
စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရ ပြီးနောက် (၂၄)နှစ်အတွင်း အသင်းသမိုင်း၏ မှတ်တမ်းဆိုးတစ်ခုကို ပထမဆုံးအကြိမ် ပြန်လည်ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ဘာစီလိုနာအသင်းသည် ယခုရာသီအပါဝင် ချန်ပီယံလိဂ် အုပ်စုအဆင့်မှ (၂)ရာသီဆက်တိုက် ထွက်ခွာခဲ့ရခြင်းဖြစ်ခဲ့ပြီး နည်းပြဟောင်း ဗန်ဟားလ်လက်ထက် ၁၉၉၇-၉၈၊ ၁၉၉၈-၉၉ ရာသီ (၂)ရာသီဆက်တိုက် အုပ်စုမှထွက်ခဲ့ရပြီးနောက်ပိုင်း ယင်းမှတ်တမ်းဆိုးကို တစ်ကျော့ပြန်ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။









