ဒဂုံတောင်မြို့နယ် လေးထောင့်ကန်ရပ်ကွက်ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်တွေ့ဆုံပွဲနှင့် ဆိုင်းဘုတ်အသစ်စိုက်ထူပွဲကျင်းပ

 

ရန်ကုန် မတ် ၁၇

ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လေးထောင့်ကန် ရပ်ကွက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ပါတီဝင်တွေ့ဆုံပွဲနှင့် ပါတီဆိုင်းဘုတ်အသစ်စိုက်ထူပွဲ အခမ်းအနားကို လေးထောင့်ကန် ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအေးသောင်းနေအိမ်၌ ယမန်နေ့ မွန်းလွဲ၁နာရီတွင်ကျင်းပခဲ့သည်။

ကမာရွတ်ပြည်ခိုင်ဖြိုး စည်ပင်ရွေးကောက်ပွဲအောင်နိုင်ရေး လက်ကမ်းစာစောင်ဝေငှ

 

ရန်ကုန် မတ် ၁၇

ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့နယ် ကော်မတီအဖွဲ့ဝင်(၁) ကိုယ်စားလှယ်လောင်း ဦးသန့်ဇော်၏ အမှတ်(၁ဝ)ရပ်ကွက်သို့ စည်းရုံးရေး ဆင်း ဆောင်ရွက်နေမှုကို ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးတင်ဝင်းနှင့် မြို့နယ်ပါတီ ကော်မတီမှ အတွင်းရေးမှူး ဒေါ်သီသီမွန်၊ စည်းရုံး ရေးရာတာဝန်ခံ ဦးဗိုလ်စော၊ အလုပ်သမားရေးရာ တာဝန်ခံဒေါ်ယဉ်မင်းအေး၊ မြို့နယ်ရုံး အဖွဲ့မှူး ဒေါ်အေးအေးသန်းနှင့် ရပ်ကွက်ပါတီကော်မတီဝင် များ လိုက်ပါ၍ လက်ကမ်းကြော်ငြာဝေခြင်း လုပ်ငန်းအား လိုက်ပါအားပေးဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

ပါတီဗဟိုအလုပ်မှုဆောင်ဦးခင်ရီဒဂုံအရှေ့ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ

 

မတ်လ ၁၅

ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင်ဒဂုံအရှေ့မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင်မတ်လ(၁၅)ရက်နံနက်(၁၀)နာရီကဒဂုံအရှေ့မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များရပ်ကျေးပါတီဥက္ကဌများကော်မတီဝင်များနှင့်တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ပါတီဗဟိုအလုပ်မှုဆောင်ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီတာဝန်ခံဦးခင်ရီတိုင်းပါတီအတွင်းရေးမှုးဒေါက်တာကျော်စိုးနှင့်တိုင်းပါတီကော်မတီဝင်များအရှေ့ပိုင်းခရိုင်ပါတီဥက္ကဌဦးစိန်မြင့်နှင့်ခရိုင်ပါတီကော်မတီဝင်များမြို့နယ်ပါတီဥက္ကဌဦးမြင့်ခိုင်နှင့်မြို့နယ်ပါတီကော်မတီဝင်များရပ်ကျေးပါတီဥက္ကဌများနှင့်ရပ်ကျေးပါတီကော်မတီဝင်များတက်ရောက်ကြသည်။

အစီအစဉ်အရမြို့နယ်ပါတီဥက္ကဌနှင့်မြို့နယ်ပါတီကော်မတီဝင်များရပ်ကျေးပါတီဥက္ကဌများကော်မတီဝင်များမှတစ်ဦးချင်းမိတ်ဆက်ကြသည်။

ထို့နောက်ပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီတာဝန်ခံဦးခင်ရီမှအမှာစကားပြောကြားရာတွင်ယနေ့ဒဂုံအရှေ့မြို့နယ်သို့လာရောက်ရခြင်းမှာရည်ရွယ်ချက်နှစ်ချက်ဖြစ်လာရောက်ခဲ့ခြင်းဖြစ်ကြောင်းယနေ့ဖြစ်နေသည့်နိုင်ငံရေးအခြေအနေများနှင့်
၂၀၂၀အောင်နိုင်ရေးအတွက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုဆွေးနွေးမှာကြားရန်ဖြစ်ကြောင်းပြောကြားပြီးလက်ရှိနိုင်ငံရေးဖြစ်ပေါ်နေမှုများကိုကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြောကြားပြီး၂၀၂၀ပါတီအောင်နိုင်ရေးအတွက်နိုင်ငံရေးဆန်သောစည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ရန်တိုင်းခရိုင်မြို့နယ်ရပ်ကျေးပါတီဥက္ကဌများဟန်ချက်ညီညီလက်တွဲဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုလုပ်ငန်းလမ်းညွှန်အဖြစ်ဆောင်ရွက်နိုင်ရန်ရှင်းလင်းပြောကြားခဲသည်။

ဆက်လက်၍ဒဂုံအရှေ့မြို့နယ်ပါတီဥက္ကဌဦးမြင့်ခိုင်မှပါတီဝင်များကိုယ်စားမြို့နယ်ပါတီ၏လက်ရှိအခြေအနေများကိုတင်ပြသည်။
ထို့နောက်ပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်ရီမှနိဂုံးချူ ပ်အမှာစကားပြောကြားပြီးတွေ့ဆုံပွဲအခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

ထိန်ဝင်း(YGN)


ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ထုနှင့်အမျိုးသမီးထု တွေ့ဆုံပွဲကျင်းပ

 

ရန်ကုန် မတ် ၁၄

ရန်ကုန်တိုင်းဒေသကြီးတောင် ပိုင်းခရိုင် သန်လျင်မြို့နယ် ပြည် ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင် ယမန်နေ့ မွန်းလွဲ ၁နာရီက တောင်ပိုင်း ခရိုင်အတွင်းရှိ မြို့နယ်များမှ လူငယ်နှင့်အမျိုးသမီးထုများ တွေ့ဆုံ ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ဒဂုံတောင်ပြည်ခိုင်ဖြိုးအာဟာရဒါနပြုလှူဒါန်း

 

ရန်ကုန် မတ် ၁၄

ရန်ကုန်တိုင်းဒေသကြီးတောင် ဒဂုံမြို့နယ်(၆၅)ရပ်ကွက် မင်း ကွန်းကျောင်းပရိယတ္တိစာသင်တိုက် တွင် နှစ်စဉ်ရင်သွေးငယ်များ အတွက်ဖွင့်လှစ်သင်ကြားပေးသော ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင် တန်းတက်ရောက်နေကြသော ကလေးငယ်များအားတစ်နေ့တာ အာဟာရဒါနအလှူရှင်အဖြစ် ဒဂုံ တောင်ပြည်ခိုင်ဖြိုးပါတီနာယက ဒေါက်တာခင်မောင်ထွန်းနှင့်ဇနီး ဒေါ်ဥမ္မာသန်း၊သမီးဖြစ်သူမအိနြေ္ဒ ကြည်ဖြူမင်း(ထက်လင်းနှင့်ရွှေ ခေါင်းပေါင်း)မိသားစုတို့နှင့်ဒဂုံ တောင်ပြည်ခိုင်ဖြိုးပါတီတို့မှ အချို ရည်ဘူးများဖြင့် ကလေးငယ် ၅၅ဝအတွက် ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ဒဂုံတောင်ပြည်ခိုင်ဖြိုး ပါတီမြို့နယ်ဥက္ကဋ္ဌဒေါ်စမ်းစမ်းဌေး နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ၆၅ရပ်ကွက် နယ်မြေတာဝန်ခံ ဦးပေါ်ကြာ၊ ရပ်ကျေးဥက္ကဋ္ဌနှင့် မြို့နယ် လူငယ်ထုအဖွဲ့ဝင်များက သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းပြည်ခိုင်ဖြိုး တိုင်းခရိုင်မြို့နယ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပါတီဗဟိုအလုပ်အမှုဆောင် တက်ရောက်

 

မတ်လ ၁၃

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းခရိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ (၁၃) ရက်နေ့ နေ့လည် (၁၂) နာရီက ရန်ကုန်တိုင်းပါတီ ကော်မတီရုံး စည်းဝေးခမ်းမတွင် ကျင်းပကြောင်း သိရှိရသည်။

ပါတီဗဟိုအတွင်းရေးမှူး ရန်ကုန်တိုင်းပြည်ခိုင်ဖြိုး (၅၇)ကြိမ်မြောက်သွေးလှူဒါန်းပွဲ တက်ရောက်

 

မတ်လ ၁၀

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူများ၏ ကျန်းမာရေးအထောက်အကူပြု လုပ်ငန်းအဖြစ် ရန်ကုန်အမျိုးသား သွေးလှူဌာနတွင် စဉ်ဆက်မပြတ်သွေးလှူဒါန်းခဲ့ကြရာ ယမန်နေ့ နံနက်(၁၀)နာရီက(၅၇)ကြိမ်မြောက်အဖြစ် သွေးလှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သွေးလှူဒါန်းပွဲသို့ ပါတီဗဟိုအတွင်းရေးမှူး ဒါက်တာစန်းစန်းနွယ် ရန်ကုန်တိုင်းပါတီ အတွင်းရေးမှူး ဒေါက်တာကျော်စိုး ပါတီဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်း၊ဒေါ်သင်းသင်းမိုး၊အမျိုးသားသွေးလှုဌာန ဒုညွှန်ကြားရေးမှုးချူ ပ် ဒေါက်တာသီတာအောင်နှင့် တိုင်းခရိုင်ပါတီကော်မတီဝင်များ မြောက်ပိုင်းခရိုင်ရှိမြို့နယ် ပါတီကော်မတီဝင်များ သွေးလှူဒါန်းမည့် ပြည်ခိုင်ဖြိုးပါတီဝင်များ တက်ရောက်ကြသည်။

ပြည်ခိုင်ဖြိုးစည်ပင်ကိုယ်စားလှယ်လောင်းများ အောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူ

 

ရန်ကုန် မတ် ၁ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဆိပ်ကြီးခနောင်တိုမြို့ နယ်မှ မြို့နယ်စည်ပင်သာယာရေး ကော်မတီရွေးချယ်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်း များ၏ အောင်နိုင်ရေးဆိုင်းဘုတ် တင် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်က မြို့နယ်ပါတီ ရုံးရှေ့၌ အောင်နိုင်ရေးဆိုင်းဘုတ် အားတိုင်းပါတီကော်မတီဝင်ဒေါ်မိုး မိုးအိ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးလွင်ဦး၊ ခရိုင်ပါတီအတွင်းရေးမှူးဦးဆန်းဝင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ် ထွေးနှင့် ရွေးကောက်ခံကိုယ်စား လှယ်များက အမွှေးနံ့သာရည်များ ပက်ဖျန်း၍ စိုက်ထူခဲ့ကြသည်။

ကော့မှူးပြည်ခိုင်ဖြိုးပါတီ မြို့မိမြို့ဖများနှင့် တွေ့ဆုံ

 

ရန်ကုန် မတ် ၇

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့ပေါ်ရပ်ကွက် ခုနစ်ရပ် ကွက်နှင့် မြို့မိမြို့ဖများတွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပါတီရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

ကော့မှူးမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ပါတီအသုံးစရိတ်ငွေလှူဒါန်း အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

 

ကော့မှူး မတ် ၅

ရန်ကုန်တိုင်းဒေသကြီး ကော့ မှူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီအလုပ်ရုံ ဆွေးနွေးပွဲနှင့်ပါတီဥက္ကဋ္ဌဦးရွှေဘော် (ခ)ဦးဝင်းထွန်းနိုင်က ပါတီအသုံး စရိတ်ငွေကျပ် ၁ဝဝဝဝဝလှူဒါန်း ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ပါတီရုံးခန်းမတွင်ပြုလုပ်ခဲ့သည်။