
ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုအနေဖြင့် ဂါနာနှင့်ပွဲမှ အငြင်းပွားဖွယ်ပယ်နယ်တီကို ပါရမီရှင်တစ်ဦး ပုံစံဖြင့် ရယူခဲ့ခြင်းဖြစ်ကြောင်း ဖီဖာ၏ နည်းစနစ်လေ့လာရေး အဖွဲ့ဝင် ကိုလံဘီယာဂိုးသမားဟောင်း မွန်ဒရာဂွန်က မှတ်ချက်ပြုခဲ့သည်။ ယင်းပွဲ၌ ဂါနာနောက်ခံလူ ဆာလီဆူက စီရော်နယ်လ်ဒိုကို တားဆီးရာမှ ပေါ်တူဂီအသင်း ပယ်နယ်တီရရှိခဲ့ ခြင်းဖြစ်သည်။ ဂါနာနည်းပြ အော့တိုအက်ဒိုက အဆိုပါဆုံးဖြတ်ချက်မှာ ဒေါသထွက်စရာဖြစ်သလို ပေါ်တူဂီအသင်းအား အထူးလက်ဆောင်ပေး လိုက်ခြင်းဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။












