ရန်ကုန် ဇန်န၀ါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး ၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ပြည်ထောာင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာတာဝန်ခံဒေါ်စန်းစန်းဝင်းနှင့် အမျိုးသမီးပါတီကော်မတီဝင်များတွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က ဒဂုံမြောက်ပိုင်းမြို့နယ်ရှိ မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာတာဝန်ခံဒေါ်စန်းစန်းဝင်းမှ နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်အမျိုးသမီးရေးရာတာဝန်ခံဒေါ်လဲ့လဲ့အေးမှ ဗဟိုအမျိုးသမီးညီလာခံအတွေ့အကြုံများအားရှင်းလင်းပြောကြားခဲ့ပြီး၊ဒဂုံမြောက်ပိုင်းအမျိုးသမီးရေးရာတာဝန်ခံဒေါ်ဝင်းဝင်းအောင်မှ ရှေ့ဆက်မည့်လုပ်ငန်းစဉ်အားပြောကြားခဲ့ပြီး တက်ရောက်လာကြသူရပ်ကွက်ပါတီဥက္ကဌများမှ ပြန်လည်ဆွေးနွေးခဲ့ကြပြီး မြို့်နယ်ပါတီဥက္ကဌဦးခင်မောင်ဇော်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အမှတ်တရဓာတ်ပုံများအားစုပေါင်းရိုက်ကူးခဲ့ပြီးအခမ်းအနားအား နေ့လည်၁၂နာရီ တွင်ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။