
မန်ယူနည်းပြ တန်ဟက်ဂ်က မိမိတို့အသင်းမှာ ယုံကြည်မှုမြင့်မားလာသော်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်မည်ဟု ပြောဆိုရန်မှာမူ စောလွန်းနေသေးကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ မန်ယူအသင်းသည် ဇန်နဝါရီ (၃)ရက်က ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ဘုန်းမောက်အသင်းအား အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်တွင် (၃-ဝ) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။






