သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ဗဟိုအတိုင်ပင်ခံဦးမြငြိမ်း ကော်မတီများနှင့်တွေ့ဆုံ
ရန်ကုန် အောက်တိုဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး သုံးခွ မြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီရုံး တွင် ယမန်နေ့နံနက် ၁ဝ နာရီက ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအတိုင်ပင်ခံဦးမြငြိမ်းက မြို့နယ် ပါတီဥက္ကဋ္ဌဒေါ်ခင်မြတ်စုနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌ များနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပါတီဗဟိုအလုပ်အမှုဆောင်များနှင့် ပါတီကော်မတီဝင်များညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန် အောက်တိုဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးပါတီရုံးတွင် ယမန်နေ့မွန်းလွဲ ၂နာရီကကျင်းပသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသ ကြီးတာဝန်ခံဦးခင်ရီ၊ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးခင်မောင်စိုး၊ ဗဟိုကော်မတီဝင်အတွင်းရေးမှူးဦးသာဝင်း နှင့် ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသ ကြီးပါတီကော်မတီဝင်များ၊ အရှေ့ပိုင်းနှင့် အနောက်ပိုင်းခရိုင်ပါတီဥက္ကဋ္ဌများ၊ တာမွေ နှင့်ဆိပ်ကမ်းမြို့နယ်ပါတီဥက္ကဋ္ဌများ၊အောင် နိုင်ရေး ကော်မတီဝင်များ တက်ရောက်ကြ သည်။
ကွမ်းခြံကုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ကျင်းပ
ကွမ်းခြံကုန်း၊ အောက်တိုဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကို အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီမှအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအားပါတီဗဟိုအတွင်းရေးမှုးတက်ရောက်
ရန်ကုန်အောက်တိုဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင်မြောက်ဥက္ကလာပမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှယနေ့မနက်၉နာရီအမျိုသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပပြုလုပ်ပါတယ်
အခမ်းအနားအားနိုင်ငံတော်သီးချင်းဖြင့်သီဆိုဖွင့်လှစ်ပါတယ်။
အခမ်းအနားအား ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှုးDrဒေါ်စန်းစန်းနွယ်/ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီဗဟိုအမျိုးသမီးတာဝန်ခံဒေါ်စန်းစန်းဝင်း/တိုင်းပါတီကော်မတီဝင်ဒေါ်အေးအေးမြင့်/
အရှေ့ပိုင်းခရိုင်အတွင်းရေးမှုးဒေါ်ဇာခြည်လင်း/ခရိုင်အမျိုးသမီးတာဝန်ခံဒေါ်လဲ့လဲ့အေး/ခရိုင်လူငယ်တာဝန်ခံ ဒေါ်ယဉ်ချောလှိုင်/မြောက်ဥက္ကလာပမြိုနယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးခင်မောင်မြင့်နှင့်မြို့နယ်ပါတီကော်မတီများမြို့နယ်အမျိုးသမီးတာဝန်ခံများ ရပ်ကွက်အမျိုးသမီးရေးရာတာဝန်ခံများအင်အား၁၅၀ကျော်တက်ရောက်ပါတယ်။
အစီစဉ်အရဗဟိုအတွင်းရေးမှုးDrဒေါ်စန်းစန်းနွယ်မှအမျိုးညီလာခံကျင်းပရခြင်းအားအကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြီး ရန်ကုန်တိုင်းဗဟိုအမျိုးသမီးတာဝန်ခံဒေါ်စန်းစန်းဝင်းမှအမျိုးသမီးဘဝမြှင့်တင်ရေးအမျိုးသမီးကာကွယ်စောင့်ရှောက်ရေးဥပဒေ ယနေ့အမျိုးသမီးများကြီးမားစွာခံစားနေရသောကုန်ဈေးနှုံးကြီးမြှင့်မှု ခလေးများချို့တဲ့စွာပညာသင်ကြားနေရမှု့များအမျိုသမီးများအိမ်တွင်ဝင်ငွေရရှိနိုင်ရေးပြည်ခိုင်ဖြိုးပါတီမှအိမ်တွင်းအတတ်ပညာသင်ကြားပေးနေမှုများကိုရှင်းလင်းဆွေးမှုပါတယ်။
ဆက်လက်ပြီးနှီးနှောဖလှယ်ပွဲအားအမျိုးသမီးရေးရာကိုယ်စားလှယ်များမှအမျိုးသမီးရေးရာစာတမ်းလေးစောင်ဖတ်ကြားတင်သွင်းပြီးမှတ်တမ်းတင်ခြင်းအတည်ပြုခြင်းများဆောင်ရွက်ကြပြီးအခမ်းအနားအားယနေ့မနက်၁၁နာရီတွင်အမျိုးသမီးရေးရာဂုဏ်ပြုတေးသီးချင်းသီဆို၍အခမ်းအနားအားအာင်မြင်စွာရုပ်သိမ်းပါတယ်။
အေးမင်းဇော်(မြောက်ဥက္ကလာ)
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝတ်စုံပေးအပ်
ရန်ကုန် အောက်တိုဘာ ၂၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသ ကြီးဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပြည်ခိုင် ဖြိုးပါတီဝတ်စုံပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင်ကျင်းပရာ ပါတီ ဗဟိုကော်မတီဝင်ဒေါ်စန်းစန်းဝင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌဒေါ်စန်းစန်းဌေး နှင့်ကော်မတီဝင်များ၊ ရပ်/ကျေး ဥက္ကဋ္ဌနှင့်ကော်မတီဝင်များတက် ရောက်ကြသည်။
နိုင်ငံရေးပါတီများ ပုံမှန်တွေ့ဆုံဆွေးနွေး
ရန်ကုန် အောက်တိုဘာ ၂၉
နိုင်ငံရေးပါတီများပုံမှန်တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်(ရန်ကုန်)တွင် ပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် တက်ရောက်လာကြသော နိုင်ငံရေးပါတီများက လက်ရှိဖြစ်ပေါ် နေသောအခြေအနေများနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးမှုအပြီးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ စာနှစ်စောင်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းတွေ့ဆုံပွဲသို့ နိုင်ငံရေးပါတီ ၂ဝ ခန့်တက်ရောက်ဆွေးနွေးခဲ့ပြီး ညနေ ၄ နာရီတွင် ဆွေးနွေးပွဲကို အောင်မြင်စွာပြီးဆုံးခဲ့သည်။
တာမွေမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကျော်နှင့်အဖွဲ့ဝင်များ ရပ်ကွက်နှစ်ခုသို့သွားကာ လူထုနှင့်တွေ့ဆုံ
ရန်ကုန် အောက်တိုဘာ ၂၉
တာမွေမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းဦးမျိုးဝင်းကျော်နှင့်အဖွဲ့ဝင် များသည် ယမန်နေ့က ရပ်ကွက် နှစ်ခုသို့သွားကာ လူထုနှင့်ရင်းရင်း နှီးနှီးတွေ့ဆုံခဲ့ကြောင်း သိရသည်။
”ဒီနေ့ ညနေပိုင်းမှာတော့ ကျောက်မြောင်းအရှေ့နဲ့ ကျောက် မြောင်း အထက်ရပ်ကွက်နှစ်ခုကို သွားရောက်ပြီး လူထုနဲ့ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်” ဟု ဦးမျိုးဝင်းကျော်ကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆန္ဒရှင်ပြည်သူလူထုနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်အားပေး
အောက်တိုဘာ ၂၉၊ ရန်ကုန်
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ဟစ်တိုင်ကွင်းတွင် ကျင်းပပြုလုပ်သည့် တာမွေမြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ ၂၀၁၈ကြားဖြတ် ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆန္ဒရှင် ပြည်သူလူထုနှင့်တွေ့ဆုံပွဲအခမ်းအနားအား ယနေ့နံနက်(၈)နာရီကကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။
အခမ်းအနားအား နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင်သီဆိုဖွင့်လှစ်ပြီးနောက် တာမွေမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကျော်အား မဲဆန္ဒရှင်ပြည်သူများထံ မိတ်ဆက်အပ်နှံ၍ ကိုယ်စားလှယ်လောင်း၏ ကိုယ်ရေးအကျဉ်းအား အခမ်းအနားမှူးမှ ဖတ်ကြားပေးခဲ့သည်။
လှိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ
ရန်ကုန် အောက်တိုဘာ ၂၈
လှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီက လှိုင်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီရုံး တွင် ကျင်းပခဲ့သည်။