
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က မိမိတို့အသင်းအနေဖြင့် ရှုံးထွက် အဆင့်ပွဲစဉ်များ(ရှုံးထွက် ၁၆ သင်းအဆင့်၊ ကွာတားဖိုင်နယ်၊ ဗိုလ်လုပွဲ)အတွက် ဆီမီးဖိုင်နယ်အထိ တက်ရောက်ခဲ့သော ပြီးခဲ့သည့် ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားကထက် ယုံကြည်မှုပိုရှိလာကြောင်း ဝေးလ်စ်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။ အင်္ဂလန်အသင်းသည် ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သည့် အုပ်စု (B) နောက်ဆုံးပွဲစဉ် ဗြိတိန်ဒါဘီပြိုင်ဘက် ဝေးလ်စ်အသင်းကို ရပ်ရှ်ဖို့ဒ် (၂ ဂိုး)၊ ဖိုဒန်တို့၏ သွင်းဂိုးများကြောင့် (၃-ဝ) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရမှတ် (၇)မှတ် ရရှိကာ အုပ်စုပထမနေရာဖြင့် ရှုံးထွက် (၁၆) သင်းအဆင့် သို့ တက်ရောက်နိုင်ခဲ့သည်။












