ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းတာဝန်ခံ ဦးခင်ရီ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်စိုးတို့သည် ဖေဖေါ်ဝါရီလ(၈)ရက် နံနက်(၁၀)နာရီက ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင်မြို့နယ်ပါတီဥက္ကဌ အတွင်းရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း တွေ့ဆုံပွဲ ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ပါတီဗဟိုအတွင်းရေးမှူး ဗဟိုအလုပ်အမှုဆောင်များနှင့်အတူ ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒါက်တာကျော်စိုး ဘဏ္ဍာရေးမှူး ဒ်ါအေးမင်းမိုးနှင့် ပါတီဗဟိုကော်မတီဝင်များ တိုင်းပါတီကော်မတီဝင်များ ခရိုင်ပါတီဥက္ကဌမျာား မြို့နယ်ပါတီဥက္ကဌနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။