ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် လှိုင်မြို့နယ် ပါတီကော်မတီများနှင့်တွေ့ဆုံ

 

ရန်ကုန် ဇန်နဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ပါတီကော်မတီရုံးတွင် ယမန်နေ့နံနက် ၁၁နာရီခွဲက ပါတီဗဟိုကော်မတီဝင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက လှိုင်မြို့နယ် ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲကျင်းပသည်။

အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမင်းလွင်၊ အတွင်း ရေးမှူးဦးသန်းအေး၊ ဘဏ္ဍာရေးမှူးဦးမြသောင်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

ကရင်နှစ်သစ်ကူးပွဲတော်နှင့် ရိုးရာကောက်သစ်စားပွဲတော် အိမ်မဲတွင်ကျင်းပပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၏ သဝဏ်လွှာကို မြို့နယ်ပါတီက သဘာပတိအဖွဲ့အား ပေးအပ်

 

အိမ်မဲ ဇန်နဝါရီ ၆

အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာအုပ်စု တောင်စုကျေးရွာတွင် ပြည် ထောင်စုအဆင့် ပထမအကြိမ်ကျင်းပသော ကရင်နှစ်သစ်ကူးပွဲတော်နှင့် ကရင်ရိုးရာ ကောက်သစ်စားပွဲတော်ကို ယမန်နေ့နံနက် ၅ နာရီခွဲတွင် ကျင်းပခဲ့သည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပခြင်း

 

ပေါင်းတည် ဇန်နဝါရီ ၆

ပေါင်းတည်မြို့နယ် သပြေကြီးစုအုပ်စု လက်ပံကိုင်းကျေးရွာ တွင် ယနေ့နံနက်ပိုင်းကကျင်းပသော ကရင်အမျိုးသားနှစ်သစ်ကူး ပွဲတော်အခမ်းအနားသို့ ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌကြီး ဦးသန်းဌေးမှ ပေးပို့သော ကရင်အမျိုးသားနေ့ နှစ်သစ်ကူးသဝဏ်လွှာအား ဖတ်ကြားခဲ့ပါ သည်။

ကောလင်းတွင် မြို့မမြို့ကုန်းရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

06 January 2019

စစ်ကိုင်းတိုင်းဒေသကြီး ကော လင်းမြို့ မြို့မမြို့ကုန်းသုဝဏ္ဏရပ်နေ ဦးကျော်လွင်ဦး နေအိမ်တွင် ယနေ့ နံနက် ၁၁နာရီက ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ် တင်ပွဲပြုလုပ်ခဲ့သည်။

ထိုဆိုင်းဘုတ်တင်ပွဲကို ကော လင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ မြို့နယ်ပါတီ အမှုဆောင်များ၊ ရပ်မိရပ်ဖများ၊ ကြံ့ခိုင်ရေးပါတီဝင်များ၊ သတင်း မီဒီယာများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ စုစုပေါင်းအင်အား ၃ဝ တက်ရောက်ခဲ့ကြသည်။

ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဌနှင့် တိုင်းပါတီအတွင်းရေးမှူး ရေဦးမြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

 

၂၇-၁၂-၂၀၁၈

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းနှင့် တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦးတို့သည် ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်က ရွှေဘိုခရိုင် ရေဦးမြို့နယ်ပါတီရုံးခန်းမ၌ မြို့နယ်ကော်မတီဝင်များ၊ပါတီဝင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် တိုင်းပါတီကော်မတီ
ဝင် ခရိုင်တာဝန်ခံ ဦးသန်းဝင်းထွန်း၊ ရွှေဘိုခရိုင်ပါတီဥက္ကဌ ဦးစိုးအေး၊ ခရိုင်ကော်မတီဝင်များ၊ ရေဦးမြို့နယ်ပါတီဥက္ကဌ ဦးခင်မောင်စန်းနှင့် မြို့နယ်ကော်မတီဝင်များ စုစုပေါင်း(၃၀)ဦး တက်ရောက်၍ ပါတီလုပ်ငန်းများဆွေးနွေးခဲ့ကြပါသည်။

ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဌနှင့် တိုင်းပါတီအတွင်းရေးမှူး ခင်ဦးမြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

 

၂၇-၁၂-၂၀၁၈

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းနှင့် တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦးတို့သည် ယမန်နေ့ နေ့လည် (၀၂:၀၀) နာရီအချိန်က ရွှေဘိုခရိုင် ရေဦးမြို့နယ်ပါတီရုံးခန်းမ၌ မြို့နယ်ကော်မတီဝင်များ၊ ပါတီဝင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် တိုင်းပါတီကော်မတီဝင် ခရိုင်တာဝန်ခံ ဦးသန်းဝင်းထွန်း၊ ရွှေဘိုခရိုင်ပါတီဥက္ကဌ
ဦးစိုးအေး၊ ခရိုင်ကော်မတီဝင်များ၊ ခင်ဦးမြို့နယ်ပါတီဥက္ကဌ ဦးထွန်းမြင့်နှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်၍ ပါတီလုပ်ငန်းများဆွေးနွေးခဲ့ကြပါသည်။

မောင်းထောင်ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

ဘုတလင် ဒီဇင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ခရိုင်ဘုတလင်မြို့နယ်မောင်းထောင် ကျေးရွာအုပ်စုမောင်ထောင်ကျေးရွာ ဦးမောင်တိုး၏နေအိမ်ခြံဝင်းအတွင်း၌ ယမန်နေ့နံနက်၁၁နာရီတွင် ပြည်ခိုင် ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲ အခမ်း အနားကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ မုံရွာ ခရိုင်ပါတီကော်မတီဝင် ဘုတလင် မြို့နယ်တာဝန်ခံ ဦးစိန်ဝင်းလှိုင် ၊ ဘုတလင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးဝင်းလှိုင်နှင့်မြို့နယ် ကော်မတီဝင်များ၊ ကျေးရွာ ပြည် ခိုင်ဖြိုးပါတီဝင်အင်အား ၁၂ဦး၊ စုစုပေါင်းအင်အား ၂၂ဦးခန့်တက် ရောက်ခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မောက်ကြိုးကျေးရွာ ပါတီဆိုင်းဘုတ်တင် ပါတီရုံးခွဲဖွင့်လှစ်

 

ဝက်လက် ဒီဇင်ဘာ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် မောက်ကြိုး ကျေးရွာ ပါတီဆိုင်းဘုတ်တင်ပွဲနှင့်ရပ်/ကျေး ပါတီရုံးခွဲဖွင့်လှစ်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။

အဆိုပါပွဲကို ရွှေဘိုခရိုင် ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဦးမြတ်မျိုးညွန့်၊ ခရိုင် ကော်မတီဝင် ဦးချစ်သန်း၊ ဦးနိုင်သန်းထွန်း နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးခိုင်၊ မြို့နယ် ကော်မတီဝင်များ၊ ရပ်/ကျေးကော်မတီဝင် များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

လုံးခင်း အခြေခံပညာအထက်တန်းကျောင်း ပထမအကြိမ်အာစရိယပူဇော်ပွဲသို့ ဖားကန့်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအလှူငွေလှူဒါန်း

 

ဖားကန့် ဒီဇင်ဘာ ၂၇

ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ် သည် ယနေ့နံနက် ၉ နာရီတွင် လုံးခင်း အခြေခံပညာအထက်တန်းကျောင်း ပထမ အကြိမ်အာစရိယပူဇော်ပွဲသို့တက်ရောက်ကာ ငွေကျပ်တစ်သိန်း လှူဒါန်းခဲ့သည်။

အဆိုပါအာစရိယပူဇော်ပွဲသို့ ဖားကန့် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအင်ဖ ရောင်းဂမ်နှင့်အတူ မြို့နယ်ပါတီအတွင်းရေး မှူးဦးထွန်းမြင့်၊ မြို့နယ်ကော်မတီဝင်(လူငယ် တာဝန်ခံ)ဦးလွမ်းဝေ၊ လုံးခင်းအုပ်စုပါတီ ဥက္ကဋ္ဌ ဦးဇော်ပိုင်၊ နမ့်မဖြစ်အုပ်စုပါတီဥက္ကဋ္ဌ ဦးထွန်းလင်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

လှည်းကူးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့်ပါတီအဆိုပြုလွှာစုပေါင်းပေးအပ်ပွဲကျင်းပ

 

ရန်ကုန် ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ် ရိပ်သာရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ရိပ်သာရပ်ကွက် ရန်ကင်း (၄)လမ်းရှိရပ်ကွက်ပါတီနာယကဦးတင်မြင့် နေအိမ်တွင် ကျင်းပကြောင်း သိရသည်။