ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ (၂၆)ကြိမ်မြောက် သွေးလှူဒါန်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှကြီးမှူး၍(၂၆)ကြိမ်မြောက် သွေးလှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာလ (၃) ရက် နံနက် (၉) နာရီက ရန်ကုန်အမျိုးသား သွေးလှူဘဏ်၌ ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ရန်ကုန်အနောက်ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးနေဝင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ် ပါတီဥက္ကဋ္ဌများနှင့် ပါတီဝင် ၂ဝဝ ကျော်တက်ရောက်ကြသည်။

ဆိပ်ကြီးခနောင်တိုပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်စာကြည့်တိုက်သို့ စာအုပ်/ဂျာနယ် များ သွားရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးယဉ်ထွေး ဦးဆောင်၍ မြို့နယ်ကော်မတီဝင်များလိုက်ပါကာ ပန်းပင်ချောင်ရပ်ကွက် အလင်းရောင် စာကြည့်တိုက်သို့ သြဂုတ်လ (၃၁) ရက် နံနက် (၁၀) နာရီအချိန်က စာအုပ်နှင့် ဂျာနယ်များ သွားရောက်လှူဒါန်းခဲ့ကြသည်။

ထိုလှူဒါန်းပွဲ အခမ်းအနားသို့ ရပ်ကွက်၊ ကျေးရွာ ပါတီကော်မတီဝင်များ၊ ပြန်/ဆက်မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ဒုတိယအကြိမ် ပါတီဗဟိုညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲနှင့် လပတ်အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ နေပြည်တော်တွင် ကျင်းပပြီးစီးခဲ့သော ဒုတိယအကြိမ် ပါတီညီလာခံ မျက်နှာစုံညီ အစည်းအဝေး အတွေ့အကြုံနှင့် လပတ်အစည်းအဝေးကို သြဂုတ် (၃၁) ရက် ညနေ ၄နာရီက ကျင်းပခဲ့ရာ အစည်းအဝေးသို့ အင်းစိန်မြို့နယ်အတွင်းရှိ ရပ်/ကျေးနှစ်မြို့နယ် မှဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် မြို့နယ်ကော်မတီဝင် အင်အား (၅ဝ) တက်ရောက်ကြသည်။

တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရကျောင်းသား/သူများ ဂုဏ်ပြုချီးမြှင့်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရပ်/ကျေးပုံမှန် အစည်းအဝေးကို သြဂုတ်လ (၃၁) ရက်နေ့က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

(more…)


ရန်ကုန်တိုင်းဒေသကြီးပါတီ တိုင်း/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ ခေါင်းဆောင်များ လစဉ်ပုံမှန်စည်းဝေး

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ယနေ့ (၃၀-၈-၂၀၁၆) ရက်နေ့ နံနက် (၁၀) နာရီအချိန်က တိုင်း/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ ခေါင်းဆောင်များ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ရာ တိုင်းပါတီအတွင်းရေးမှူး ဦးသာဝင်း တက်ရောက်၍ အဖွင့်လမ်းညွှန်အမှာစကား ပြောကြား ခဲ့သည်။

လှိုင်သာယာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရေဘေးသင့်ပြည်သူများအတွက် ဆန်နှင့် အ၀တ်အထည်များ သွားရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဥာဏ်ဝင်း ဦးဆောင်သည့် မြို့နယ်ပါတီ ကော်မတီဝင်များနှင့် ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီကော်မတီဝင်များ စုပေါင်းမှုဖြင့် (၂၈.၈.၂၀၁၆) နေ့တွင် ထန်းတပင်မြို့နယ်နှင့် ညောင်တုန်း မြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအတွက် ဆန်နှင့် အ၀တ်အထည်များ သွားရောက်လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

#Yangon Thar

စမ်းချောင်းမြို့နယ်/ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ပုံမှန်စည်းဝေးပြုလုပ်

 

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် စမ်းချောင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်/ ရပ်ကွက်ပါတီကော်မတီဝင်များ ပုံမှန်အစည်းအဝေးကို သြဂုတ်လ (၂၅) ရက်နေ့ မွန်းတည့် (၁၂) နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ မြို့နယ်ပါတီပါတီအတွင်းရေးမှူး ဦးစိုးမြင့်မှ ပါတီဗဟိုမှ ချမှတ်ထားသောဦးတည်ချက်များနှင့် ပါတီ၏ ရှေ့လုပ်ငန်းစဉ် များကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး မိုးတွင်းကာလ သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်ရေးအတွက် ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများ ဆောင်ရွက် ရန်နှင့် အမျိုးဘာသာသာသနာ လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ဒုတိယအကြိမ်ပါတီညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒဂုံမြောက် ပြည်ခိုင်ဖြိုး စေတီတော်အထူးသန့်ရှင်းရေး ဆောင်ရွက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့  သြဂုတ်လ (၂၁) ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်ကြီးချမ်းသာမဟာစေတီတော် (မြို့ဦးစေတီတော်) တွင် အထူးသန့်ရှင်းရေးလုပ်အားပေးပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။

14064227_861450723988341_4946975730191947710_n

(more…)


မြောက်ပိုင်းခရိုင် ရှစ်မြို့နယ်မှပါတီဝင်များ တိုက်ကြီးရေဘေး သင့်ပြည်သူများအားငွေကျပ်သိန်း ၄ဝ တန်ဖိုး ရှိ အစားအသောက်များလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး မြောက် ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်း လှိုင်မြစ်ရေကြီးမှုကြောင့် ရေနစ်မြုပ် လယ်ဧက ၃၁၉ဝနှင့် အိမ်ထောင်စု များ၊ရေနစ်မြုပ်လျက်ရှိသော ကျေး ရွာဒေသများသို့ မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင်ယု နှင့်ခရိုင်အတွင်းရှိ မြို့နယ်ရှစ်မြို့ နယ်မှမြို့နယ်ဥက္ကဋ္ဌများ ဦးဆောင်၍ ပါတီဝင်များသည် ယမန်နေ့ နံနက် ၆နာရီက လူသုံးကုန်နှင့်စားသောက် ကုန်များသွားရောက်လှူဒါန်းသည်။
ရေနစ်မြုပ်လျက်ရှိသော တိုက် ကြီးမြို့နယ်အတွင်းမှ တော်လတီ ကျေးရွာ၊ အလယ်ဘုတ်ကျေးရွာ၊ ဖက်ဝန်းကုန်းကျေးရွာ၊ ဘော်လ ကွတ်ကျေးရွာ၊ ကတိုင်စိန်ကျေးရွာ များမှ အိမ်ထောင်စုပေါင်း ၃၇၇စု၊ လူဦးရေ ၁၆ဝဝ တို့အား ဆန်အိတ် ၅ဝ နှင့်အတူခေါက်ဆွဲခြောက်ထုပ်၊ ငါးသေတ္တာ၊ ဘီစကစ်၊ ရေသန့် နှင့်အဝတ်အထည်များကို သွား ရောက်လှူဒါန်းရာ ရပ်မိရပ်ဖများ နှင့် ကတိုင်စိန်ကျေးရွာ ရာဇရံသီ ဘုန်းတော်ကြီးကယ်ဆယ်ရေးစခန်း ဆရာတော်တို့ကလက်ခံပြီး ရွာသူ ရွာသားများအား ခွဲဝေပေးကြောင်း သိရသည်။

အင်းစိန်မြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ရပ်/ကျေးကော်မတီများနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအင်းစိန် မြို့နယ် ပါတီဥက္ကဋ္ဌဦးတင့်လွင်နှင့် မြို့နယ်ကော်မတီ ဝင်များသည် ယခုလ ၁၃ ရက် ညနေ ၄ နာရီက အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက် ရပ်ကွက် ပါတီဥက္ကဋ္ဌ ဦးကြည်စိုးနှင့် ရပ်ကွက်ပါတီကော်မတီ ဝင်များ၊ ရပ်မိရပ်ဖများနှင့် အဆိုပါရပ်ကွက်ပါတီ ဥက္ကဋ္ဌနေအိမ်၌ တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပါတီဝင်များ လိုက်နာရမည့် စည်းကမ်းချက် ၂၁ ချက်အား မြို့နယ်ဥက္ကဋ္ဌ ဦးတင့် လွင်က အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး တက် ရောက်လာကြသူ ရပ်မိရပ်ဖများနှင့်ရပ်/ကျေး ကော် မတီဝင်များက ဆွေးနွေးကြကြောင်း သိရသည်။