နှစ်(၇ဝ)ပြည့် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ စုပေါင်းသွေးလှူဒါန်းပွဲကို ဖေဖော်ဝါရီ (၁၁) ရက် နံနက် ၁ဝ နာရီက ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အမျိုးသားသွေးဌာနတွင် ကျင်းပပြုလုပ်ရာ ပါတီဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးသာဝင်း၊ တိုင်းဒေသကြီး ဗဟိုကော်မတီဝင် ဦးတင်လှိုင်၊ ရန်ကုန်တောင်ပိုင်းခရိုင် ပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မင်းနှင့် ခရိုင်ကော်မတီဝင်များ၊ တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များမှ ပါတီ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ သွေးလှူဒါန်းသူ အလှူရှင်များ စုစုပေါင်း ၁၂ဝ တက်ရောက်ကြသည်။