
ရန်ကုန်၊ သြဂုတ် ၅

ရန်ကုန်၊ သြဂုတ် ၅
ရန်ကုန် သြဂုတ် ၂
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ဦးဆောင်မှုဖြင့်ကျင်းပသော တတိယအကြိမ်မြောက် အနာဂတ်နိုင်ငံတော်အရေးဆွေးနွေး ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင်က အမှာစကားပြောခဲ့ပြီး ရွှေပြည်သာမြို့နယ်သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးတင်အောင်စိုး (နေလှိုင်မင်း) က ဦးဆောင်ဆွေးနွေး၍ မြို့နယ်သတင်းစာဆရာအသင်းအမှုဆောင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များက အပြန်အလှန်မေးခွန်းများ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး မွန်းလွဲ ၃ နာရီ၁ဝမိနစ်တွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။
ပဲခူး သြဂုတ် ၂
ရန်ကုန် သြဂုတ် ၁
ရန်ကုန်တိုင်းဒေသကြီးတောင် ပိုင်းခရိုင် သုံးခွမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ခန်း၌ လပတ်အစည်းအဝေး၊ ပါတီ ၏ လုပ်ငန်းစဉ်များ၊ ရှေ့ဆက် ဆောင်ရွက်ရမည့်ကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပရာ သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ ဒေါ်ခင်မြတ်စု၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် တက်ရောက်လာကြသည့် ရပ် ကွက်၊ ကျေးရွာပါတီ ဥက္ကဋ္ဌများက တင်ပြမှု၊ ဆွေးနွေး ညှိနှိုင်းမှုများ ကျင်းပခဲ့ကြကြောင်း သိရသည်။
ရန်ကုန် ဇူလိုင် ၃၁
ရန်ကုန်တိုင်းဒေသကြီး သုံးခွ မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီ ဝင်များလပတ်ပုံမှန်အစည်းအဝေး ကို ယနေ့နံနက် ၁၁ နာရီခွဲတွင် အမှတ်၁ရပ်ကွက် မာဃလမ်း ရှိ ပါတီရုံးတွင်ကျင်းပကြောင်း သိရ သည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်ပြည်ခိုင်ဖြိုး ပါတီမှ လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားကို နိုင်ငံ တော်အလံအား သံပြိုင်သီဆို အလေးပြုလျက်ဖွင့်လှစ်ခဲ့ပြီး နယ် မြေတာဝန်ခံ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ကိုကိုးကျွန်းတိုင်း ဒေသကြီးကိုယ်စားလှယ် ဦးတင် ဝင်းက အဖွင့်အမှာစကား ပြော ကြားကာ တက်ရောက်လာသော မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာ များမှ ပါတီဝင်များအား နွေးထွေး စွာ ကြိုဆိုကြောင်းပြောကြား၍ ပါတီ၏ မူဝါဒများအားရှင်းလင်း ပြောကြားခဲ့သည်။
ရန်ကုန် ဇူလိုင် ၃၁
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီကော်မတီရုံးတွင် ယနေ့မွန်းလွဲ ၁၂ နာရီခွဲက ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင် မြို့နယ် ပါတီလူငယ်တာဝန်ခံများနှင့်တွေ့ဆုံ၍ လူငယ် လှုပ်ရှားမှုများ သွက်လက်ထိရောက်လာစေရေးအတွက် သြဝါဒစကားပြောကြားခဲ့ကြောင်း သိရသည်။
( 31 – 7 – 2018) နံနက် ( 10:30 ) အချိန်တွင် ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် အမျိုးသမီးအိမ်တွင်းမှုသင်တန်းဆင်းပွဲ ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တောင်ပိုင်းခရိုင်ကော်မတီဝင် ဦးရန်နိုင်ရွှေ၊ ခရိုင်ကော်မတီဝင် နယ်မြေတာဝန်ခံ ဒေါ်အေးအေးမြင့်၊ ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဝင်းဇော်လတ်နှင့် မြို့နယ်ကော်မတီဝင်များ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ရန်ကုန် ဇူလိုင် ၃ဝ
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယနေ့နံနက် ၉ နာရီခွဲတွင် ရေစိုကျေးရွာအမျိုးသမီးရေးရာကော်မတီအဖွဲ့ဝင်များဖြစ်သော ဒေါ်တင် တင်ညို၊ ဒေါ်ရင်ရင်နုတို့ထံ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်က အလှူငွေကျပ်တစ်သိန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရန်ကုန် ဇူလိုင် ၂၈