ်ကျင်းကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
တောင်ကြီး နိုဝင်ဘာ ၅
နေပြည်တော် နိုဝင်ဘာ ၎
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဋ္ဌ ဦးဝေလွင်သည် ယမန်နေ့နံနက် ၁ဝ နာရီက ဇေယျာသီရိမြို့နယ် ပြည် ခိုင်ဖြိုးပါတီကအထူးလျှော့ဈေးဖြင့် ဆန်များရောင်းချနေမှုအား သွား ရောက်ကြည့်ရှုအားပေးခဲ့ပြီး ပြည် သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ ကြောင်း သိရသည်။
မလှိုင် နိုဝင်ဘာ ၎
မန္တလေးတိုင်းဒေသကြီး မလှိုင် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ စီနီယာပါတီ ဝင်ကြီးများအား ကန်တော့ခြင်း နှင့် KBZ ဘဏ်မှ ငွေကြေးဝန် ဆောင်မှုဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အသိပေးရှင်းလင်း ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ တွင်ကျင်းပသည့် လစဉ်ပုံမှန် အစည်းအဝေး၌ ပူးတွဲပြုလုပ်ခဲ့ ကြောင်း သိရသည်။
ဖျာပုံ၊ နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီးသို့ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များသည် ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် နံနက် ၉ နာရီခွဲ အချိန်မှစတင်ကာ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် ဆူးကဏန်းကျေးရွာနှင့် မအူပင်မြို့နယ် ထနီးကျေးရွာတွင်ပြုလုပ်သည့် ပါတီဝင်စုပေါင်းအဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက် အားပေးချီးမြှင့်ခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ပထမဆုံးအသုတ်အဖြစ် ဘင်္ဂါလီ ဒုက္ခသည်နှစ်ထောင်ကို နိုဝင်ဘာ ၁၅ ရက်တွင် စတင်လက်ခံမည်ဟု အေအက်ဖ်ပီ သတင်းဌာနက ယမန်နေ့တွင် ဖော်ပြသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ် နိုင်ငံပူးတွဲလုပ်ငန်းကော်မတီအ ဖွဲ့သည် အောက်တိုဘာ ၃၁ ရက်တွင် ကော့ဘဇားရှိ ဒုက္ခသည် စခန်းများသို့ ကွင်းဆင်းစိစစ်ပြီး မြန်မာအစိုးရက စိစစ်ပြီးသည့် ဒုက္ခသည် ငါးထောင်ကျော်အနက် ပထမဆုံး အသုတ်အဖြစ် နှစ်ထောင်ကို ယခု လလယ်တွင် စတင်လက်ခံမည်ဟု မြန်မာနိုင်ငံ ခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက ပြောကြားသည်။

လက်နက်ကိုင်အဖွဲ့အစည်းများက အရပ်သားများကို အပြည့်အဝကာကွယ်ပေးရန်နှင့် NCA အရ နှစ်ဖက်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပြဋ္ဌာန်းချက် များကို အောက်ခြေ တပ်ဖွဲ့ဝင် များအထိ သိရှိနိုင်ရေး ဆောင်ရွက်ရန် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC)က သဘောတူဆုံးဖြတ်ကြောင်း ယမန်နေ့တွင် သတင်းထုတ်ပြန် သည်။

ဥရောပသမဂ္ဂသည် မြန်မာအပေါ်ပေးအပ်ထားသော ကုန်သွယ်မှုအထူးအခွင့်အရေး(GSP) ပြန်လည်ရုပ်သိမ်း ခြင်းပြု၊ မပြုလာမည့်ခြောက်လနောက်ပိုင်းမှ ဆုံးဖြတ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများနှင့် စီး ပွားရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်ဦးချမ်းအေးက ပြောကြား သည်။
ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာကျင်းပမယ့် UPDJC ရဲ့ နိုင်ငံရေး မူဘောင် ဆွေးနွေးပွဲကို NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့ကို ဖိတ်ကြားထား ပေမဲ့ အားလုံးတက်ရောက်မှာမဟုတ်ဘူးလို့ သိရပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ မိုင်းလားအဖွဲ့ NDAAတို့ကတော့ တက်ရောက်မယ်လို့ အကြောင်းပြန် ထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မနေ့က နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
31.10.2018
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်သည့် နယ်မြေတစ်ခုဖြစ်သည့် မင်းဘူးမြို့နယ် စကုမြို့ တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၂) နေရာအတွက် မဲဆွယ်စည်းရုံးမှုတစ်ခုဖြစ်သည့် Door to Door ဆောင်ရွက်မှုအား မင်းဘူး/စကုမြို့နယ်မဲဆန္ဒနယ်မြေအမှတ်(၂)ရှိကျေးရွားများနှင့် မင်ဘူးနှင့်စကုမြို့ပေါ်ရပ်ကွက်များသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ တိုင်းပါတီဥက္ကဌဒေါက်တာမောင်မောင်ဌေး၊ တိုင်းဘဏ္ဍာရေးမှုဦးကြည်ထွန်း၊ တိုင်းကော်မတီဝင်များ ၊ ဦးကျော်သူဦး၊ ဦးအေးသူ၊မြို့နယ်ဥက္ကဌ ဦးကျော်ဝင်းမြင့် နှင့်ကော်မတီဝင်များလိုက်ပါလျက် တရွာဝင်တရွာထွက်နှင့် တအိမ်တက်ဆင်း Door to Door ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။