ရန်ကုန် မတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီ လူငယ်ထုဆွေးနွေးပွဲ နှင့်စာတမ်းဖတ်ပွဲကို ယမန်နေ့ ည၁၁နာရီက ရွှေပြည်သာမြို့နယ် ကော်မတီရုံးတွင်ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လူငယ်တာဝန်ခံ ဒေါ်မိုးမိုးအိ၊ ခရိုင် လူငယ်တာဝန်ခံများ၊မြို့နယ်လူငယ် တာဝန်ခံများနှင့် ရန်ကုန်အနောက် ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်မှ လူငယ်အင်အား ၃၅ဝတက်ရောက် ခဲ့သည်။
အဆိုပါလူငယ်ဆွေးနွေးပွဲတွင် တက်ရောက်လာ သည့် လူငယ်များကို အဖွဲ့ခုနစ်ဖွဲ့ခွဲ၍ ခေါင်းစဉ် ခုနစ်ခုကို ဝိုင်းဖွဲ့ဆွေးနွေးကြရာ ပါတီဗဟိုအလုပ် အမှုဆောင် ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးခင်မောင်စိုး နှင့်ဗဟိုကော်မတီဝင် တိုင်းဒေသကြီး အတွင်းရေး မှူးဦးသာဝင်းနှင့်ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသ ကြီး ပါတီကော်မတီဝင်များမှ လိုက်လံ ကြည့်ရှုအား ပေးခဲ့ကြကြောင်းသိရှိရသည်။