
“ဒါဟာ အရမ်းပြင်းထန်တဲ့ ထိုးနှက်ချက်ဖြစ်ပြီး နာကျင်စေမယ့် ရှုံးနိမ့်မှုပါပဲ၊ ဒါပေမယ့် ကျနော်တို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုဆက်ရှိရပါမယ်” လို့ အာဂျင်တီးနားက အုပ်စု C မှာ ၂-၁ ဂိုးနဲ့ ရှုံးပြီးနောက် မက်ဆီက ပြောပါတယ်။ “ဒီအစုအဖွဲ့က အရှုံးပေးသွားမှာ မဟုတ်ပါဘူး။ ကျနော်တို့တွေ မက္ကဆီကို,ကို အနိုင်ယူဖို့ ကြိုးစားမှာပါ” ဟု သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။









