ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း မိတ်ဆက်

 

အမည် – ဦးနေမျိုးအောင်

ပါတီ – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ပညာအရည်အချင်း – B.A (Eco)

ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်း မဲဆန္ဒနယ်အမှတ် (၂)

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်၏ ကိုယ်ရေးအကျဉ်း
————————————————————————

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအား ကြိုဆိုဂုဏ်ပြုလုပ်အားပေး

 

ရန်ကုန် စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဒေါပုံ မြို့နယ် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း သားဖွား ခန်းအတွင်းအပြင်အား အမှိုက်များ ရှင်းခြင်း၊ ရွှံ့မြေနှင့်နုန်းများဖယ်ရှား ရှင်းလင်းခြင်း၊ အဆောက်အအုံ ပတ်လည် ရေစီးရေလာကောင်းမွန် အောင်ဆောင်ရွက်ပေးခြင်း၊ သား ဖွားခန်းအတွင်း ခုတင်နှင့်ခုံများ ဆေးကြောခြင်း၊ ကြွေပြားများအား ကြေးချွတ်ဆေးများဖြင့် ဆေးခြင်း၊ အခန်းများအား သန့်ရှင်းရေးပြုလုပ် ပေးခြင်း၊ မြက်ရိတ်ခြင်း၊ ခြင်ဆေး ဖျန်းခြင်းများကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါသားဖွားခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြု အမျိုးသမီးထု စုပေါင်းလုပ်အားပေး

 

စက်တင်ဘာ ၁၆

ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး ညီလာခံကိုဂုဏ်ပြုကြိုဆိုသောအား ဖြင့် ရန်ကင်းမြို့နယ် အမျိုးသမီး ထုမှ စုပေါင်းလုပ်အားပေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင်ရန်ကင်းမြို့နယ် (၈)ရပ်ကွက်ရှိ အမက(၅)စာသင် ကျောင်းတွင် စုပေါင်းသန့်ရှင်း လုပ်အားပေးပြုလုပ်သည်။

သုံးခွမြို့နယ် အမှတ် (၁) ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရန်ကုန်၊ စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် အမှတ် (၁) ရပ်ကွက်ရှိ ပြည်ခိုင်ပါတီ ရုံးတွင် စက်တင်ဘာ (၁၃) ရက်နေ့ မွန်း တည့် ၁၂နာရီက မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပကြောင်း သိရ သည်။
အခမ်းအနားတွင် မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဒေါ်ခင်မြတ်စုက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာသော မြို့နယ်ပါတီကော်မတီဝင်များက မိမိတို့နယ်မြေတိုက်နယ်အလိုက် ဆောင်ရွက်ခဲ့ကြသော လုပ်ငန်းအခြေအနေများနှင့် ဆောင်ရွက်နေမှုများကို တင်ပြကြပြီး ဆွေးနွေးညှိနှိုင်းကာ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ပါတီစည်ရုံးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ မြို့နယ်ပါတီကော်မတီဝင်များ၊ တိုက်နယ်တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာအဖွဲ့၏ အခြေခံစက်ချုပ်သင်တန်း (၅/၂ဝ၁၈)ဖွင့်

 

ရန်ကုန် စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုး သမီးရေးရာအဖွဲ့၏ အခြေခံစက် ချုပ်သင်တန်းအမှတ်စဉ်(၅/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက သိမ်ဖြူ မီးရထား ရပ်ကွက် သာသနာ့ဟိတဓမ္မာရုံ တွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုကော်မတီဝင်ဒေါ်စန်း စန်းဝင်းက သင်တန်းဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။ ထို့နောက် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က စက် ချုပ်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည် ရွယ်ချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဖြိုးစေတနာ သွားနှင့်ခံတွင်း (အခမဲ့)ကွင်းဆင်းကုသမှုဆောင်ရွက်

 

ရန်ကုန် စက်တင်ဘာ ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက် ပိုင်း)မြို့နယ်ပါတီကော်မတီမှ စီစဉ် ဆောင်ရွက်မှုဖြင့် ယမန်နေ့နံနက် ၉ နာရီက (၄၁)ရပ်ကွက် ပဒေသ ရာဇာလမ်းရှိ ရွှေညောင်ပင်ဓမ္မာရုံ တွင် ဖြိုးစေတနာသွားနှင့် ခံတွင်း ရောဂါဝေဒနာရှင်များကို ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လူငယ်လှုပ်ရှားမှုတာဝန်ခံ မြို့နယ် ပါတီကော်မတီဝင် ဒေါက်တာဇော် လင်းပြုံး၊ သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာခိုင်ဇင်အောင်နှင့်အဖွဲ့က ကုသမှုဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းကုသမှုကို မြို့နယ်အတွင်း ရပ်ကွက်များသို့ တစ်လနှစ်ကြိမ် ကွင်းဆင်းကုသ ဆောင်ရွက်ပေးနေပြီး မြို့နယ်ပါတီ ရုံးတွင်တစ်ပတ်လျှင်နှစ်ကြိမ်အခမဲ့ ကုသမှုဆောင်ရွက်ပေးနေပြီးဝေဒနာ ရှင်ပေါင်း ၄၇၄ ဦးကို ကုသမှုပေး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုအမျိုးသမီးထုတွေ့ဆုံပွဲကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအမျိုးသမီး ညီလာခံအားကြိုဆိုသောအားဖြင့် ယမန်နေ့နံနက် ၁ဝ နာရီတွင် အမျိုးသမီးထုတွေ့ဆုံပွဲကျင်းပကြောင်း သိရသည်။အဆိုပါ အမျိုးသမီးတွေ့ဆုံပွဲ အား ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်ဒေါ် စန်းစန်းဝင်း၊ အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ ခရိုင်အမျိုးသမီး တာဝန်ခံ ဒေါ်လဲ့လဲ့အေးတို့ တက် ရောက်ကြပြီး မြို့နယ်ပါတီကော် မတီနှင့်မြို့နယ်အမျိုးသမီးတာဝန်ခံ များ၊ရပ်ကွက်အမျိုးသမီးကော်မတီ ဝင်များ အင်အား ၇၅ ဦး တက် ရောက်ကြသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

 

ရန်ကုန် စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင် မောင်စိုးနှင့် ခရိုင်နှင့်မြို့နယ်ပါတီ ဥက္ကဋ္ဌများ တွေ့ဆုံညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပါတီကော် မတီရုံးတွင် ကျင်းပကြောင်း သိရ သည်။

ဒဂုံ​မြောက်​ ပြည်​ခိုင်​ဖြိုးပါတီမှ အမျိုးသမီးနှီး​နှောဖလှယ်​ပွဲအတွက်​ ပါတီဝင်​အမျိုးသမီးများအား​တွေ့ဆုံ

 

ရန်​ကုန်​ စက်​တင်​ဘာ ၁၁

ရန်​ကုန်​တိုင်း​ဒေသကြီး ၊ဒဂုံမြို့သစ်​ ​မြောက်​ပိုင်းမြို့နယ်​၊ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီမှ ပြုလုပ်​မည့်​ အမျိုးသမီးနှီး​နှောဖလှယ်​ပွဲအတွက်​ ယ​နေ့ ​နေ့လည်​ ၂ နာရီက အမှတ်​ (၅၀) ရပ်​ကွက်​ရှိ ရပ်​ကွက်​ပါတီ​ကော်​မတီဝင်​များနှင့်​ အမျိုးသမီးအဖွဲ့ဝင်​များအား ကွင်းဆင်း​တွေ့ဆုံခဲ့ပါသည်​။
အဆိုပါ​တွေ့ဆုံပွဲတွင်​ ဒဂုံ​မြောက်​ပြည်​ခိုင်​ဖြိုးပါတီ အမျိုးသမီး​ရေးရာတာဝန်​ခံ ​ဒေါ်ဝင်းဝင်း​အောင်​မှ မိမိပါတီတွင်​ မကြာမီပြုလုပ်​မည့်​ အမျိုးသမီးညီလာခံနှင့်​ မြို့နယ်​ တွင်​ အရင်​ပြုလုပ်​မည့်​ အကြိုနှီး​နှောဖလှယ်​ပွဲပြုလုပ်​မည့်​လုပ်​ငန်းစဉ်​များနှင့်​ အမျိုးသမီးကူညီ​စောင့်​​ရှောက်​​ရေးအဖွဲ့၏ လုပ်​​ဆောင်​ချက်​များအား ပါတီဝင်​အမျိုးသမီးများအား အကျယ်​တဝင့်​​ရှင်းလင်း​ပြောကြားပြီး စည်းရုံး​ရေးရာတာဝန်​ခံ မြို့နယ်​ ပါတီ​ကော်​မတီဝင်​ ​ဒေါ်တင်​တင်​​အေးမှလည်း ပါတီဝင်​သစ်​များ​မေးမြန်းသမျှအား ရှင်းလင်း​ပြောကြားခဲ့ပါသည်​။တက်​​ရောက်​လာ​သော အမျိုးသမီးပါတီဝင်​များမှ မရှင်းလင်းသည်​များအား​မေးမြန်းခဲ့ပြီး အဆိုပါ​တွေ့ဆုံပွဲကို ည​နေ ၄နာရီ အထိ ပြုလုပ်​ခဲ့​ကြောင်း သိရှိရပါသည်​။