နေပြည်တော် ဒီဇင်ဘာ ၁ဝ
နေပြည်တော် ဒီဇင်ဘာ ၁ဝ
နေပြည်တော် ဒီဇင်ဘာ ၁ဝ
ပြည်ထောင်စုနယ်မြေတပ်ကုန်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီ က ယမန်နေ့နံနက် ၁ဝ နာရီတွင် တပ်ကုန်းမြို့နယ် လွှပုံအုပ်စု လွှပုံ ကျေးရွာနှင့် သာယာအေးအုပ်စု ရွာ သစ်ကျေးရွာများသို့ ရပ်/ကျေး ပါတီဆိုင်းဘုတ်တင်ပြီး ဆန်များ ကို လျှော့ဈေးဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ကြောင်းသိရသည်။ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော် ခရိုင်ကော်မတီဝင် နယ်မြေတာဝန်ခံဦးဇော် မျိုးသိန်း၊ တပ်ကုန်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းဗိုလ်၊ အတွင်းရေးမှူး၊ဘဏ္ဍာရေး မှူးနှင့် မြို့နယ်ကော်မတီဝင်များ၊ရပ်/ကျေး ဥက္ကဋ္ဌကော်မတီဝင်များက အထူးလျှော့ ဈေးဆန်များ ကျေးရွာအတွင်းလှည့်လည် ရောင်းချပေးပြီး လွှပုံကျေးရွာအုပ်စုနှင့် သာယာအေးအုပ်စု ပါတီဆိုင်းဘုတ်များ ကို ရပ်/ကျေးကော်မတီဝင်နေအိမ်များ၌ အသစ်ပြန်လည်စိုက်ထူခဲ့ကြောင်းသိရသည်။

နေပြည်တော်၊ ဒီဇင်ဘာ ၁ဝ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ (၂ဝ၁၈) ကို ယခုလ ၁၁ ရက်နေ့တွင် စတင် ပြုလုပ်မည်ဖြစ်ရာ ညီလာခံတက်ရောက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အမျိုးသမီးညီလာခံကိုယ်စား လှယ်များ နေပြည်တော်ရှိ ပါတီဌာနချုပ်သို့ ယနေ့ရောက်ရှိလာခဲ့ကြသည်။

နေပြည်တော်၊ ဒီဇင်ဘာ ၁ဝ
ပြည်ထောင်စုနယ်မြေ တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီက ယမန်နေ့နံနက် ၁ဝ နာရီတွင် တပ်ကုန်း မြို့နယ် လွှပုံအုပ်စု လွှပုံကျေးရွာနှင့် သာယာအေးအုပ်စု ရွာသစ်ကျေးရွာများသို့ ရပ်/ကျေးပါတီဆိုင်းဘုတ်တင်ပြီး ဆန်များကို လျှော့ဈေးဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ကြောင်းသိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော်ခရိုင်ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးဇော်မျိုးသိန်း၊ တပ်ကုန်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းဗိုလ်၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးဥက္ကဋ္ဌကော်မတီဝင်များက အထူးလျှော့ ဈေးဆန်များ ကျေးရွာအတွင်း လှည့်လည်ရောင်းချပေးပြီး လွှပုံကျေးရွာအုပ်စုနှင့် သာယာအေးအုပ်စု ပါတီဆိုင်း ဘုတ်များကို ရပ်/ကျေးကော်မတီဝင်နေအိမ်များ၌ အသစ် ပြန်လည်စိုက်ထူခဲ့ကြောင်းသိရသည်။

နေပြည်တော်၊ ဒီဇင်ဘာ ၁၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ (၂၀၁၈) ကို ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်က နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး ခန်းမဆောင်၌ ကျင်းပပြုလုပ် သည်။
ယနေ့ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ (၂၀၁၈) ပထမနေ့အခမ်းအနား သို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ တက်ရောက်ပြီး ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ပျဉ်းမနား၊ ဒီဇင်ဘာ ၉
ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ် တွေ့ဆုံပွဲ (၁၂/၂ဝ၁၈) နှင့် ထိုင်းနိုင်ငံစိုက်ပျိုးရေးသင်တန်း အတွေ့အကြုံများ သရုပ်ပြခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ပြည်ထောင်စု နယ်မြေကော်မတီဝင် ဦးဝင်းမြင့်၊ ခရိုင်ကော်မတီဝင် ဒေါ်ဖြူဖြူကျော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီ နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေး ၃၆ အုပ်စုမှ ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။

မြစ်ကြီးနား၊ ဒီဇင်ဘာ ၇
ယနေ့ (၇-၁၂-၂၀၁၈) ရက်နေ့ နံနက် ၀၉း၀၀ နာရ်ီအချိန်မှ ၁၀း၀၀ နာရီအချိန်တွင် ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမကြီး၌ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကို နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်း၊ ဂုဏ်ပြုသီချင်းဖြစ်သော “ပိုမိုတောက်ပသောအနာဂတ်ဆီ” သီချင်းကိုသီဆို၍ ပထမပိုင်း အခမ်းအနားအစီအစဉ်ကို စတင်ခဲ့သည်။

မြန်အောင် ဒီဇင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် သပြေကုန်းတိုက်နယ်၊သပြေကုန်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။ အခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး ဗဟိုအတွင်းရေးမှူ ဦးသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့် ဗဟိုပါတီကော်မတီ ဝင်များ တိုင်းဒေသကြီးပါတီကော်မတီဝင်များ ခရိုင်မြို့နယ်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အခမ်းအနားအား နိုင်ငံတော်အလံအလေးပြုခြင်း နိုင်ငံတော်သီချင်းသီဆိုခြင်းတို့ဖြင့် ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပါတီဝင်အသစ်များမှ ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်လာရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ပြည်၊ ဒီဇင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှော ဖလှယ်ပွဲအခမ်းအနားအား ပြည်မြို့ရှိ Wish ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဗဟိုအလုပ်မှုဆောင် ဦးအောင်တင်မြင်၊့ ဗဟိုအလုပ်အမှု ဆောင် ဦးလှသိန်းဆွေ၊ ဗဟိုအတိုင်ပင်ခံ ဦးဥာဏ်ဝင်း၊ ပဲခူးတိုင်းဒေသကြီး ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ဗဟို ကော်မတီဝင်များ တိုင်း၊ခရိုင်၊မြို့နယ်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ အခမ်းအနားအား နိုင်ငံတော် အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခဲ့ပြီး အနုပညာရှင်အမျိုးသမီးများမှ “မင်္ဂလာပါ” သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ ပါတီဝင်အမျိုးသမီးကိုယ်စာလှယ်များမှ ပျူယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ သည်။ ထို့နောက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။

ချောင်းဦး ၊ ဒီဇင်ဘာ ၆