ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီအမျိုးသမီးရေးရာတာဝန်ခံ ရန်ကင်းမြို့နယ်ရှိအမျိုးသမီးရေးရာတာဝန်ခံများနှင့်တွေ့ဆုံ

 

ရန်ကုန် ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး ရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းနှင့် အမျိုး သမီးရေးရာ တာဝန်ခံမှ တာဝန်ရှိသူများ သည် ယမန်နေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ရန်ကင်းမြို့နယ် အတွင်းရှိ ရပ်ကွက်များမှအမျိုးသမီးရေးရာ တာဝန်ခံများနှင့် တွေ့ဆုံသည်။

ခရမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့အား ကူညီဆောင်ရွက်

 

ရန်ကုန် ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး ခရမ်း မြို့နယ်တံမံကြီးကျေးရွာသို့ရေတပ် သင်္ဘောကျင်းဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့နှင့်အတူရေတပ် သင်္ဘောကျင်းဌာနချုပ်မှူး ဗိုလ်ချုပ် သန့်စင်လေး ဦးဆောင်၍ ပြည်သူ့ ကျန်းမာရေးပါရဂူ ဗိုလ်မှူးမင်းသူ နှင့်အဖွဲ့၊ မြို့နယ်(ဒု)အုပ်ချုပ်ရေးမှူး ဦးရီမွန်အောင်နှင့်အဖွဲ့၊ မြို့နယ်စစ်ပြန်စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့်အဖွဲ့တို့သည် မြို့နယ်ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဝင်းဆွေနှင့် မြို့နယ်ကော်မတီဝင်များ ရပ်/ကျေးပါတီဝင်များ၊ ကျေးရွာ ကျန်းမာ ရေးဌာနမှအဖွဲ့များ ပူးပေါင်း၍ ကျေးရွာ အတွင်းနေထိုင်သူနှင့်ရွာနီးနား ကျေးရွာ သူရွာသားများအား ကျန်းမာရေး ဆေး ကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြပြီး တံမံကြီးကျေးရွာ ဆရာတော်အား ရေတပ်သင်္ဘောကျင်းဌာနချုပ်မှူး ဗိုလ်ချုပ် သန့်စင်လေး၊ပြည်သူ့ကျန်းမာရေးပါရဂူ ဗိုလ်မှူးမင်းသူ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးဝင်းဆွေတို့က နေ့ဆွမ်းဆက် ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဖြိုးစေတနာ အခမဲ့နယ်လှည့်ဆေးကုသရေးအဖွဲ့ ထန်းတပင်မြို့နယ်တွင် အခမဲ့ဆေးကုသပေး

 

ရန်ကုန် ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဘဏ္ဍာ ရေးမှူး ဦးကြည်စိုးဦးဆောင်ပြီး ထန်းတပင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသိန်းရီနှင့် မြို့နယ် ကော်မတီဝင်များ၊ ညောင်လေးပင် ကျေးရွာပါတီဥက္ကဋ္ဌ ဦးမြသန်းနှင့် ကော်မတီဝင်များ၊ အထူးကုဆရာ ဝန်ကြီးများနှင့် ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်သူများပါဝင်သော ဖြိုးစေတနာ(အခမဲ့)နယ်လှည့်ဆေး ကုသရေးအဖွဲ့သည် ထန်းတပင် မြို့နယ် ကမြိုင်ကျေးရွာအုပ်စု ညောင်လေးပင်ရွာရှိ ရပ်ကွက်နေ မိဘပြည်သူများအား ယမန်နေ့ နံနက် ၉နာရီကစတင်၍ အနောက် တိုင်းဆေးဝါးဖြင့် အခမဲ့ဆေးဝါး ကုသမှုပြုလုပ်ပေးခဲ့သည်။

ရန်ကုန် ဇန်နဝါရီ ၂၈ သာကေတမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ မြို့နယ်ပါတီရုံးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက အမျိုးသမီးထု တွေ့ဆုံပွဲ အခမ်းအနားကျင်းပခဲ့ ကြောင်း သိရသည်။ အခမ်းအနားကို နိုင်ငံတော် သီချင်းဖြင့် စတင်ဖွင့်လှစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီဗဟိုကော်မတီဝင် အမျိုး သမီးတာဝန်ခံ ဒေါ်စန်းစန်းဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ အရှေ့ပိုင်းခရိုင် ပါတီကော်မတီဝင် အမျိုးသမီးတာ ဝန်ခံ ဒေါ်လဲ့လဲ့အေးက ဗဟိုအမျိုး သမီးညီလာခံအတွေ့အကြုံများ ရှင်း လင်းတင်ပြပြီး သာကေတမြို့နယ် ကော်မတီဝင်အမျိုးသမီးတာဝန်ခံ ဒေါ်သန်းသန်းက ရှေ့လုပ်ငန်းစဉ် များ ဆွေးနွေးတင်ပြသည်။ ထို့နောက်တက်ရောက်လာကြ သော အမျိုးသမီးများက အားနည်း ချက်အားသာချက်များကိုဆွေးနွေး တင်ပြကြပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဖေက နိဂုံးချုပ်စကားပြော ကြားပြီးအခမ်းအနားကို မွန်းလွဲ ၂ နာရီ ၄၅မိနစ်တွင် ရုပ်သိမ်းခဲ့သည်။ TKA (သာကေတ)

 

ရန်ကုန် ဇန်နဝါရီ ၂၈

သာကေတမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ မြို့နယ်ပါတီရုံးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက အမျိုးသမီးထု တွေ့ဆုံပွဲ အခမ်းအနားကျင်းပခဲ့ ကြောင်း သိရသည်။

အခမ်းအနားကို နိုင်ငံတော် သီချင်းဖြင့် စတင်ဖွင့်လှစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီဗဟိုကော်မတီဝင် အမျိုး သမီးတာဝန်ခံ ဒေါ်စန်းစန်းဝင်းက အဖွင့်အမှာစကားပြောကြားသည်။

လှိုင်သာယာမြို့နယ်နှင့် အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ ဗဟိုကော်မတီဝင်တက်ရောက်

 

ရန်ကုန် ဇန်နဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် လှိုင်သာယာ မြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင် ကျင်းပခဲ့ သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်ပါတီ ကော်မတီနှင့်ရပ်ကွက်ကျေးရွာပါတီ ကော်မတီများလုပ်ငန်းညှိနှိုင်းအစည်း အဝေးများကို သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ ပြည်ခိုင်ဖြိုးပါတီ အစည်း အဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်း နှင့် မွန်းလွဲပိုင်းများတွင် ကျင်းပခဲ့ ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆူးလေစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင်ဆွမ်းဆန်စိမ်းလောင်းလှူ

 

ရန်ကုန် ဇန်နဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီး ကျောက် တံတားမြို့နယ်ရှိ ဆံတော်ရှင်ဆူးလေစေတီ တော်၏ (၁ဝ၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်တွင် သံဃာတော်အရှင်မြတ်များနှင့် သီလရှင်ဆရာကြီးဆရာလေးများ ဆွမ်း ဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ ၃နာရီက ဆူးလေစေတီတော်တွင် ကျင်းပ ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီနာယက နှစ်ကျိပ်ရှစ်ဆူမဏ္ဍပ်အတွက် ငွေကျပ် ၂၅ သိန်းလှူဒါန်း

 

ရန်ကုန် ဇန်နဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ သစ်(တောင်ပိုင်း)မြို့နယ် အမှတ် (၅၄)ရပ်ကွက်ရှိ သဇင်လမ်းအပိုင်း (၉)မိသားစုမှဦးစီးသောဗုဒ္ဓပူဇနိယ ပွဲ၊ (၂၇)ကြိမ်မြောက် နှစ်ကျိပ်ရှစ် ဆူ ယာယီစံကျောင်းတော်အတွက် ရန်ကုန်တိုင်းဒေသကြီးပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နာယက ဒေါက်တာခင်မောင်ထွန်း (ထက်လင်းနှင့် ရွှေခေါင်းပေါင်း) တိုင်းရင်းဆေး ထုတ်လုပ်ရေး မိသားစုမှ ယမန်နေ့ နံနက်ပိုင်းတွင် နှစ်ကျိပ်ရှစ်ဆူမဏ္ဍပ်အတွက် ငွေ ကျပ် ၂၅ သိန်း လှူဒါန်းခဲ့သည်။

သန်လျှင် ပြည်ခိုင်ဖြိုးပါတီမှ ဘေးကင်လုံခြုံ စိတ်ချရသော စာသင်ကျောင်း အခြေပြု ဘေးအန္တရာယ် လျော့ပါးရေး သင်တန်းနှင့် သင်ထောက်ကူ ပစ္စည်းများ လှူဒါန်း

 

ယမန်နေ့ (၂၃-၁-၂၀၁၉) နံနက် (၉) နာရီ အချိန်တွင် သန်​လျင်​ မြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာရှိ သဒ္ဓမ္မဇောတိကာရုံ ဘုန်းတော်ကြီးသင် ပညာရေးမူလွန်ကျောင်း၌ လူမှုဖွံ့ ဖြိုးရေးအသင်း ၊ Latter-Day Saint Charities (LDSC) အဖွဲ့နှင့် သန်လျင်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီ တို့ ပူးပေါင်းဆောင်ရွက်သည့် ဘေးကင်းလုံခြုံ စိတ်ချရသော စာသင်ကျောင်းအခြေပြု ဘေး အန္တရာယ်လျော့ပါးရေး သင်တန်းအား ကျင်းပပြုလုပ်သည်။

ပြည်ခိုင်ဖြိုးပါတီက ပြည်သူများသို့ ဆန်နှင့်ဆီများ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး

 

ရန်ကုန် ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင်လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ ဦးဆောင်၍ ယမန်နေ့ နံနက်၇နာရီမှစ၍ အလယ်ကျေးရွာ မြေတိုင်း(၂၂)တွင် ဆန်နှင့်ဆီ များကို အထူးလျှော့ဈေးနှုန်းဖြင့် ပြည်သူများသို့ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌတရုတ်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးသံမှူးကို လက်ခံတွေ့ဆုံ

 

ရန်ကုန် ဇန်နဝါရီ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးဆိုင်ရာဖောင်ဒေးရှင်း (China Foundation for Peace and Development) မှ သံမှူး Mr. Wang Hua ကို ယမန်နေ့ ညနေ ၄ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်(ရန်ကုန်)သံလွင်လမ်းတွင် လက်ခံတွေ့ဆုံခဲ့ကြကြောင်း သိရသည်။