ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကျောက်တံတားမြို့နယ် ပါတီရုံး၌ မေလ (၁၄) ရက် မွန်းလွဲ ၃ နာရီတွင် ခရိုင်/မြို့နယ်/ရပ်ကွက် ကော်မတီဝင်များ တွေ့ဆုံပွဲကို ကျင်းပခဲ့ရာ အနောက်ပိုင်းခရိုင်ပါတီ ကော်မတီဝင် (မြို့နယ်တာဝန်ခံ) ဒေါ်စန်းစန်းဝင်း(၂)နှင့် မြို့နယ် ပါတီဥက္ကဋ္ဌ၊အတွင်းရေးမှူး မြို့နယ် ကော်မတီဝင်များ၊ မြို့နယ်အရန ကော်မတီဝင်များ၊ ရပ်ကွက်ကော်မတီဝင်များ တက်ရောက်သည်။




