မြစ်ကြီးနား၊ ဒီဇင်ဘာ ၇
ယနေ့ (၇-၁၂-၂၀၁၈) ရက်နေ့ နံနက် ၀၉း၀၀ နာရ်ီအချိန်မှ ၁၀း၀၀ နာရီအချိန်တွင် ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမကြီး၌ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကို နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်း၊ ဂုဏ်ပြုသီချင်းဖြစ်သော “ပိုမိုတောက်ပသောအနာဂတ်ဆီ” သီချင်းကိုသီဆို၍ ပထမပိုင်း အခမ်းအနားအစီအစဉ်ကို စတင်ခဲ့သည်။