ပျဉ်းမနား ပြည်ခိုင်ဖြိုးပါတီမှ ဘောလုံးကွင်းအသစ်တည်ဆောက်ရန် အလှူငွေထည့်ဝင်ပေးအပ်

 

ပျဉ်းမနားမြို့နယ် အောင်ဘိသိတ်ကျေးရွာအုပ်စု အောင်ဘိသိတ်ကျေးရွာတွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာပြီး ပြိုင်ပွဲများပါ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဘောလုံးအားကစားကွင်းအသစ် တည်ဆောက်လျက်ရှိရာ ယင်းဘောလုံးကွင်း တည်ဆောက်ရေးအတွက် အလှူငွေ ထည့်ဝင် လှူ ဒါန်းသည်။

အခမ်းအနားကို ယမန်နေ့ (၈-၁-၂၀၁၉)ရက်နေ့ မနက် ၁၁ နာရီအချိန်က ယင်းရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဧရာဝတီတိုင်းဒေသကြီး ပါတီကိုယ်စားပြု ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ

 

ပုသိမ်၊ ဇန်နဝါရီ ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ပထမအကြိမ် လွှတ်တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီတာဝန်ရှိသူများတွေ့ဆုံပွဲအား ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ်မှုဆောင်များ၊ ပါတီဗဟိုကော်မတီဝင်များ၊တိုင်းဒေသကြီးပါတီကော်မတီဝင်များနှင့် ပထမအကြိမ် လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ နှုတ်ခွန်ဆက်စကားပြောကြားခဲ့ပြီး တက်ရောက်လာသော ပထမအကြိမ်လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက်ပါတီဗဟိုအတိုင်ပင်ခံနှင်ပါတီဗဟိုအလုပ်မှုဆောင်များမှ ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ ဖျာပုံမြို့နယ်ရှိ မီးဘေးသင့် ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။

မိုးမိတ်​မြို့နယ်​ ပြည်​​ခိုင်​ဖြိုးပါတီ လပတ်​ပုံမှန်​အစည်းအ​ဝေးနှင့် ၂၀၁၈ခုနှစ်​အတွက်​ စည်းရုံး​ရေးအ​ကောင်းဆုံးဆု ချီးမြင့်ပွဲ ခမ်းအနားကျင်းပ

 

မိုးမိတ်​၊ ဇန်​န၀ါရီ (၇)ရက်

ယမန်နေ့ (7-1-2019 ) ရက်နေ့တွင်​ ရှမ်း/​မြောက်​ မိုးမိတ်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ၏ နှစ်​ပတ်​လည်​ အစည်းအ​ဝေး၊ဗဟိုအမျိုးသမီးညီလာခံ အေ​တွ့အကြုံရှင်းလင်းပွဲ​​​နှင့် စည်းရုံး​ရေး ထူးချွန်​ဆု​ပေးပွဲ အခမ်းအနားကို မြို့နယ်​ပါတီရုံး၌ မနက်​ (၉)နာရီမှ ​နေ့လည်​(၁)နာရီအထိ ကျင်းပခဲ့ပါသည်​။

တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ လစဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

(၈-၁-၂၀၁၉) ရက်နေ့ နံနက်(၁၀) နာရီအချိန်တွင် တာချီလိတ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်း ဦးဆောင်၍ ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ အတွင်ရေးမှူး ဦဟန်ဦး နှင့်ကော်မတီဝင်များ၊မြို့နယ်ပါတီအတွင်းရေးမှူး ဦးအောင်ဝင်းနှင့်ကော်မတီဝင်များ၊ ရပ်ကွက်ပါတီဥက္ကဌများသည် ပါတီ၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ

စစ်ကိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လပတ်ညှိနှိုင်းအစည်းအဝေးကျင်းပ

 

စစ်ကိုင်း၊ ဇန်နဝါရီ ။ ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စစ်ကိုင်းမြို့နယ်ကော်
မတီနှင့်ရပ်/ကျေးကော်မတီများ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အစည်းအဝေးကို စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး
နှင့်ဖွံ့ဖြိုးပါတီ ကော်မတီဝင် ဦးဝင်းတင့်၊ တိုင်းဒေသကြီးပါတီ အောင်နိုင်ရေးကော်မတီ ဦးဇေယျာမင်း။ ခရိုင်ပါတီဥက္ကဌ ဦးစိန်ခဲ၊ မြို့နယ်ပါတီဥက္ကဌ ဒေါ်ထားယုခိုင်၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေးဥက္ကဌများ စုစုပေါင်း ၈၅ ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အခမဲ့စက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

 

ဇန်နဝါရီ ၇

ကလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီအခမဲ့စက်ချုပ်သင်တန်း ဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက ကလော မြို့နယ် ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။

ယင်းသင်တန်းကို ကလောမြို့နယ် ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၄၈)အုပ်စုများ မှ သင်တန်းသူ ၅ဝ အား ၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၃ဝ ရက်မှ ယခုလ ၅ ရက် အထိ သုံးလကြာ သင်တန်းပေးသင်ကြား ခဲ့ခြင်းဖြစ်သည်။

ဒဂုံ(အရှေ့) ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်စိစစ်ခြင်းနှင့် ပါတီဝင်အသစ်များလက်ခံဆောင်ရွက်

 

ရန်ကုန် ဇန်နဝါရီ ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ်မှ မြို့နယ်ပါတီကော် မတီဥက္ကဋ္ဌဦးမြင့်ခိုင်ဦးဆောင်သော မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ ပါတီ ဥက္ကဋ္ဌများနှင့်ကော်မတီဝင်များက မြို့နယ်အတွင်းပါတီဝင်များ စိစစ် ခြင်းနှင့်ပါတီဝင်အသစ်များလက်ခံ ဆောင်ရွက်ခြင်းအား ယမန်နေ့နံနက် ၈နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်

 

တနင်္သာရီ ဇန်နဝါရီ ၇

တနင်္သာရီမြို့နယ် သကျက်ကျေးရွာ အုပ်စု တောင်ဘိန်းကွင်းသစ်ရွာ အခြေခံ ပညာမူလတန်းကျောင်း ကျောင်းဝင်း အတွင်း၌ ကျင်းပသည့် ပညာရေးစုံညီ ပွဲတော်သို့ တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုး ပါတီအဖွဲ့မှ ယမန်နေ့ည ၈ နာရီက သွား ရောက်ကာ ဆုများအသီးသီး ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

ပထမအကြိမ်လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးတက်ရောက်

 

ရန်ကုန်၊ ဇန်နဝါရီ ၇

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံဖြိုး​ရေးပါတီ ဗဟိုအတိုင်​ပင်​ခံများ၊ ပါတီကိုယ်​စားပြုလွှတ်​​တော်​ကိုယ်​စားလှယ်​​ဟောင်းများ၊ ပြည်​​ထောင်​စုဝန်​ကြီး(ငြိမ်း)များ၊ ပြည်​​ထောင်​စုဒုတိယဝန်​ကြီး(ငြိမ်း)များတွေ့ဆုံပွဲအား ရန်ကုန်မြို့ရှိ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးသန်း​ဌေးနှင့် ပါတီဗဟိုအလုပ်မှုဆောင်များတက်ရောက်ခဲ့ကြောင်းသိရသည်။


ပါတီတာဝန်ရှိသူများတိုက်ကြီးပြည်ခိုင်ဖြိုးပါတီရပ်ကျေးပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

တိုက်ကြီး၊ ဇန္နဝါရီ၊ ၃၊

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှုးဒေါက်တာစန်းစန်းနွယ်ပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်ရီဦးခင်မောင်စိုးတို့သည်တိုက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံပွဲကိုဇန္နဝါရီလ(၃)ရက်နံနက်(၁၀)နာရီကတွေ့ဆုံပွဲအခမ်းအနားကျင်းပခဲ့ကြောင်းသိရှိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှုးဒေါက်တာကျော်စိုးနှင့်တိုင်းပါတီကော်မတီဝင်များမြောက်ပိုင်းခရိုင်ပါတီဥက္ကဌနှင့်ခရိုင်ပါတီကော်မတီဝင်များတိုက်ကြီးမြို့နယ်ပါတီကော်မတီဥက္ကဌနှင့်မြို့နယ်ပါတီကော်မတီဝင်များရပ်ကျေးပါတီကော်မတီဝင်များတက်ရောက်ကြသည်။

အစီအစဉ်အရပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးခင်မောင်စိုးမှအမှာစကားပြောကြားရာတွင်ပြည်ခိုင်ဖြိုးပါတီသည်တောင့်တင်းခိုင်မာသည့်ပါတီဖြစ်ကြောင်းဘေးပြောစကားတွေမယုံဘဲသွေးပြောတာကိုယုံဖို့လိုကြောင်းမြို့နယ်တိုင်းတွင်ပြည်ခိုင်ဖြိုးပါတီများရှိကြောင်းသို့ဖြစ်၍ပါတီဝင်များသည်စိတ်ဓာတ်ပိုင်းဆိုင်ရာပြည့်ဝဖို့လိုအပ်ကြောင်းပြည်ခိုင်ဖြိုးပါတီသည်တို့တာဝန်အရေးသုံးပါးကိုထိမ်းသိမ်းစောင့်ရှောက်သည့်ပါတီဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ပါတီဗဟိုအတွင်းရေးမှုးဒေါက်တာစန်းစန်းနွယ်မှပါတီစည်းရုံးဆိုင်ရာလုပ်ငန်းဆိုင်ရာလုပ်ငန်းများပြောကြားရာတွင်ပါတီစည်းရုံးရေးရာလုပ်ငန်းများဆောင်ရွက်ရာတွင်စည်းရုံးရေးရာလုပ်ငန်းတစ်ခုတည်းတွင်တာဝန်ရှိခြင်းမဟုတ်ကြောင်းရေးရာအားလုံးသည်မိမိတို့ရေးရာအလိုက်လူငယ်အမျိုးသမီးအလုပ်သမားလယ်သမားခွဲခြားရန်မလိုဘဲစည်းရုံးရေးလုပ်ငန်းတွင်ပူးပေါင်းဆောင်ရွက်ကြဖို့လိုကြောင်းပြောကြားပြီးအမျိုးသမီးရေးရာကိစ္စရပ်များကိုပြောကြားသည်။

ထို့နောက်ပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းတာဝန်ခံဦးခင်ရီမှအမှာစကားပြောကြားရာတွင်တိုက်ကြီးမြို့နယ်သာမကပြည်ခိုင်ဖြိုးပါတီဝင်အားလုံးသည်၂၀၂၀ပါတီအောင်နိုင်ရေးလုပ်ငန်းဆောင်ရွက်ရာတွင်ပွဲပြီးမီးသေမဖြစ်ရန်လိုအပ်ကြောင်းပါတီဝင်များအားလုံးစည်းလုံးညီညွတ်ဖို့လိုကြောင်းပါတီစည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ရာတွင်အချက်အလက်များမှန်ကန်ဖို့လိုအပ်ကြောင်းပါတီ၏ရည်မှန်းချက်သည်ပါတီအောင်နိုင်ရေးဖြစ်ပြီးပါတီအောင်နိုင်မှုရရှိမှသာပြည်သူများ၏အကျိုးစီးပွားကိုဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်းပြောကြားသည်။

ထို့နောက်တက်ရောက်လာသည့်ရပ်ကျေးပါတီဝင်များအားရင်းရင်းနှီးနှီးနှုတ်ဆက်၍အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

ထိန်ဝင်း(YGN)