
‘၀’လက်နက်ကိုင်အဖွဲ့ (UWSA)၏ ငြိမ်းချမ်းရေးနှစ်(၃၀) ပြည်ပွဲတော်သို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာဆွန်းကော်ရှန်း တက်ရောက်မည်ဖြစ်ကြောင်း UWSA လားရှိုးဆက်ဆံ ရေးရုံးတာဝန်ခံဦးညီရန်းက ပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက UWSA ခေါင်းဆောင်များနှင့် တရုတ် အထူးကိုယ်စားလှယ်တို့ ‘၀’ ဒေသ၌ တွေ့ဆုံစဉ်လာမည့် ဧပြီလလယ်တွင်ကျင်းပမည့် UWSA နှစ်(၃၀) ပြည့်ပွဲတော်သို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ပြီး မစ္စတာဆွန်းကော်ရှန်းကလည်း တက်ရောက်မည်ဟု ပြောကြား ကြောင်း ၎င်းကဆိုသည်။



