စစ်ရှောင်များနေရပ်ပြန်ရန် တိကျသည့်သဘောတူမှုမရှိသေး၍ မိုင်းရှင်းလင်းရေး မဆောင်ရွက်ရသေး

စစ်ရှောင်များ နေရပ်ပြန်ရေး တိကျသည့် သဘောတူဆုံးဖြတ်မှု မရှိသေးသဖြင့် မိုင်းရှင်းလင်းရေး မလုပ်ဆောင် ရသေးကြောင်း ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကပြောသည်။ တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) အကြား ၂၀၁၁ ဇွန်လကစ၍ ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများကြောင့် ဒေသခံပြည်သူတစ်သိန်း နှစ်သောင်းကျော် သည် ကချင်နှင့် ရှမ်းပြည်နယ်ရှိ စစ်ဘေးရှောင် စခန်း ၁၆၀ ကျော်တွင် ခိုလှုံနေရကြောင်း ဒေသတွင်း လူမှုအဖွဲ့အစည်းများက ခန့်မှန်းသည်။ အရပ်ဘက် အဖွဲ့အစည်းများ၏ စာရင်းအရ အစိုးရထိန်းချုပ်နယ်မြေတွင် စစ်ဘေးဒုက္ခသည် ငါးသောင်းကျော်ရှိပြီး KIO ထိန်းချုပ်နယ်မြေတွင် စစ်ဘေးဒုက္ခသည် ခုနစ် သောင်းခန့်ရှိသည်။

UWSA အဖွဲ့၏ ငြိမ်းချမ်းရေးနှစ်(၃၀)ပြည့်ပွဲသို့ တရုတ်အထူးကိုယ်စားလှယ်တက်ရောက်မည်

‘၀’လက်နက်ကိုင်အဖွဲ့ (UWSA)၏ ငြိမ်းချမ်းရေးနှစ်(၃၀) ပြည်ပွဲတော်သို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်  မစ္စတာဆွန်းကော်ရှန်း တက်ရောက်မည်ဖြစ်ကြောင်း UWSA လားရှိုးဆက်ဆံ ရေးရုံးတာဝန်ခံဦးညီရန်းက ပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက UWSA ခေါင်းဆောင်များနှင့် တရုတ် အထူးကိုယ်စားလှယ်တို့ ‘၀’ ဒေသ၌ တွေ့ဆုံစဉ်လာမည့် ဧပြီလလယ်တွင်ကျင်းပမည့် UWSA နှစ်(၃၀) ပြည့်ပွဲတော်သို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ပြီး မစ္စတာဆွန်းကော်ရှန်းကလည်း တက်ရောက်မည်ဟု ပြောကြား  ကြောင်း ​၎င်းကဆိုသည်။

တန့်ဆည်ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပပြုလုပ်

 

ဇန်နဝါရီ ၈ ရက် ၂၀၁၉

ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဆိုင်းဘုတ်တင်ပွဲအား တန့်ဆည်မြို့နယ် တုတ္တလုပ်ကျေးရွာအုပ်စု တုတ္တလုပ်(မ) ရွာ၌ကျင်းပပြုလုပ်။

အဆိုပါ` ဆိုင်းဘုတ်တင်ပွဲသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာကျော်ကျော်ဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသော ဦးသန့်စင်ဝင်း ဦးစိုးကြည် ဦးဝင်းဇော် ဦးဖိုးကျော်တို့တက်ရောက်ကြ၍ ကျေးရွာရပ်မိရပ်ဖများနှင့်နိုင်ငံရေး စီးပွားရေး လူမှုရေးများဆွေးနွေးနှီးနှောဖလှယ်ကြပြီးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့သည်။

ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မီးသတ်သင်တန်းဖွင့်ပွဲတက်ရောက်

 

ပန်းတနော် ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် အရန် မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂ဝ၁၉)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ မြို့ပေါ်ရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ပန်းတနော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်းသန်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြစ်သားမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပုံမှန်အစည်းအဝေးကျင်းပ

 

မြစ်သား ဇန်နဝါရီ ၈

မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရပ်/ကျေးပုံမှန်အစည်းအဝေး ကို ယမန်နေ့ နံနက် ၉နာရီက ပြည် ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မင်္ဂလာဒုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးပါတီဝင်များနှင့်တွေ့ဆုံညှိနှိုင်းစည်းဝေး

 

ရန်ကုန် ဇန်နဝါရီ ၈

မင်္ဂလာဒုံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ် ပါတီရုံးအစည်းအဝေးခန်းမ၌ ယမန် နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပါတီ ဝင်များနှင့် ရပ်/ကျေးပါတီဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးပွဲကို ကျင်းပခဲ့သည်။

အဆိုပါ တွေ့ဆုံညှိနှိုင်းအစည်း အဝေးပွဲသို့ မင်္ဂလာဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ ဦးစိုးမင်းနှင့် ရပ်/ ကျေးပါတီဝင်များ စုံလင်စွာတက် ရောက်ခဲ့ကြပြီးရှေ့လုပ်ငန်းစဉ်များ ကိုရှင်းလင်းပြောကြားခဲ့သည်။

ရန်ကုန်တိုင်းပြည်ခိုင်ဖြိုး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်

 

ရန်ကုန် ဇန်နဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မဇ္စျိမ ဂုဏ်ရည်မဟာစည်တောရကျောင်းတိုက် ဆရာတော် နှင့် စာချစာသင်သံဃာတော်များအား ရန်ကုန်တိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ယမန်နေ့နံနက် ၁ဝ နာရီတွင် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။

အဆိုပါ နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပွဲသို့ ရန်ကုန် တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီကိုယ်စား လှည်းကူး မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးမြတ်စိုးနှင့် မြို့နယ် ကော်မတီဝင်များတက်ရောက်၍ ဆက်ကပ်လှူဒါန်း ကြသည်။

ခရီးသွားစဉ် အခက်အခဲကြုံနေသူကို မြို့နယ်ပါတီဥက္ကဋ္ဌ ထောက်ပံ့ကူညီ

 

ကျောက်တံခါး ဇန်နဝါရီ ၈

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်ဆန်းဦးသည် ယမန်နေ့ နံနက်ပိုင်းက ခရီးသွားလာစဉ် မျက်စိလည်လမ်းမှား၍ စရိတ်ပြတ်နေသော မွန်ပြည်နယ်ဘီးလင်းမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်သူ ဦးစိုးဝင်း (၅၆နှစ်)သည် မြို့နယ်ပါတီရုံးသို့ လာရောက်၍ တင်ပြအကူအညီ တောင်းခဲ့သဖြင့် ခရီးသွားလာမှုအဆင်ပြေစေရန်အတွက် မြို့နယ် ပါတီဥက္ကဋ္ဌဖြစ်သူက လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

မုံရွာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

မုံရွာ။ ဇန်​နဝါရီ ၈ ။

မုံရွာမြို့နယ်ပြည်ထောင်စုကြံ့ခိုင် ရေး နှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင်မြို့နယ်ပါတီရုံးခန်းမ၌ကျင်းပ ပြုလုပ်ခဲ့ရာဗဟိုအလုပ်အမှုဆောင်တိုင်းဒေသ ကြီးပါတီဥက္ကဌဒေါက်တာ မြင့်သိန်း၊ တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦး၊ တိုင်းပါတီကော်မတီဝင် ​ဒေါ်ညွှန့့်​ညွှန့်​ဋ္ဌေး၊မုံရွာခရိုင်တာဝန်ခံ ဒေါ်ကြူမိုးသန့်​၊မုံရွာခရိုင် ပါတီ ဥက္ကဋ္ဌ ဦး​အောင်တိုး၊ခရိုင်ကော်မတီ ဝင်များ ၊ ​မုံရွာမြို့နယ် ပါတီဥက္ကဌ ဦး​​ကျော်​ဝင်း ၊ မြို့နယ်ပါတီကော်မတီဝင် များ၊ အရံကော်မတီဝင်များ ၊ ရပ်​ကွက်​နှင့်​​ကျေးရွာပါတီဥက္ကဋ္ဌများ တတ်ရောက်ခဲ့ ကြပါသည်။

မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

 

ချောင်းဦး၊ ဇန်နဝါရီ-၈

ယမန်နေ့ (၈-၁-၂၀၁၉ )ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် ချောင်းဦးမြို့နယ်ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း ၊တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦး၊
တိုင်းပါတီကော်မတီဝင် ဒေါ်ညွန့်ညွန့်ဌေး၊ ခရိုင်၊ မြို့နယ်ပါတီဥက္ကဌများ၊ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဥက္ကဌများ တက်ရောက်ခဲ့ကြပါသည်။

စစ်ကိုင်းတိုင်းပြည်ခိုင်ဖြိုးပါတီ