ရေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ
ရေးမြို့၊ အောက်တိုဘာ ၂၈
ရေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကို အောက်တိုဘာ ၂၈ ရက်နေ့၌ ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်ကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မေသူဝင်း၊ မော်လမြိုင်ခရိုင်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ကော်မတီများနှင့်ရပ်/ကျေးအမျိုးသမီးရေးရာပါတီဝင်များ တက်ရောက်ခဲ့ပြီး အခမ်းအနားကို သဘာပတိအဖွဲ့မှနေရာယူပြီး နိုင်ငံတော်အလံအားအလေးပြုကာ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့သည်။
ထို့နောက် ပြည်နယ်ပာတီအတွင်းရေးမှူးမှ မိတ်ဆက်အမှာစကား ပြောကြားပြီးမြို့နယ်ပါတီဥက္ကဋ္ဌက နှီးနှောဖလှယ်ပွဲကျင်းပရသည့်ရည် ရွယ်ချက်အသေးစိတ်ကို ရှင်းလင်း ပြောကြားကာ တက်ရောက်လာကြ သော ရပ်/ကျေးအမျိုးသမီးကိုယ်စားလှယ်များမှ အစုအဖွဲ့လေးဖွဲ့ဖြင့် စာတမ်းများပြုစုခဲ့ကြကြောင်း သိရှိရသည်။
ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာ၊ ကဘူဒမ်းနယ်မြေနေ မိဘပြည်သူများနှင့် တွေ့ဆုံခြင်း
၂၉-၁၀-၂၀၁၈
ယနေ့ နံနက် ၁၀း၀၀ နာရီမှ ၁၁း၃၀နာရီ အချိန်ထိ မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့ကျေးရွာ၊ ကဘူဒမ်းနယ်မြေနေ ပါတီဝင် ဦးယောဟန်၏နေအိမ်၌ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဆီဟူးဒွေ့၊ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ ၊ မြစ်ကြီးနားမြို့နယ် ပါတီအတွင်းရေးမှူး ဦးလာပေါ်ဟူး၊ မြို့နယ်ပါတီဘဏ္ဍာရေးမှူး ဦးဥက္ကာ၊ မြို့နယ်ပါတီကော်မတီဝင် ဦးလန်းဇုန်းနှင့် နန်းကွေ့ကျေးရွာ အောင်နိုင်ရေးကော်မတီဝင်တို့က နန်းကွေ့ကျေးရွာ၊ ကဘူဒမ်းနယ်မြေနေ မိဘပြည်သူ (၅၀) ဦးနှင့် တွေ့ဆုံခဲ့ကြပါသည်။
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆန္ဒရှင်ပြည်သူလူထုနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်အားပေး
အောက်တိုဘာ ၂၉၊ ရန်ကုန်
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ဟစ်တိုင်ကွင်းတွင် ကျင်းပပြုလုပ်သည့် တာမွေမြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ ၂၀၁၈ကြားဖြတ် ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆန္ဒရှင် ပြည်သူလူထုနှင့်တွေ့ဆုံပွဲအခမ်းအနားအား ယနေ့နံနက်(၈)နာရီကကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။
အခမ်းအနားအား နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင်သီဆိုဖွင့်လှစ်ပြီးနောက် တာမွေမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကျော်အား မဲဆန္ဒရှင်ပြည်သူများထံ မိတ်ဆက်အပ်နှံ၍ ကိုယ်စားလှယ်လောင်း၏ ကိုယ်ရေးအကျဉ်းအား အခမ်းအနားမှူးမှ ဖတ်ကြားပေးခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက် ပြည်ခိုင်ဖြိုးပါတီဝင်များ ပြည်သူနှင့် Door to Door တွေ့ဆုံ
မြင်းခြံ အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီးမြင်းခြံ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်းအတွက် မြို့နယ် အတွင်းရှိ ပြည်သူများနေထိုင်ရာ ဆိတ်ညံကျေးရွာနှင့်သပြေသာကျေး ရွာများသို့ ပြည်ခိုင်ဖြိုးပါတီဝင်များ ယမန်နေ့က တစ်အိမ်တက်ဆင်း (Door to Door) သွားရောက်ကာ ဆန္ဒမဲပေးပုံနည်းစနစ်များကို ရှင်း လင်းဆောင်ရွက်ခဲ့ကြသည်။
ကျောက်ဆည်ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲဆိုင်ရာဥပဒေအသိပညာပေးသင်တန်းဖွင့်
ကျောက်ဆည် အောက်တိုဘာ ၂၈
ကျောက်ဆည်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှဖွင့်လှစ်သော ရွေးကောက်ပွဲ ဆိုင်ရာဥပဒေအသိပညာပေးသင် တန်းဖွင့်ပွဲကို ခရိုင်ပါတီရုံးခန်းမ တွင် ယမန်နေ့နံနက် ၉နာရီက ကျင်းပ ခဲ့သည်။
လှိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ
ရန်ကုန် အောက်တိုဘာ ၂၈
လှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီက လှိုင်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီရုံး တွင် ကျင်းပခဲ့သည်။
သာစည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဆိုင်းဘုတ်တင် ပရဟိတအသင်းသို့ငွေလှူ
သာစည် အောက်တိုဘာ ၂၈
သာစည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့က အုတ်တွင်းကျေးရွာတွင် ပါတီဆိုင်းဘုတ်တင်ခဲ့ပြီး အားမာန်သစ် ပရဟိတအသင်းသို့ အလှူတော်ငွေပေး အပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းငွေပေးအပ်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသန်းစိုး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်သိန်းနှင့် ဦးစံထွန်း၊ မြို့နယ် ကော်မတီဝင်များတက်ရောက်ခဲ့ပြီး ပြည်သူ များနှင့်စကားဝိုင်းဆွေးနွေးကြပြီး ပရဟိတ အသင်းသို့ ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ တစ်သိန်း လှူဒါန်းခဲ့သည်။ ထို့နောက် မြိုင်သာ/ဆင်ရွာကျေးရွာ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ပုသိမ်လေးကျေးရွာတွင် ပါတီဆိုင်းဘုတ်အသစ်တင်
ပုသိမ်ကြီး အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ် ပုသိမ်လေးကျေးရွာတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်း ဘုတ်အသစ် ပြန်လည်တင်ခြင်း အခမ်း အနားကို ယမန်နေ့က ပုသိမ်လေးကျေးရွာ ဦးဖိုးကောင်း၏နေအိမ်တွင် ပြုလုပ်ခဲ့သည်။
ပေါက်တောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ
ပေါက်တော အောက်တိုဘာ ၂၈
ပေါက်တောမြို့နယ် ပြည်ခိုင် ဖြိုးပါတီမှဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲကို ယမန်နေ့ နံနက်၈နာရီတွင် ပြည်ခိုင်ဖြိုးပါတီ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။
ယင်းအခမ်းအနားသို့ပြည်နယ် ကော်မတီ၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့ နယ်ကော်မတီများ၊ ရုံးဝန်ထမ်းများ နှင့်ရပ်/ကျေးအမျိုးသမီးရေးရာပါတီ ဝင်များ တက်ရောက်ခဲ့ပြီး အခမ်း အနားကိုသဘာပတိအဖွဲ့မှနေရာယူ ပြီး နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ် ခဲ့သည်။ ထို့နောက် ပြည်နယ် ကော်မတီကမိတ်ဆက်အမှာစကား ပြောကြားပြီးမြို့နယ်ပါတီဥက္ကဋ္ဌက နှီးနှောဖလှယ်ပွဲကျင်းပရသည့်ရည် ရွယ်ချက်အသေးစိတ်ကို ရှင်းလင်း ပြောကြားကာ တက်ရောက်လာကြ သော ရပ်/ကျေးအမျိုးသမီးကိုယ် စားလှယ်များမှအစုအဖွဲ့လေးဖွဲ့ဖြင့် စာတမ်းများပြုစုခဲ့သည်။