ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဆိပ်ကြီးခနောင်တို ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပကြောင်း သိရသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းပြည်ခိုင်ဖြိုး လူငယ်ရေးရာတာဝန်ခံ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်မိုးမိုးအိ၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မင်းနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်ဌေးနှင့် မြို့နယ်ကော်မတီဝင်များ၊ လူငယ်ပါတီဝင်များ တက်ရောက်ကြသည်။