ကသာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာအုပ်စုပါတီရုံးဆိုင်းဘုတ်တင် ပါတီဝင်များနှင့်တွေ့ဆုံပွဲပြုလုပ်

 

ဝက်လက် ဒီဇင်ဘာ ၂၃

ကသာမြို့နယ် ကုန်းသာကျေးရွာအုပ်စု ငါးလူးတုန်းကျေးရွာ ဦးကြည်စိုးနေအိမ်၌ ယမန်နေ့နံနက် ၈နာရီခွဲက ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီရုံး ဆိုင်းဘုတ်တင်ပွဲနှင့်ပါတီဝင်တွေ့ဆုံပွဲ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအလုပ်အမှုဆောင်ကော် မတီဝင်(ကသာခရိုင်တာဝန်ခံ) ဦးအောင်ကိုစံ၊ ကသာမြို့နယ် ပြည်ခိုင် ဖြိုးပါတီအတွင်းရေးမှူးဦးစိန်ထွန်းနှင့်အလုပ်အမှုဆောင်ကော်မတီဝင် များ၊ ကျေးရွာအုပ်စုပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ ပါတီဝင်များအင်အား ၆၂ဦး တက်ရောက်ကြသည်။

စိမ်းနိုင်(ဝက်လက်)

ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင် အခမ်းအနားပြုလုပ်

 

ကျိုက်ထို၊ ဒီဇင်ဘာ ၂၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်‌ကျေးရွာ ပါတီဥက္ကဋ္ဌ ဦးဥာဏ်ဝင်းနေအိမ်တွင် ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက် ၈း၃၀ အချိန်နှင့် ကောစံနိုင်ရပ်ကွက် ဦးအောင်ကျော်နိုင် နေအိမ်တွင် ယမန်နေ့နံနက် ၉း၃၀ အချိန်နှင့် ဇေယျာမွန်ရပ်ကွက်ရှိ ဒေါ်ခင်လှနေအိမ်တို့တွင် ၁၀း၃၀ အချိန် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို ကျိုက်ထိုမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဇေယျာဦးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဥက္ကဋ္ဌတို့က အမွှေးနံ့သာရည်များပတ်ဖျန်းကာ ဆိုင်းဘုတ်တင်ခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်

 

ရန်ကုန် ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်း အောက်ရုံရပ်ကွက် လုပ်သားပြည်သူများအား ယနေ့နံနက် ၁ဝ နာရီက အောက်ရုံရပ်ကွက် ဖွံ့ဖြိုးရေးဆေးခန်းတွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆေးကုသပေး ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်

 

ရန်ကုန် ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်း ခရိုင် အင်းစိန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူ့အကျိုးပြုလုပ်ငန်း များ ဆောင်ရွက်လျက်ရှိရာ အင်းစိန်မြို့နယ် အမက(၁၄)ကျောင်းဝင်းတွင် ကျောင်းသန့် ရှင်းသာယာလှပစေရေးနှင့် ခြင်နိုင်ဆေးဖျန်း ခြင်းကို ယမန်နေ့နံနက် ၈ နာရီက မြို့သစ် (၈)ရပ်ကွက်ရှိ အမက(၁၄)ကျောင်းဝင်း အတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘုတလင်မြို့နယ် ဝက်ပုတ်ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

ဘုတလင် ဒီဇင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် ဝက်ပုတ်ကျေးရွာအုပ်စု ဝက်ပုတ်ကျေးရွာ ဦးဇော်၏ နေအိမ်ခြံဝင်း အတွင်းတွင် ယမန်နေ့နံနက် ၁၁ နာရီက ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်း အနား ကျင်းပခဲ့သည်။

လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်

 

ရန်ကုန် ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီနှင့် တိုင်းဒေသကြီးအတွင်းရှိ ကိုယ်စားလှယ်များ မိတ်ဆုံညစာစားပွဲကျင်းပ

 

မန္တလေး ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီနှင့် ကျင်းပပြီးစီးခဲ့ သော ရွေးကောက်ပွဲအသီးသီးတွင် ပါတီကိုယ်စားပြု အရွေးချယ်ခံ ခဲ့သည့် ကိုယ်စားလှယ်များ၏ အမှတ်တရမိတ်ဆုံညစာစားပွဲကို ယမန်နေ့ ညနေ ၅ နာရီက တိုင်း ဒေသကြီးပါတီရုံးခန်းမဆောင်တွင် ကျင်းပခဲ့ရာ ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်တက်ရောက်ခဲ့သည်။

ဒေါပုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်

 

ရန်ကုန် ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံ မြို့နယ် ဗမာအေးရပ်ကွက် အေး စေတီလမ်း ‘အေးစေတီပရဟိတ အဖွဲ့’မှကြီးမှူးကျင်းပသောဒုတိယ အကြိမ်မြောက် ဆွမ်းအောင်ပွဲဓမ္မ ပူဇာ အထူးတရားပွဲတွင် တရား ဟောဆရာတော်များနှင့် တရားနာ ဧည့်ပရိသတ်များ အေးချမ်းစွာ တရားနာယူနိုင်စေရန် အေးစေတီ လမ်းတစ်လျှောက် ခြင်ဆေးမှုတ် ခြင်း၊ ခြင်ဆေးဖျန်းခြင်းများကို ယမန်နေ့မွန်းလွဲ ၁ နာရီမှ ၂ နာရီခွဲ အထိဆောင်ရွက်ပေးခဲ့ကြောင်း သိ ရသည်။

ပါတီဆိုင်းဘုတ်အသစ်ပြန်လည်တင် နိုင်ငံရေးစကားဝိုင်းပြုလုပ်

ရန်​ကုန်​၊​ရွှေပြည်​သာ၊၂၀၁၈၊ဒီဇင်​ဘာ၊၂၃

ရန်​ကုန်​တိုင်းဒေသကြီး၊​မြောက်​ပိုင်းခရိုင်​၊​ရွှေပြည်​သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဆိုင်းဘုတ် အသစ် ပြန်လည်တင်ခြင်းနှင့် နိုင်ငံ ရေးစကားဝိုင်း အခမ်းအနားကို ယ​နေ့နံနက်​၉နာရီက အမှတ်​၄ရပ်​ကွက်​ပါတီ ဥက္ကဋ္ဌဦးနိုင်​ဦး၏နေအိမ်တွင် ပြု လုပ်ခဲ့သည်။

ပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးထီးတော်တင်လှုပွဲတက်ရောက်ကြည်ညို။

 

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့ နယ် ဖေါင်ကြီးမြို့ ရွှေမေတ္တာပရဟိတစာသင်တိုက် ဇမ္ဗူအေးရွှေမေတ္တာစွယ်တော်မြတ်စေတီတော်ထီးတော်တင်လှုပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှု့ ဆောင်ရန်ကုန်တိုင်းဒေသကြီးပါတီ(ဥက္ကဌ) ဦးခင်မောင်စိုးဇနီးဒေါ်နီနီနှင့်လှည်းကူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်များအလှု့ရှင်အလှု့အမများသည်ဒီဇင်ဘာလ(၂၂)ရက်နံနက်(၉)နာရီကတက်ရောက်ဖူးမြှော်ကြည်ညိုကြကြောင်းသိရှိရသည်။

အစီအစဉ်အရဆရာတော်သံဃာတော်များထံမှကိုးပါးသီလခံယူဆောက်တည်ကြပြီးမင်္ဂလာအချိန်ကျရောက်သောအခါစိန်ဖူးတော်နှင့်ထီးတော်တို့ကိုပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးခင်မောင်စိုးနှင့်တာဝန်ရှိသူများအလှု့ရှင်အလှု့အမများမှတင်လှုပူဇော်ခဲ့ကြကြောင်းသိရှိရသည်။

ထိန်ဝင်း(YGN)