အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးအစည်းအဝေးခန်းမ၌ တိုင်း/ခရိုင်/ မြို့နယ် ပါတီကော်မတီဝင်များ တွေ့ဆုံ

 

(9.5.2017) နေ့ နေ့လည် (1:30) အချိန်၌ အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး အစည်းအဝေးခန်းမ၌ တိုင်း- ခရိုင်- မြို့ နယ်ပါတီ ကော်မတီဝင်များ တွေ့ဆုံခဲ့ကြပါသည်။

လမ်းမတော်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဝင်စိစစ်ရေးနှင့် ပါတီဝင်သစ်စည်းရုံးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်များသည် ပါတီဝင်စိစစ်ခြင်း၊ ပါတီ နှစ်စဉ်ကြေးကောက်ခံခြင်း၊ ပါတီဝင်သစ်များစည်းရုံးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ညနေ၅နာရီခွဲက မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်သက်ထားလှိုင်၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ရပ်/စည်းအမှုဆောင်များသည် အမှတ်(၆)ရပ်ကွက်သို့သွားရောက်၍ ပါတီဝင်စိစစ်ခြင်း၊ ပါတီနှစ်စဉ်ကြေးကောက်ခံခြင်း၊ ပါတီဝင်အသစ်များစည်းရုံးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးသန့်(လမ်းမတော်)


မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီးမြောက် ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို မြို့နယ်ပါတီကော်မတီ များနှင့် (၁၉)ရပ်ကွက်စည်းရုံးရေး မှူးများ တွေ့ဆုံညှိနှိုင်းမှုပြုလုပ် သည့်အစည်းအဝေးကို မြောက် ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးတွင်ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်ကအဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အတွင်းရေး မှူးဦးဝင်းကြိုင်က လက်ရှိပါတီဝင် စိစစ်ပြီးစီးမှု အခြေအနေနှင့်ဘဏ္ဍာ ရေးမှူးဦးသန်းထိုက်က ငွေကြေး သုံးစွဲမှု၊ စည်းရုံးတာဝန်ခံ ဦးအေး မင်းဇော်က ပါတီဝင်စိစစ်ရင်းပါတီ ဝင်အသစ်ရရှိအောင်စည်းရုံးနိုင် ရေးဆွေးနွေးပြီး ရပ်ကွက်အလိုက် ပြန်လည်ဆွေး နွေးမှုပြုလုပ်ကာ အစည်းအဝေးကို ညနေ ၄ နာရီခွဲ တွင် ပြီးမြောက်ခဲ့ကြောင်း သိရ သည်။

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆင်ခြံကျေးရွာအုပ်စုကျေးရွာခွဲများတွင် ပါတီဝင်အင်အားစိစစ်ခြင်းလုပ်ငန်းကွင်းဆင်းဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် မြို့နယ်ပါတီကော်မတီဝင် တော်လ တီဒေသတာဝန်ခံဦးမြင့်ရွှေ၊မြို့နယ် လူငယ်ရေးရာပါတီကော်မတီဝင် ကိုသန်းနိုင်တို့ ဦးဆောင်ပြီး ယမန်နေ့နံနက် ၉ နာရီမှစတင်၍ တော်လတီဒေသ ဆင်ခြံကျေးရွာ အုပ်စုမွတ်သားကျေးရွာနှင့် အုတ်ဖို စုကျေးရွာများသို့ သွားရောက်ကာ ပါတီဝင်အင်အားစိစစ်ခြင်း၊ ပါတီ ဝင်နှစ်စဉ်ကြေးပေးသွင်းနိုင်ရေး ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် ပါတီ ဝင်အင်အားသစ်များ စည်းရုံးခြင်း တို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ တွင် တော်လတီဒေသတာဝန်ခံများ နှင့်အတူ ဆင်ခြံကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီနာယကဦးသောင်း ဟန်၊ ပါတီစည်းရုံးရေးမှူး ဦးလှရွှေ၊ ဒုစည်းမှူး ဦးအောင်ကျော်ဝင်း၊ ရပ်/ကျေး ပါတီကော်မတီဝင် ဦးကျော်ဆန်းဦး၊ဦးအောင်မျိုးမင်း၊ တော်လတီစံပြကျေးရွာ ပါတီ စည်းရုံးရေးမှူး ဦးခင်မောင်စိုးနှင့် အမျိုးသမီးလူငယ်အဖွဲ့၊ သတင်း မီဒီယာတာဝန်ခံ ဦးတင်မောင်ဇော် တို့က အတူပူးပေါင်းလိုက်ပါ ဆောင်ရွက်ခဲ့ကြသည်။

တွံတေးပြည်ခိုင်ဖြိုးပါတီ နွေရာသီမြန်မာ့ရိုးရာသိုင်းသင်တန်းဆင်းပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီးတွံတေး မြို့နယ်ပြည်ခိုင်ဖြိုးပါတီ နွေရာသီ မြန်မာ့ရိုးရာသိုင်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်၉နာရီ တွင်မြို့နယ်ပါတီရုံး၌ပြုလုပ်ခဲ့သည်။ သင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာ သိန်းဇော်မြင့်၊ မြို့နယ်ပါတီကော် မတီဝင်ဦးမင်းနိုင်၊ ဦးမြသောင်း၊ ဦးကျော်မျိုးနိုင်၊ ဦးမျိုးမင်းအောင်၊ ဒေါ်ယုဇနဝင်း၊ မြို့နယ်ကော်မတီ ဝင်များနှင့် ရပ်/စည်းများတက် ရောက်ကြသည်။
ထို့နောက် သင်တန်းဆင်းပွဲ တွင်မြို့နယ် ပါတီဥက္ကဋ္ဌက အမှာ စကားပြောကြားပြီးသင်တန်းဆရာ များ၊ ထူးချွန်သင်တန်းသားတို့ကို ဂုဏ်ပြုဆုများပေးအပ်ကာသင်တန်း သားများအား သင်တန်းဆင်းလက် မှတ်များပေးအပ်သည်။ သင်တန်း သားတစ်ဦးကကျေးဇူးတင်စကား ပြောကြားပြီး သရုပ်ပြကပြကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံပြည်ခိုင်ဖြိုးပါတီဝင်အင်အား ကျစ်လျစ်ရေးကွင်းဆင်းဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ ပါတီဝင်အင်အားကျစ်လျစ်ခိုင်မာရေးအတွက် ပါတီဝင်အင်အား စိစစ်ရေး၊ ပါတီဝင်သစ်များစည်းရုံးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်အပိုင် ပဲခူးလမ်းရပ်ကွက်သို့ ခရိုင်ပါတီကော်မတီဝင် (နယ်မြေတာဝန်ခံ) ဦးမျိုးဇော်၊ မြို့နယ်အတွင်းရေးမှူး ဦးမျိုး မင်းနိုင်၊ မြို့နယ်ကော်မတီဝင်များ၊ နယ်မြေတာဝန်ခံများ၊ ရပ်/ကျေး ပါတီဝင်များပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခင်စန္ဒီလင်း(မင်္ဂလာဒုံ)

သာကေတပြည်ခိုင်ဖြိုးပါတီဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းသားများအား အာဟာရဒါနလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ (၇/အရှေ့)ရပ်ကွက် သာသနသဟာယဓမ္မာရုံမှ ကြီးမှူးကျင်းပသည့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတက်ရောက်နေသည့် သင်တန်းသား ၆ဝ အတွက် မေလ ၇ ရက် မွန်းလွှဲ ၁ နာရီ ၃ဝ မိနစ်က သာကေတ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးညွန့်ဖေနှင့် မြို့နယ်ပါတီကော်မတီဝင်များ ရပ်စည်းအမှုဆောင်များမှ တန်ဖိုးငွေကျပ် ၆၃၁၆ဝ ရှိအချိုရည်နှင့် မုန့်များကို သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

တိုက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အဖျောက်ဒေသကျေးရွာ အုပ်စုများသို့ ပါတီဝင်အင်အားစိစစ်ခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်ဦးဆောင်၍ ယမန် နေ့ နံနက် ၉နာရီခွဲမှစတင်ကာ အဖျောက်ဒေသ မိုးကုလား၊ အင်း တရာနှင့် ချောင်းသုံးခွကျေးရွာ အုပ်စုများသို့ ပါတီဝင်အင်အား စိစစ်ခြင်း၊ ပါတီနှစ်စဉ်ကြေးကောက် ခံခြင်း၊ပါတီဝင်သစ်များစည်းရုံးခြင်း လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့ သည်

မြောက်ဥက္ကလာပမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပုရွက်ဆိတ်ကုန်းရပ်ကွက်တွင် ပါတီဝင်စိစစ်ခြင်း ကွင်းဆင်းဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီကော်မတီစည်းရုံးရေးရာ တာဝန်ခံဦးအေးမင်းဇော်၊ မြို့နယ်ကော်မတီဝင်ဦးသန်းဦး၊ ပုရွက်ဆိတ် ကုန်းရပ်ကွက်တာဝန်ခံဒေါ်ရီရီမြင့်နှင့် ပါတီအမာခံကေဒါများက ပါတီ ဝင်များနှင့်ထိတွေ့၍ ပါတီဝင်စိစစ်ခြင်း၊ ပါတီဝင်ကြေး၊ နှစ်စဉ်ကြေး ကောက်ခံခြင်းများကို ယမန်နေ့က ပုရွက်ဆိတ်ကုန်းရပ်ကွက်သို့ တစ်အိမ်တက်ဆင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အေးမင်းဇော်(မြောက်ဥက္ကလာ)