ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအတွင်း​ရေးမှူး စစ်​ကိုင်းတိုင်း​ဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်​/မြို့နယ်​များမှ​ ကော်​မတီဝင်​များနှင့် ​တွေ့ဆုံပွဲ ပြုလုပ်

မုံရွာ၊ ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုင်းရုံးခန်းမကြီးတွင် ယနေ့ ၅ .၁၂ .၂၀၁၈ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်၌ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးတို့သည် တိုင်းပါတီကော်မတီများ၊ ခရိုင်ပါတီကော်မတီများ၊ မြို့နယ်ပါတီကော်မတီများနှင့် ရင်းနှီးဖော်ရွေကာ တွေ့ဆုံဆွေးကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မြန်အောင် မြို့နယ်အတွင်းရှိ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲများသို့ တက်ရောက်

မြန်အောင်၊ ဒီဇင်ဘာ ၅

မြန်မာ့လူဦးရေ၏ ထက်ဝက်ခန့်သည် အိမ်ရာချို့တဲ့မှုနှင့် ရင်ဆိုင်နေရကြောင်း အစိုးရထုတ်ပြန်

မြန်မာနိုင်ငံ၏လူဦးရေ ထက်ဝက်ခန့်သည် အိမ်ရာချို့တဲ့မှု နှင့် ရင်ဆိုင်ကြုံတွေ့နေကြောင်း ပြည်သူ့အင်အား ဦးစီးဌာန က ယမန်နေ့တွင် ထုတ်ပြန်သည့် ‘မြန်မာနိုင်ငံရှိ ရှုထောင့်နယ်ပယ်စုံ လူမှုဘဝ ဖူလုံရေး’ စာတမ်း၌ ဖော်ပြသည်။

ဒုက္ခသည်စခန်းတွေမှာ လူငယ်တွေကို သွေးထိုးပေးနေကြောင်း သာယဉ်ဝန်ကြီး ပြောဆို

ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင်ဒုက္ခသည်တွေဟာ ဗုဒ္ဓဘာသာအများစုရှိတဲ့ မြန်မာနိုင်ငံကို အဆက်မပြတ် အလုံးအရင်းနဲ့ ဝင်ရောက်ဖို့ သွေးဆောင်ခံထားရသူတွေဖြစ်တယ်လို့ သာသာနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကိုက ပြောဆိုကြောင်း ရိုက်တာသတင်းက ဖေါ်ပြပါတယ်။ ဒါ့ပြင် ဘင်္ဂလားဒေ့ရှ်အနေနဲ့လည်း ဘင်္ဂါလီ တွေကို ပြန်ခွင့်ပြုမှာမဟုတ်ကြောင်း၊ ပြန်လွှတ်လိုက်ရင် လူဦးရေ ကျဆင်းသွားမှာဖြစ်ကြောင်း၊ ဒုက္ခသည်စခန်း တွေမှာလည်း ဘင်္ဂါလီလူငယ်တွေကို မြန်မာပြည်ကို အလုံးအရင်းနဲ့ ၀င်ရောက်နိုင်ဖို့ သွေးဆောင် လှုံ့ဆော် နေကြောင်း ပြောဆိုခဲ့တာကို NewsWatch သတင်း ဝက်ဆိုဒ်က တင်ထားတဲ့ ဗီဒီယိုမှာ တွေ့ရတယ်လို့လည်း ဖေါ်ပြပါတယ်။

ရွှေဘိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဇီးဖြူကုန်းကျေးရွာ ပါတီဆိုင်းဘုတ်တင်ပွဲပြုလုပ်

ရွှေဘို၊ ဒီဇင်ဘာ ၎

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ဆိပ်ခွန်တိုက်နယ် ဇီးဖြူကုန်းကျေးရွာ ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးဝင်းဇော်၏ နေအိမ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်ခိုင်ဖြိုးပါတီ ပါတီဆိုင်းဘုတ်တင်ပွဲပြုလုပ်ကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီလူငယ်များ အမျိုးသမီးညီလာခံကို ကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

နေပြည်တော်၊ ဒီဇင်ဘာ ၎

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ (၂ဝ၁၈) ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ပြည်ထောင်စုနယ်မြေမှ ပြည်ခိုင်ဖြိုးပါတီ လူငယ်ခေါင်းဆောင် ဦးကျော်ဌေး၊ အမျိုးသမီး လူငယ်ခေါင်းဆောင် ဒေါ်သီတာထွေးတို့ ဦးဆောင်၍ ပုဗ္ဗသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်တော်မူသည့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်၌ လူငယ်အင်အား ၁၆ဝ ဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင် ခဲ့ကြသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အခြေခံစက်ချုပ်သင်တန်းဖွင့်

ရန်ကုန်၊ ဒီဇင်ဘာ ၎

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ အမျိုးသမီးရေးရာ အခြေခံစက်ချုပ် သင်တန်းအမှတ်စဉ် ၇/၂ဝ၁၈ ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် ပုသိမ်ညွန့်ရပ်ကွက် ဆီစက်ဝင်း သာသနဟိတ ဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားတွင် ဗဟိုကော်မတီ တိုင်းအမျိုး သမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ တစ်ဆက်တည်းမှာပင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်အကြောင်းအရာများကို ပြောကြားခဲ့သည်။ ထိုအခမ်းအနားသို့ ဗဟိုကော်မတီ ဒေါ်စန်းစန်းဝင်း၊ အရှေ့ပိုင်းခရိုင်ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဦးတင်ရှိန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ သင်တန်း ဆရာဆရာမများ၊ သင်တန်းသူများ၊ ရပ်ကွက်ပါတီခေါင်းဆောင်များ စုစုပေါင်း ၅ဝ ကျော် တက်ရောက်ခဲ့သည်။

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ ဘိလပ်မြေအိတ်များလှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ ၎

ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကရင်တိုင်းရင်း သားများ နေထိုင်ရာ တောင်ပေါ်ဒေသ ဇေယျာသီရိမြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာ ကွန်ကရစ်လမ်း ခင်းနိုင်ရေးအတွက် ဘိလပ်မြေအိတ် ၅ဝ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်စိစစ်ရေးညှိနှိုင်းဆွေးနွေး

 ရန်ကုန်၊ ဒီဇင်ဘာ ၃

လှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပါတီဝင်စိစစ်ရေးလုပ်ငန်း ဆောင်ရွက်ရန် အစည်း အဝေး ပြုလုပ်ကြောင်း သိရသည်။