
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် ၄ ဦးနဲ့ တပ်မတော်သား ကိုယ်စားလှယ် ၈ ဦးတို့ ဒီကနေ့ မနက်က ပြည်သူ့လွှတ်တော်မှာ ကတိ သစ္စာပြုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် ၃ ဦးနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၁ဦး ရွေးကောက် တင်မြှောက်ခံခဲ့ရတာပါ။



