မှော်ဘီ၊ အောက်တိုဘာ ၂၈
ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကို ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ
ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် တက်ရောက်ကာအဖွင့်အမှာစကားပြောကြားသွားပါသည်။
အခမ်းအနားတွင် နိုင်ငံတော်အလံကို အလေးပြုကြပြီး နိုင်ငံတော်သီချင်းသီဆိုကာဖွင့်လှစ်သည်။ ထို့နောက် ပါတီဗဟိုကော်မတီဝင်၊မြောက်ပိုင်းခရိုင်တာဝန်ခံဦးတင်မောင်ဝင်းမှ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြသွားပါသည်။