ရန်ကုန် အောက်တိုဘာ ၁၄
တာမွေမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးမျိုးဝင်းကျော်နှင့် အဖွဲ့ဝင်များ ယမန်နေ့ ညနေပိုင်းက ရပ်ကွက်သုံးရပ်ကွက်သို့ သွားကာ လိုက်လံဟောပြောခဲ့သည်။
”ဒီနေ့ ညနေပိုင်းက တာမွေ မြို့နယ်မှာရှိတဲ့တာမွေကြီး(က-ခ) ရပ်ကွက်၊ တာမွေကြီး(ခ)ရပ်ကွက်၊ နတ်ချောင်းရပ်ကွက် သုံးရပ်ကွက် ကို သွားရောက်ပြီး ညနေ ၅ နာရီမှ ည ၉နာရီအထိ လိုက်လံဟောပြော ခဲ့ပါတယ်”ဟု ဦးမျိုးဝင်းကျော်က ပြောသည်။