မရမ်းကုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နွေရာသီအင်္ဂလိပ်စာသင်တန်းဖွင့်

 

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး ၍ နွေရာသီအင်္ဂလိပ်စာ (Basic Grammar Sunmer Camp) သင်တန်း(၁/၂ဝ၁၈)ဖွင့်ပွဲကို ယမန်နေ့ ညနေ ၅ နာရီက မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက် (၁)လမ်းရှိရပ်ကွက်ပြည်ခိုင်ဖြိုး ရုံးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးမင်းသိန်းထွန်း တက်ရောက်အမှာစကား ပြောကြားသည်။

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကယားလီအမျိုးသားလူငယ်ညီလာခံကျင်းပနိုင်ရေးအတွက် အလှူငွေပေးအပ်ခြင်း

 

(၂၀-၂-၂၀၁၇)ရက်နေ့၊နေ့လည်(၂း၃၀)နာရီတွင်ကယားပြည်နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ပြည်နယ်ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ ကယားလီအမျိုးသားလူငယ်ညီလာခံကျင်းပနိုင်ရေးအတွက် ကယားအမျိုးသားလူငယ် ဦးပိုးရယ်ခူးတလေထံ အလှူငွေကျပ်(၁)သိန်းတိတိ ပေးအပ်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိသည်။

Crd;


ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းတာဝန်ခံ ပါတီစည်းရုံးရေးလုပ်ငန်းစဉ်များ ဆွေးနွေးလမ်းညွှန်မှာကြား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီရုံးအစည်းအဝေး ခန်းမဆောင်၌ ပါတီစည်းရုံးရေးလုပ်ငန်းစဉ်များ ဆွေးနွေးလမ်းညွှန်မှာကြားခြင်းအား ယနေ့နံနက် ၁ဝနာရီ ၁ဝ မိနစ်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းအခမဲ့ပို့ချ

 

မရမ်းကုန်းမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှမြို့ နယ်အတွင်းရှိကျောင်းသားကျောင်း သူများအတွက် နွေရာသီအခြေခံ အင်္ဂလိပ်စာ(Basic Grammer Summer Camp)သင်တန်းကို သုံးလ တာ အခမဲ့သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါနွေရာသီအခြေခံ အင်္ဂလိပ်စာသင်တန်းကို အခြေခံ ပညာမူလတန်းနှင့်အလယ်တန်း ကျောင်းသားကျောင်းသူများဖြစ်ကြ သောစတုတ္ထတန်း၊ပဉ္စမတန်း၊ဆဋ္ဌမ တန်းများဖြစ်ကြသည့်ကျောင်းသား ကျောင်းသူ ၅ဝအား ယနေ့မှစတင် ကာ သင်တန်းပို့ချသွားမည်ဖြစ်ပြီး တနင်္ဂနွေပိတ်ရက်မှအပ နေ့စဉ် ည နေ ၄ နာရီမှ ၅ နာရီအထိ ပို့ချပေး မည်ဖြစ်သည်။

ရွှေ့ပြည်သာပြည်ခိုင်ဖြိုးပါတီမှ လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်

 

ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့ နယ် ပြည်ခိုင်ဖြိုးပါတီ မြို့ နယ် (EC) လစဉ် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့  ၁၉.၂.၂၀၁၈ တနင်္လာနေ့  နံနက် ၁၀နာရီ အချိန်တွင် မြို့ နယ်ပြည်ခိုင်ဖြိုး ရုံး အစည်းဝေးခန်းမ ၌ ကျင်းပခဲ့ပါသည်။

ဆက်လက်ပြီး မြို့နယ်ပါတီဥက္ကဌ ဦးလင်းအောင်အောင်မှ ပါတီ၏လုပ်ငန်းစဉ်များ
နှင့်ပတ်သပ်၍ရှင်းလင်း ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီးရန်ကုန် တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွား သင်တန်း အမှတ်စဉ်(၂)သင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရတနာ ခန်းမ၌ကျင်းပခဲ့သည်။

ဒဂုံမြို့သစ်တောင်ပိုင်း ပြည်ခိုင်ဖြိုးရပ်/ကျေးပါတီဥက္ကဋ္ဌများတာဝန်ပေးအပ်

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယနေ့နံနက် ၉ နာရီက ရပ်/ကျေးဥက္ကဋ္ဌများ ပါတီတာဝန်ပေးအပ်ပွဲအခမ်းအနားကို ဒဂုံတောင်မြို့နယ်ပါတီရုံးတွင်ကျင်းပကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ အရှေ့ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် ခရိုင်ပါတီကော်မတီဝင် များ၊ မြို့နယ်ပါတီဥက္ကဋ္ဌဒေါ်စန်းစန်းဌေးနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဥက္ကဋ္ဌ များ၊ ပါတီဝင်များတက်ရောက်ကြသည်။
အစီအစဉ်အရ အရှေ့ပိုင်းခရိုင်ပါတီဥက္ကဋ္ဌဦးစိန်မြင့်က အမှာစကားပြောကြား၍ ရပ်/ကျေး ဥက္ကဋ္ဌများ ခန့်အပ်လွှာပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးပါတီနာယက ဒေါက်တာ ခင်မောင်ထွန်း(ထက်လင်း)နှင့်ဇနီးတို့မှ ကာရာအိုကေစက်တစ်လုံးလှူဒန်းပေးခဲ့ကြောင်း သိရ သည်။

ဒေါပုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ခြင်ဆေးဖျန်းလုပ်ငန်းဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင်ဒေါပုံမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမုံ နာ(၂)ရပ်ကွက် ရေကြောင်းညွှန် ကြားမှုဦးစီးဌာန ဝန်ထမ်းမိသားစု သင်္ဘောကျင်းလိုင်းခန်းများကိုသွေး လွန်တုပ်ကွေးရောဂါကာကွယ်ရေး အဖြစ် ခြင်ဆေးမှုတ်ခြင်း၊ ခြင်ဆေး ဖျန်းခြင်းလုပ်ငန်းများကို ယနေ့ နံနက်၉ နာရီမှ၁၁နာရီအထိဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကြာသပတေးနေ့တိုင်း အရုဏ်ဆွမ်းလောင်းလှူ

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့်ပါတီဝင်များသည်ကြာသပတေးနေ့နံနက်တိုင်း မြို့နယ်ပါတီရုံးရှေ့တွင် အရုဏ်ဆွမ်းနှင့် ဆွမ်းဟင်းများ လောင်းလှူလျက်ရှိရာ ယနေ့နံနက် ၅နာရီက အလှူရှင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဖေမိသားစုနှင့် မြို့နယ်ပါတီ ကော်မတီဝင်များက အရုဏ်ဆွမ်းလောင်းလှူခဲ့ကြသည်။

TKA(သာကေတ)


လှည်းကူးပြည်ခိုင်ဖြိုးပါတီဒေသခံပြည်သူများနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး လှည်း ကူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စများ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ် လျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှတိုင်းဒေသကြီး ကော်မတီဝင် လှည်းကူးမြို့နယ် တာဝန်ခံဦးခင်မောင်တင့်၊ မြောက် ပိုင်းခရိုင်အတွင်းရေးမှူးဦးမျိုးဇော်၊ မြို့နယ်အတွင်းရေးမှူး ဦးကျော်စိုး ဝင်းနှင့် မြို့နယ်ကော်မတီဝင်များ သည်ဖောင်ကြီးတိုက်နယ်ဖောင်ကြီး အရှေ့ကျေးရွာမှ ရပ်မိရပ်ဖများ၊ ပါတီအမာခံများနှင့် တွေ့ဆုံ၍ ယနေ့ဖြစ်ပေါ်နေသည့် နိုင်ငံတော် ၏နိုင်ငံရေးတရားဥပဒေစိုးမိုးရေး ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။