ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်သောဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် အောက်တိုဘာ ၂ဝ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုရေးပါတီရုံးတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီ တွင် ရခိုင်အရေးနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီကိုယ်စားပြု အောက်မြန်မာပြည် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲမှ အမှာစကား ကောက်နုတ်ချက်များ

(၁) လွှတ်တော်များ၏အခန်းကဏ္ဍကို မဲဆန္ဒရှင်ပြည်သူများက မေးခွန်းထုတ်နေကြပြီ။

(၂) မိမိတို့ပါတီက ကိုယ်စားလှယ်များ၊ ပြည်သူ့ကိုယ်စားလှယ်ဟူသောဂုဏ်ပုဒ်နှင့်အညီ အလုပ် လုပ်ကြ၊ ကျင့်ဝတ်နှင့်အညီ နေထိုင်ကြ။
(၃) မိမိတို့ကိုယ်စားလှယ်ရွေးချယ်ခြင်းမခံရသော နယ်မြေရှိ ပြည်သူများ၏ဆန္ဒနှင့်အခက်အခဲများကိုလည်း သိအောင်လုပ်၊ လွှတ်တော်မှာ ဆွေးနွေးပေးကြ။
(၄) အပြန်အလှန်ထိန်းကျောင်းမှုဟန်ချက်ပျက်နေသော လွှတ်တော်အရပ်ရပ်တွင် ဒီမိုကရေစီတန်ဖိုးများ ပြန်လည်အသက်ဝင်ရေးအတွက် မိမိတို့ကိုယ်စားလှယ်များက ရှိသည့်   အင်အားဖြင့် မဆုတ်မနစ်ကြိုးပမ်းကြ။
(၅) ဘင်္ဂါလီများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များကို မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာပြီး အမျိုးသားရေးသတိ အစဉ်ရှိကြ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ အောက်မြန်မာပြည် တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ

ရန်ကုန် အောက်တိုဘာ ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်(ရန်ကုန်) အစည်းအဝေး ခန်းမ၌ ပါတီကိုယ်စားပြု အောက်မြန်မာပြည် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ် များနှင့် တွေ့ဆုံခဲ့သည်။

ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြသင်တန်း (၁/၂၀၁၇) ဖွင့်လှစ်

ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် ရန်ကုန်မြောက်ပိုင်း ခရိုင်ပြည်ခိုင်ဖြိုးပါတီက ကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း (၁/၂၀၁၇ ) ဖွင့်ပွဲအခမ်းအနား အစီအစဉ် အား ယမန်နေ့ ၁၈.၁၀.၂၀၁၇ ရက်နေ့ ၀၈း၃၀ နာရီတွင် ရန်ကုန်မြောက်ပိုင်းခရိုင် ပါတီရုံး၌ ကျင်းပခဲ့ပါသည်။

သာကေတပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးနှင့် ရခိုင်ပြည်နယ်အရေး ဆွေးနွေးပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ ကော်မတီရုံးတွင် ယနေ့နံနက်၁ဝနာရီက ယနေ့ဖြစ် ပေါ်နေသော နိုင်ငံရေးအခြေအနေများနှင့် ရခိုင်ပြည်နယ် အရေးဆွေးနွေးပွဲ အခမ်းအနားကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင် ဦးတင်အောင်၊ တိုင်းဒေသကြီးကော်မတီဝင် ဒေါ်အေးအေး မြင့်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် ခရိုင်ပါတီ ကော်မတီ ဝင်များ၊ မြို့နယ်ပါတီနာယကအဖွဲ့နှင့် အကြံပေးအဖွဲ့ဝင် များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်စည်းအမှုဆောင်များ၊ အမျိုးသမီးရေးရာအဖွဲ့များ တက် ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဖြိုးစေတနာ အခမဲ့ဆေးခန်း ဖွင့်လှစ်

 

ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ရန်​ကုန်​ အ​ရှေ့ပိုင်းခရိုင်​ ဒဂုံမြို့သစ်​​မြောက်​ပိုင်းမြို့နယ်​ မှ ယ​နေ့ (13-10-2017) ​နေ့မှစ၍ ** ဖြိုး​စေတနာ ** သွားနှင့်​ခံတွင်း အခမဲ့ ​ဆေးခန်း ကိုစတင်​ဖွင့်​လှစ်​ခဲ့ပါသည်​။ အဆိုပါ ​ဆေးခန်းတွင်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​​ဒေါက်​တာ​ဇော်​လင်းပြုံး မှ အပတ်​စဉ်​ တနင်္လာ ​နေ့နှင့်​ ​သောကြာ​နေ့ များတွင်​ နံနက်​ ၉နာရီမှ ​နေ့လည်​ ၁၂နာရီအထိ တစ်​ရက်​လျှင်​ လူနာ (၅၀) ဦးအား လက်​ခံကုသ​ပေးသွားမည်​ဖြစ်​​ကြောင်း သိရှိရပါသည်​။

၂ဝ၁၆-၂ဝ၁၇ခုနှစ် စာအောင်သံဃာတော်များကို ဆုချီးမြှင့်ပွဲနှင့် ဆွမ်းဆန် စိမ်းလောင်းလှူပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ တောင်ညွန့်မြို့နယ် ကန်/တောင် ရပ်ကွက် ထီးတန်းဓမ္မာရုံကြီးတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှဦးဆောင် ၍ ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ၂ဝ၁၆-၂ဝ၁၇ ခုနှစ် စာအောင် သံဃာတော်များအား ဆုချီးမြှင့်ပွဲ နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပခဲ့သည်။

ယင်းအခမ်းအနားတွင် နိုင်ငံ တော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာ တော် ဘဒ္ဒန္တဦးဥက္ကံသထံမှ ငါးပါး သီလခံယူဆောက်တည်ကြသည်။ ၄င်းနောက် မင်္ဂလာတောင်ညွန့်မြို့ နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဝင်း လှိုင်မှ သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ထုလှုပ်ရှားမှုအဖြစ် သန့်ရှင်းရေး ဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် လူငယ်ထု လှုပ်ရှားဆောင်ရွက်မှုအဖြစ် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် တော်လတီဒေသ တော်လတီကျောင်းကြီးကျောင်းဝင်းအတွင်း ဘုရား၊ စေတီ၊ တန်ဆောင်းနတ်လမ်းများအား သန့်ရှင်းရေးများပြုလုပ်ကာ ကုသိုလ်ယူဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါ လူငယ်ထုလှုပ်ရှားဆောင်ရွက်မှုအား တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်ရေးရာတာဝန်ခံ ကိုဟင်နရီသိန်းနှင့် လူငယ်၊ အမျိုးသမီးအဖွဲ့တို့ကဦးဆောင်ပါဝင်ပြီး ယမန်နေ့ မွန်းလွဲ ၂ နာရီမှ စတင်ကာ မွန်းလွဲ ၃ နာရီခွဲအထိ ကုသိုလ်ယူဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှည်းကူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လူငယ်များနေ့ဂုဏ်ပြု သန့်ရှင်းရေးလုပ်အားပေး

 

ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်ပြည်ခိုင် ဖြိုးလူငယ်အဖွဲ့သည် ယမန်နေ့နံနက် ၇ နာရီမှ ၁ဝ နာရီအထိ ကမ္ဘာ့လူငယ်များနေ့ကို ဂုဏ်ပြုသည့် လူငယ်လှုပ်ရှားမှုအနေဖြင့် ကျွန်းကုန်းမြသိန်းတန် ဘုရားတွင် မြို့နယ်ပါတီအတွင်းရေးမှူးဦးကျော်စိုးဝင်း ဦးဆောင်၍လူငယ်အင်အား၅ဝဖြင့် ဘုရားပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်အားပေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

တင်အောင်(လှည်းကူး)


အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ စိုက်ပျိုးပြီးသစ်ပင်များထိန်းသိမ်းစောင့်ရှောက်

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ ခရိုင်လူငယ်တာဝန်ခံ ဒေါ်ယဉ်ချောလှိုင်၊ အရှေ့ပိုင်းခရိုင်မှ လူငယ်တာဝန်ခံများ        စုပေါင်း အင်အား ၈ဝ သည် ယမန်နေ့နံနက် ၉ နာရီမှစတင်၍ ဒဂုံအရှေ့ ပိုင်းမြို့နယ် ကျန်စစ်သားလမ်းမဝဲယာတစ်လျှောက် စိုက်ပျိုးပြီး ခရေပင်အပင် ၁ဝဝဝ အားရေရှည်အပင်ရှင်သန်ကြီးထွားစေရန်နှင့် သဘာဝအပူဒဏ်ကာကွယ်စေရန် တတိယအကြိမ် မြက်နုတ်၊ ပေါင်းသင်ခြင်းလုပ်ငန်များဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။