
ဂျာဗီနို မက်လိန်းက အရင်ကတော့ ပရော်ဖက်ရှင်နယ်အားကစားသမားတစ်ယောက်ပါ။ အခုတော့ သူက မှတ်ဉာဏ်ချို့ယွင်းတဲ့သူတွေနဲ့ မသန်စွမ်းတဲ့သူတွေအတွက် ဟီးရိုးတစ်ယောက်ဖြစ်နေပါတယ်။ ဂျာဗီနိုက သူတို့အတွက် သီးသန့် Gym တစ်ခု ဖွင့်ထားလို့ပါ။ သူဟာ အခကြေးငွေမယူဘဲ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာအောင် ကူညီပေးဖို့ မန်ချက်စတာမြို့မှာ J7 Community Health Center ကို ဖွင့်ခဲ့ပါတယ်။









