
ကမ္ဘာ့ဖလားယှဉ်ပြိုင်ရမယ့် အင်္ဂလန်အသင်းအတွက် ပဏာမ ကစားသမား ၅၅ ယောက်စာရင်းမှာ ဘရိုက်တန် တိုက်စစ်မှူး ဒမ်နီဝဲလ်ဘက်ခ်လည်း ပါဝင်လာပါတယ်။ နည်းပြ ဆောက်ဂိတ်ဟာ ၂၀၁၈ နောက်ပိုင်း ရွေးချယ်ခြင်းမခံရတော့တဲ့ တိုက်စစ်မှူးဝဲလ်ဘက်ခ်ကို ပဏာမ ၅၅ ဦး လူစာရင်းမှာ ထည့်သွင်းခဲ့တာပါ။ ဝဲလ်ဘက်နဲ့အတူ ဘရိုက်တန်ခံစစ်မှူး လူးဝစ်ဒမ့်၊ လက်စတာ ကမက်ဒီဆန်၊ ခရစ္စတယ်ပဲလေ့က အီဇီ၊ နယူးကာဆယ်တိုက်စစ်မှူး ဝီလ်ဆင် တို့လည်းပါဝင်တယ်လို့ သိရပါတယ်။









