ဖြူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

ဖြူး၊ နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှော ဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပခဲ့ရာ အစီအစဉ်အရ အခမ်းအနားကို နှစ်ပိုင်းခွဲ၍ ကျင်းပခဲ့သည်။

ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝေါတက်ကျေးရွာတွင် ဆိုင်းဘုတ်အသစ်တင်ခြင်းအခမ်းအနားပြုလုပ်

ပုသိမ်ကြီး၊ နိုဝင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်အသစ် ပြန်လည် တင်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်တွင် ကျွန်းထဲပိုင်းရှိ ပုဂံတပ်ကျေးရွာအုပ်စု၊ ဝေါတက်ကျေးရွာ ဦးသန်းမောင်၏ နေအိမ်တွင် ပြုလုပ်ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆဋ္ဌမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူကျင်းပ

မော်လမြိုင်ကျွန်း၊ နိုဝင်ဘာ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မော်လမြိုင်ကျွန်းမြို့နယ်၏ ဆဋ္ဌမအကြိမ်မြောက် စုပေါင်းမဟာဘုံက ထိန်အလှူတော်ကို မော်လမြိုင်ကျွန်းမြို့နယ် နုံးကျွန်ကျေးရွာအုပ်စု လေးထပ်ကြီးကျေးရွာ ဓမ္မဝေပုလ္လကျောင်း တိုက်တွင် ယမန်နေ့နံနက် ၉ နာရီ၌ ကျင်းပခဲ့သည်။

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ဆူးဖဲလောမူလတန်းလွန်ကျောင်း ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား

လွိုင်ကော် – နိုဝင်ဘာ ၁၅

(၁၅-၁၁-၂၀၁၈) ရက်နေ့နံနက် (၁၀း၀၀) နာရီမှ (၁၂း၃၀) နာရီအချိန်အထိ ကယားပြည်နယ် လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာအုပ်စု ဆူးဖဲလောမူလတန်းလွန်ကျောင်း ၂၀၁၈ – ၂၀၁၉ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ နှင့် နှစ်ပတ်လည်အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှုဆောင်) ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့်အဖွဲ့ တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ မဟာဘုံကထိန်အလှူကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌအား အမှုးထား၍ စုပေါင်းမဟာဘုံကထိန်အလှုတော်မင်္ဂလာကို နိုဝင်ဘာလ (၁၅) ရက် နံနက် (၉:၃၀) နာရီက သုံးခွမြို့နယ် ကြုံကြိတ်ကျေးရွာ ဂဏ္ဍဝါစကပဏ္ဍိတကျောင်းတိုက်တွင် ကျင်းပကြောင်း သိရှိရသည်။

အဆိုပါမဟာကထိန်အလှုပွဲသို့ ရန်ကုန်တိုင်း ပါတီအတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်း၊ တိုင်းပါတီ ကော်မတီဝင် ဦးခင်မောင်တင့်နှင့် ဒေါ်မိုးမိုးအိ၊ ခရိုင်ပါတီဥက္ကဌ ဦးလွင်ဦးနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ် ပါတီဥက္ကဌများ၊ မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြသည်။

ဖိအားပေးတာတွေရှိပေမယ့် ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ အဆင်သင့်ပြင်ဆင်ထား

 

နိုင်ငံတကာ နဲ့ ကုလသမဂ္ဂအဖွဲ့စည်းတွေက မြန်မာနိုင်ငံကို ရိုဟင်ဂျာတွေ မပြန်ဖို့ ဖိအားတွေ ပေးနေပေမယ့် မြန်မာအစိုးရကတော့ လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောထားပါတယ်။ မြန်မာအစိုးရအနေနဲ့ မူလက စီစဉ်ထားတဲ့အတိုင်း မနက်ဖြန်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို လက်ခံဖို့ ပြင်ဆင်ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက RFA ကို ဒီကနေ့ ပြောပါတယ်။

အာဆီယံထိပ်သီးအစည်းဝေးနဲ့ မြန်မာ

စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲကနေ မြန်မာနိုင်ငံက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ရက်စက်မှုတွေမှာ တာဝန်ရှိသူတွေကို အပြည့်အ၀ အရေးယူပေးရေး တောင်းဆိုတဲ့ ကြေညာချက် ထုတ်ပြန်ကြဖို့ ပြင်ဆင်နေပါတယ်။ ဒါဟာ အဖွဲ့ဝင် နိုင်ငံတခုချင်းစီရဲ့ ပြည်တွင်းရေးကို ၀င်ရောက် မစွက်ဖက် ရဘူးဆိုတဲ့ ကာလရှည်ကြာ တည်ရှိလာခဲ့တဲ့ အာဆီယံရဲ့ အခြေခံ မူဝဒါကို ကျော်လွန်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက် လို့ ပြင်းထန်စွာ ရပ်တည်သွားမယ်ဆိုတာကို အာဆီယံက ပြသမယ့် အနေအထား ဖြစ်ပါတယ်။

ဘင်္ဂါလီပြဿနာဖြေရှင်းရေး အကူအညီပေးမည်ဟု နယူးဇီလန်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ထံ ကမ်းလှမ်း

ဘင်္ဂါလီပြဿနာကို ဖြေရှင်းရေး လိုအပ်သော အကူအညီပေးမည်ဖြစ်ကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာဒန်က မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံ ကမ်းလှမ်းခဲ့ ကြောင်းသိရသည်။ ၎င်းတို့ နှစ်ဦး သည် ဗီယက်နမ်နိုင်ငံ Apec ညီလာခံနှင့်ဖိလစ်ပိုင် နိုင်ငံတွင်ကျင်းပသော အရှေ့အာရှညီလာခံ၌ နောက်ဆုံး တွေ့ဆုံပြီး  နိုဝင်ဘာ ၁၄ ရက်ကစင်ကာပူနိုင်ငံတွင် တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ဒုသမ္မတ မိုက်ပင့်စ် ဘင်္ဂါလီအရေးဆွေးနွေး

Myanmar’s State Counsellor Aung San Suu Kyi and U.S. Vice President Mike Pence hold a bilateral meeting in Singapore, November 14, 2018. REUTERS/Athit Perawongmetha

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ဒုတိယသမ္မတ မိုက်ပင့်စ်နှင့် ယမန်နေ့ (နိုဝင်ဘာ ၁၄ ရက်)တွင် စင်ကာပူ၌ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သည်။ အာဆီယံထိပ်သီးအစည်း အဝေးတက် ရောက်ရန် စင်ကာပူ သို့ ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမေရိကန်ဒုသမ္မတသည် ဘင်္ဂါလီ ဒုက္ခသည်အရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး သမ္မတထရန့်လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ထိပ်တန်း အဆင့်မြင့်ပုဂ္ဂိုလ်တို့ ပထမဆုံး တွေ့ဆုံခြင်းဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဌာနချုပ်၏ ဒုတိယအကြိမ် မိသားစု မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

 

နေပြည်တော်၊ နိုဝင်ဘာ – ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဌာနချုပ်၏ ဒုတိယအကြိမ် မိသားစုမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉နာရီ ၃၀ မိနစ်ချိန်တွင် နေပြည်တော်၊ လယ်ဝေးမြို့ ချမ်းမြေ့ရိပ်သာဘုန်းတော်ကြီးကျောင်းတွင်ကျင်းပပြုလုပ်ရာပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး ဒေါ်စိုးဝတ်ရည်တို့တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်း များဆက်ကပ်လှူဒါန်းကြသည်။