
2022 AFF Mitsubishi Electric Cup အုပ်စုမဲခွဲပွဲကို ဩဂုတ် ၃၀ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပပြုလုပ်ခဲ့သည်။မြန်မာလက်ရွေးစင်အသင်းသည် အုပ်စု (ခ)တွင် ဗီယက်နမ်၊မလေးရှား၊ စင်ကာပူ၊ လာအိုတို့နှင့် ကျရောက်ခဲ့ပြီး အုပ်စု (က)တွင် ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား ၊ ဘရူနိုင်းနှင့် တီမောအသင်းတို့ထဲမှ ခြေစစ်ပွဲအောင်အသင်း တို့ ပါ၀င်မည်ဖြစ်သည်။









