အာင်မြေသာယာရွှေစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ ====================================

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အောင်မြေသာယာရွှေစေတီတော်မြတ်ကြီးတွင် (၂၄)ကြိမ်မြောက် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်အပါး ၁၆၅ ပါးတို့အား     ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ ၃ နာရီ တွင် ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲကျင်းပ ခဲ့ကြောင်း သိရသည်။

မြင့်သိန်း(လှိုင်သာယာ)


သာကေတမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးသင်တန်းအမှတ်စဉ်(၂)ဖွင့်လှစ်

 

သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၂)ဖွင့်ပွဲကို ယနေ့ မွန်းလွဲ ၁နာရီတွင် သာကေတမြို့ နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီဝင် ဦးကျော်စိုး၊ ခရိုင်ပါတီကော်မတီ ဝင်အောင်ကျော်မိုး၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးညွှန့်ဖေနှင့် မြို့နယ်ကော် မတီဝင်များ၊ သင်တန်းသားသင် တန်းသူများ တက်ရောက်ကြ သည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေး တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Peace and Development ဖောင်ဒေးရှင်းဒုတိယအထွေထွေအတွင်းရေးမှူးချုပ်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Peace and Development ဖောင်ဒေးရှင်း ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Madam Yu Xiaoxuan ခေါင်းဆောင်သည့် အဖွဲ့ဝင်ကိုးဦးပါ ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးက ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်      ဖွံ့ဖြိုးရေးပါတီဌာနချုပ် (ရန်ကုန်)တွင် လက်ခံတွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံရာတွင် China Peace and Development ဖောင်ဒေးရှင်း၏ ပရဟိတလုပ်ငန်းများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ချစ်ကြည်ရေးတိုးမြှင့်ရန်နှင့် ပူးပေါင်းဆောင်ရွက်  ရေးလုပ်ငန်းများကို နှစ်ဖက်အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

ဒဂုံ​မြောက်​ ပြည်​ခိုင်​ဖြိုးပါတီ မြန်​မာ့ရိုးရာထမင်းနဲပွဲဆင်​နွှဲကျင်းပ။

 

ရန်​ကုန်​တိုင်း​ဒေသကြီး ဒဂုံမြို့သစ်​ ​မြောက်​ပိုင်း မြို့နယ်​ ပြည်​ခိုင်​ဖြိုး ပါတီမှ နှစ်​စဉ်​ကျင်းပပြုလုပ်​​နေကြဖြစ်​​သော မြန်​မာ့ရိုးရာထမင်းနဲပွဲကို ယ​နေ့ည​နေ၄နာရီက မြို့နယ်​ ပါတီရုံး၌ ရပ်​ကွက်​ ​ပေါင်း  (၂၇)ရပ်​ကွက်​မှ အုပ်​စု (၄)စုခွဲ၍ ​ပျော်​ရွှင်​စွာဖြင့်​ ပြိုင်​ပွဲဝင်​ဆင်​နွှဲခဲ့ကြပါသည်​။ ဆုရရှိသည့်​ရပ်​ကွက်​များအား မြို့နယ်​ ပါတီဥက္ကဌဦးခင်​​မောင်​​ဇော်​နှင့်​ မြို့နယ်​ ပါတီ အတွင်း​ရေးမှူး ဦးသန်းစိုး တို့မှ ဆုများချီးမြှင့်​ခဲ့​ကြောင်း သိရှိရပါသည်​။
# Mlyl

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အလင်းရောင်ဖောင်ဒေးရှင်းစာသင်ဆောင်ဆောက်လုပ်မှုစတင်

ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီ အလင်းရောင်ဖောင် ဒေးရှင်းနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်းတို့ပူးပေါင်း ၍ မှော်ဘီ၊ တိုက်ကြီးနှင့်              ထန်းတပင်မြို့နယ်များတွင် အလျားပေ၆ဝ၊ အနံပေ ၃ဝရှိ စာသင်ဆောင်ကိုး ဆောင် ဆောက်လုပ်လှူဒါန်းရန် အတွက် စတင်ဆောင်ရွက်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီက          မှော်ဘီမြို့နယ် နတ်ရဲ ကွင်းကျေးရွာတွင် ကျင်းပကြောင်း သိရသည်။

သာကေတပြည်ခိုင်ဖြိုး ဆွမ်းဆန်စိမ်းလောင်းလှူ

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့် မြို့နယ် ပါတီကော်မတီဝင်များသည် ယခုလ၂၈ ရက် ညနေ၄နာရီကသာကေတမြို့နယ်ကျက်သရေဆောင် (၁ဝ၈)တောင်စွယ်တော်မြတ်စေတီတော်ကြီး၏ (၅၄)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဆွမ်းဆန်တော်များလှူဖွယ်ဝတ္ထုပစ္စည်းများ စုပေါင်း လောင်းလှူခဲ့ကြကြောင်း သိရသည်။

TKA(သာကေတ)


ပါတီဗဟိုအလုပ်အမှုဆောင်အား တရုတ်ဧည့်အဖွဲ့လာရောက်တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးသို့ ယနေ့ ညနေ ၄ နာရီက တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ကမ္ဘာလုံးဆိုင်ရာ လူမှုသိပ္ပံသုတေ သနလေ့လာရေးအဖွဲ့မှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံဦးခင်ရီ ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ပါဒကြီးစံပြကျေးရွာရှိ ပါဒကြီးငါးထပ်ဘုရားအာရုံခံ တန်ဆောင်းအတွင်း၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာများမှ စည်းရုံးရေးမှူးများ၊ ပါတီဝင်များတွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။

သာကေတပြည်ခိုင်ဖြိုး ဆုရကျောင်းသားများ ဆုချီးမြှင့်

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးညွန့်ဖေနှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်စည်းအမှုဆောင် များသည် ယမန်နေ့နံနက် ၁၁ နာရီက သာကေတမြို့နယ် (၇)အရှေ့ ရပ်ကွက်အခြေခံပညာမူလတန်းကျောင်းအမှတ်(၁၃)မှ ပညာရည်ချွန် ဆုရရှိခဲ့ကြသည့် ကျောင်းသားကျောင်းသူ ၄၂ဦးအား ငွေကျပ် ၁၂၅ဝဝဝတန်ဖိုးရှိ ဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊ ခဲဖျက်စသည့်        စာရေး ကိရိယာများကို ဆုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

လှည်းကူးပြည်ခိုင်ဖြိုး နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွါး)သင်တန်း အမှတ်စဉ်(၂)ဖွင့်လှစ်

 

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီးတိုက်နယ် ကျေးရွာအုပ်စု အမှတ်(၁)ရှေ့တန်း ရုံးခန်းမ၌ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းအမှတ်စဉ်(၂) ကို ယနေ့ နံနက် ၈ နာရီက ဖွင့်လှစ်ကြောင်း သိရသည်။