ပုဇွန်တောင်မြို့နယ်တွင် ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနေ့ အထိမ်းအမှတ် သစ်ပင်များစုပေါင်းစိုက်ပျိုး

 

ရန်ကုန် ဇူလိုင် ၉

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ကျောင်းနှင့်ဝန်းကျင် စိမ်းလန်း စိုပြည်ရေးနေ့အထိမ်းအမှတ် ကျောင်း သားကျောင်းသူများ၊ ဆရာဆရာမ များ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း နှင့်စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်အရှေ့ပိုင်းခရိုင် ပုဇွန်တောင် မြို့နယ်အတွင်းရှိ ကျောင်းပေါင်း ၁၆ ကျောင်းတွင် တစ်ပြိုင်နက် တည်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်းပွဲသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်တက်ရောက်

 

ရန်ကုန် ဇူလိုင် ၈

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြည် ခိုင်ဖြိုးပါတီမှ နေပြည်တော်တွင် ကျင်းပခဲ့သည့် လူငယ်ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကို တာမွေမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးအစည်း အဝေးခန်းမတွင် ယမန်နေ့ ညနေပိုင်းက ကျင်းပသည်။

ဖြိုးစေတနာနယ်လှည့်အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်

 

ရန်ကုန် ဇူလိုင် ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ၏ ဖြိုးစေတနာနယ် လှည့်အခမဲ့ ကျန်းမားရေးစောင့် ရှောက်မှုအဖွဲ့သည်တောင်ဥက္ကလာပ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ များကို ကျန်းမာရေးစောင့်ရှောက် မှုများပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဒေသခံပြည်သူများ အတွက် ကျန်းမာရေးစောင့်ရှောက် မှုကို ယနေ့ နံနက် ၉နာရီမှ ညနေ ၄နာရီအထိ တောင်ဥက္ကလာပမြို့ နယ် ၁၄/၁ ရပ်ကွက် အရိယဓမ္မ ရုံတွင် ဆောင်ရွက်ပေးခဲ့သည်။

သုံးခွမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ပညာသင်ထောက်ပံ့ကြေးပေးအပ်

 

ရန်ကုန် ဇူလိုင် ၃

ရန်ကုန်တိုင်းဒေသကြီး သုံးခွ မြို့နယ်ကော်မတီဥက္ကဋ္ဌ ဒေါ်ခင် မြတ်စု၊ တိုက်နယ်တာဝန်ခံ ဦး ကြည်ဝင်းနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၁ဝနာရီက ပဒတ္ထိုင်း ကျေးရွာနေ မြို့နယ်ပါတီကော်မတီ အရန်တပ်ဖွဲ့ဝင် ကိုစည်သူအောင် (၂ဝ၁၈တက္ကသိုလ်ဝင်တန်းအောင်) ၏နေအိမ်သို့သွားရောက်ကာပညာ သင်ထောက်ပံ့ကြေးငွေကျပ်၅ဝဝဝဝ ပေးအပ်ခဲ့ပြီး အားပေးစကားပြော ကြားခဲ့ကြောင်း သိရသည်။

ပါတီဝင်အင်အားတိုးပွားရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ခြင်း

 

ရန်​ကုန်​တိုင်း​ဒေသကြီး​မြောက်​ပိုင်းခရိုင်​​ရွှေပြည်​သာမြို့နယ်​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ မှ ရွှေပြည်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များဖြစ်သည့် အမှတ် ၁၀ ရပ်ကွက် နှင့် အမှတ် ၁၁ ရပ်ကွက် အမှတ် ၁၃ ရပ်ကွက်များသို့ မြို့နယ်ပါတီဥက္ကဌဦးလင်း​အောင်​​အောင်​ဦး​ဆောင်​၍ မြို့နယ်​​ကော်​မတီဝင်​များ၊ ပါတီအမျိုးသမီး​ရေးရာအဖွဲ့နှင့်​မြို့နယ်​လူငယ်​​ကော်​မတီဝင်​များ စု​ပေါင်းကွင်းဆင်းကာ ပါတီဝင်အင်အားတိုးပွားရရှိရေး ဆောင်ရွက်ခဲ့ပါသည်
Chan Mya Aye


တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကော့မှူးမြို့နယ်တွင် သင်ထောက်ကူပစ္စည်းများလှူဒါန်း

 

ရန်ကုန် ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ရန်ကုန်တိုင်းပြည်ခိုင် ဖြိုးပါတီကော်မတီဝင် ဦးတင်ဝင်း၊ ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးကျော်ဇင်ဟိန်းနှင့် မြို့နယ် ကော်မတီဝင်များသည် ယမန်နေ့ နံနက်ပိုင်းနှင့်မွန်းလွဲပိုင်းတို့တွင် ကော့မှူးမြို့နယ် သမင်ခြံကျေးရွာရှိ အထက်တန်းကျောင်းခွဲမှ ကျောင်း သား ကျောင်းသူ ၄၉၄ ဦး၊ဝါးသင်္ခ အလယ်ရွာအလယ်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ ၃ဝ၄ ဦး ဝါးသင်္ခကျေးရွာ အထက်ရွာမှ မူလ တန်းကျောင်းသားကျောင်းသူ ၄၈ ဦးတို့အား ပညာသင်ကြားရာတွင် သင်ထောက်ကူပစ္စည်း အခက်အခဲ မရှိစေရေးအတွက် ဗလာစာအုပ် ဒါဇင်၇ဝဝနှင့်ဘောလ်ပင်ခဲတံဒါဇင် ၃၅ဝတို့ကိုသွားရောက်လှူဒါန်းပေး ခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ အပါတ်စဉ် အစည်းအဝေး ကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ အပါတ်စဉ် အစည်းအဝေးကို ၁. ၇ .၂၀၁၈ ရက်နေ့က ကျင်းပခဲ့ပါသည်။
ယင်းအစည်းဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်ရန်ကုန်တိုင်းအတွင်းရေးမှူး ဦးသာဝင်း တက်ရောက်၍ ၂၀၁၇ / ၂၀၁၈ တက္ကသိုလ်ဝင်တန်းအောင်မြင် ဂုဏ်ထူးရကျောင်းသူကျောင်းသားတို့အား ဆုချီးမြှင့်ရန်နှင့် ဝါဆိုသင်္ကန်းကပ်ရန် ရပ်ကွက်ထဲရှိ အမာခံပါတီဝင်တို့အား တွေ့ဆုံရန် မှာကြားသွားခဲပါသည်။
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဘချစ်၊ အတွင်းရေးမှူး ဦးအောင်ဇော်ရဲနှင့် အမှုဆောင်တို့က အသီးသီးတင်ပြကြပြီး အစည်းအဝေးကို ညနေ ၀၄း ၀၀ နာရီအချိန်တွင် အောင်မြင်စွာဖြင့် ရုတ်သိမ်းခဲ့ပါသည်။

အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ သင်္ဃန်းကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကျင်းပ

 

ရန်ကုန် ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးအစည်းအဝေးခန်းမ၌ယမန် နေ့ မွန်းလွဲ၁နာရီက အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲကျင်းပခဲ့သည်။

အစီအစဉ်အရ ဆွေးနွေးပွဲတက် ရောက်လာသူများက နိုင်ငံတော် သီချင်းကို ဂုဏ်ပြုသီဆို၍ အခမ်း အနားစတင်ဖွင့်လှစ်သည်။ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဗဟိုကော်မတီဝင် ရန်ကုန် တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးတင်လှိုင်က အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ် ချက်များကိုရှင်းလင်းပြောကြားသည်။