
ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးတွေ ကြုံတွေ့ခဲ့ပြီးနောက် ဆောက်သမ်တန်အသင်းဟာ နည်းပြ နေသန်ဂျုံးစ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ အသက် ၄၉ နှစ်အရွယ် နည်းပြ ဂျုံးစ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်ကမှ ဆောက်သမ်တန်အသင်းကို စတင်တာဝန်ယူခဲ့တာပါ။ ဒါပေမဲ့ ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ၉ ပွဲအထိ ရှုံးနိမ့်ခဲ့သလို စနေညကလည်း အိမ်ကွင်းမှာ ဝူလ်ဗာဟမ်တန်ကို ၂ ဂိုး ၁ ဂိုး နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။










