ပီအက်စ်ဂျီမှာပဲ ဆက်နေချင်ပြီး သူအနေနဲ့ အသင်းနဲ့ ငါးနှစ်ကစားပြီးဖြစ်လို့ ဘယ်သူ့ကိုမှ သက်သေပြစရာ မလိုတော့ဘူးလို့ နေမာ ကပြောကြားပါတယ်။ မိမိရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ပီအက်စ်ဂျီ က မည်သူတစ်ဦးတစ်ယောက်ကမှ သူ့ကိုစကားလာပြောတာမရှိပေမယ့် သူ့အနေနဲ့ကတော့ ပြင်သစ်မြို့တော်မှာပဲ မက်ဆီ ၊ ဘက်ပေ တို့နဲ့အတူ ဆက်ကစားချင်တယ်လို့ ဘရာဇီးတိုက်စစ်မှူး က ပြောပါတယ်။