ရန်ကုန် မေ ၂၁
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် Yunnan Normal University တွင် ယခုနှစ် မေလ ၂၁ ရက်မှ ၂၈ ရက်အထိ ဖွင့်လှစ်မည့် တရုတ်ဘာသာစကား ကွင်းဆင်း လေ့လာရေး သင်တန်း တက်ရောက်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဒေါ်အေးအေးမြင့် ခေါင်းဆောင် သည့် အဖွဲ့ဝင် ငါးဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ နံနက် ၁ဝ နာရီ ၅၅ မိနစ်တွင် တရုတ်လေကြောင်း ခရီးစဉ် MU 2580 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ ထွက်ခွာသည်။