တောင်ဥက္ကလာပမြို့နယ်ပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးများ ရွေးချယ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌနှင့် ဘဏ္ဌာရေးမှူး ရွေးချယ်ပွဲကို ယနေ့ (ဇူလိုင်လ ၂၉) ရက် နံနက်ပိုင်းက မြို့နယ်ပါတီ ယာယီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပြီး တောင်ဥက္ကလာပမြို့နယ်ပါတီဥက္ကဋ္ဌအဖြစ် ဦးဌေးလွင်၊ အတွင်းရေးမှူး အဖြစ် ဦးကျော်စိုးဦး၊ ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်စုလှမြတ်တို့ကို တာဝန်ပေးရွေးချယ်နိုင်ခဲ့ကြကြောင်း သိရှိရသည်။

ရွှေပြည်သာမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပညာဒါနသင်တန်းများ ဖွင့်လှစ် သင်ကြားပေး

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပါတီရုံးတွင် (၉) တန်း၊ (၁၀) တန်း ပညာဒါနသင်တန်းများအား ဝါရင့်ဆရာ/ဆရာမများမှ နေ့စဉ် နေ့လည် (၁) မှ ညနေ (၄) နာရီခွဲအချိန်အထိ ဖွင့်လှစ်သင်ြကားပေး လျှက်ရှိသည်။

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ရန်ကုန်အရှေ့ပိုင်းခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်အားပေး

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက် နှာစုံညီအစည်းအဝေးနှင့် ခရိုင်ကော်မတီအသစ်များ ရွေးချယ်ပွဲကို ဇူလိုင်လ (၂၄) ရက် နံနက် ၉ နာရီက သင်္ဃန်းကျွန်းမြို့နယ်ရှိ အရှေ့ပိုင်းခရိုင်ရုံးခန်းမ၌ ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌဦးဌေးဦးနှင့် ဗဟိုကော်မတီဝင် ဦးခင်မောင်စိုးနှင့် ဦးတင်အောင်တို့ တက်ရောက်ကြသည်။

ပန်းဘဲတန်းပါတီရုံးတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင် ပန်းဘဲတန်းမြို့နယ်ပါတီရုံးတွင် ဇူလိုင်လ (၂၄) ရက် နံနက် ၁ဝ နာရီက ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆက်ကပ် လှူဒါန်းခြင်းကို ကျင်းပခဲ့သည်။

ရှေးဦးစွာ မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက်ကြီး ၏ ပဓာနနာယကဆရာတော် သာသနာ့ တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် အဂ္ဂမဟာပဏ္ဍိတ မဟာဂန္ထဝါစက ဘဒ္ဒန္တကုမာရ အမှူးပြုသည့် သံဃာတော် အရှင်သူမြတ်တို့ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။

ဝါဆိုတော်မူကြမည့်သံဃာတော်များအား ဝါဆိုပန်းဆက်ကပ်

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဆရာ ဒကာကျောင်းဖြစ်သော ဟင်္သာတသုံးထပ်စာသင်တိုက်တွင် ဝါဆိုတော်မူကြမည့် ဆရာတော် ဦးဝဏ္ဏိတနှင့် သံဃာတော်များအား ဝါဆိုပန်းများကို ယခုလ ၂၁ ရက် ညနေ ၆ နာရီတွင် ဆက်ကပ်လှူဒါန်းခဲ့သည်။

၎င်းလှူဒါန်းပွဲသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဒေါ်လဲ့လဲ့အေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက် ၂ဝ မှပါတီဝင်များ တက်ရောက်လှူဒါန်းကြကြောင်း သိရသည်။

ရန်ကုန်အနောက်ပိုင်းခရိုင်ပါတီ မျက်နှာစုံညီစည်းဝေး ခရိုင်ကော်မတီဝင်အသစ်များရွေးချယ်

ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး ပါတီမျက်နှာစုံညီအစည်းအဝေးနှင့် ခရိုင်ကော်မတီအသစ်ရွေးချယ်ပွဲ ကို အလုံမြို့နယ်ရှိ အနောက်ပိုင်း ခရိုင် ပြည်ခိုင်ဖြိုးရုံးခန်းမ၌ ဇူလိုင်လ (၂၂) ရက် နံနက် ၁ဝ နာရီကကျင်းပရာ ပါတီ ဗဟိုကော်မတီဝင်များဖြစ်သော ဦးနန္ဒကျော်စွာ၊ ဦးခင်မောင်စိုး၊ ဦးတင်ဝင်း၊ ဦးတင်အောင်နှင့် ဦးသာဝင်း (ရန်ကုန်တိုင်း ဒေသကြီး အတွင်းရေးမှူး)တို့ တက်ရောက်ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အာဇာနည်နေ့အထိမ်းအမှတ် ဝါဆိုသင်္ကန်းကပ်လှူ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဗဟန်းမြို့နယ်ရှိ တိုင်း ဒေသကြီး ပါတီရုံးခန်းမ၌ ဇူလိုင်လ (၁၇) ရက်နေ့ နံနက် ၁ဝ နာရီတွင် (၆၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဝါဆိုသင်္ကန်း ကပ်လှူသည်။ 

YGN Waso

(more…)


ကော့မှူးပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည်ရွေးချယ် ဖွဲ့စည်းရေး ကျင်းပပြီးစီး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် မြို့နယ်ပါတီကော်မတီ ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို ဇူလိုင်လ (၁၃) ရက်က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီအား ကော့မှူးမြို့နယ်ပါတီ ဥက္ကဋ္ဌ အဖြစ် ဦးကျော်ဇင်ဟိန်း၊ အတွင်းရေးမှူး အဖြစ် ဦးကြည်ငြိမ်း၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးအေးနိုင် အပါအဝင် မြို့နယ်ကော်မတီဝင် (၁၃) ဦးပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ရပ်ကွက်ပါတီကော်မတီ ပုံမှန်စည်းဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်နှင့် မြို့နယ်ပါတီ ပုံမှန်အစည်းအဝေးကို ဇူလိုင်လ (၁၃) ရက်က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီခေါင်းဆောင်များ တက်ရောက် ခဲ့ကြပြီး ပါတီလုပ်ငန်းဆိုင်ရာများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Jasmine Phyu

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဗဟန်းမြို့နယ် ပါတီကော်မတီဝင် အသစ်များနှင့် တွေ့ဆုံ လမ်းညွှန်မှာကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်လာလျှင် အရေးကြီးသည့် အချက်မှာ ယုံကြည်မှုဖြစ်ပြီး ယုံကြည်မှုအတိုင်း ပါဝင်ဆောင်ရွက်သည့် ခံယူချက်နှင့် ပါတီဝင်များ၏ စည်းရုံး ရေးစွမ်းရည်မှာ အရေးကြီးသည့် အချက်များဖြစ်ကြောင်း ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။

Bahan2

(more…)