
ကယန်းလက်ဝှေ့မယ် ဘရော်နီကာသည် ထိုင်းမွေထိုင်းလက်ဝှေ့မယ်ကို ပထမအချီမှာပင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။
ကယန်းလက်ဝှေ့မယ် ဘရော်နီကာနှင့် ထိုင်းမွေထိုင်းလက်ဝှေ့မယ် Nongbew Tor Thepsutin တို့သည် (ဖေဖော်ဝါရီလ ၄ ရက်) ညနေတွင်ကျင်းပမည်တွင် ကျင်းပမည့် Thai Fight ပြိုင်ပွဲတွင် ထိုးသတ်ခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ထိုးသတ်ရာ ဘရော်နီကာက အသာစီးထိုးသတ်ခဲ့သည်ကို့တွေ့ရပြီး ပထမအချီမှာပင် ထိုင်းဖိုက်တာအမှတ်စဉ်ရေခံခဲ့ကာ သိပ်မကြာခင်အချိန်တွင် ဒိုင်မှပွဲရပ်ခဲ့ပြီးနောက် ဘရော်နီကာကို အနိုင်ပေးခဲ့သည်။
ကယန်းလက်ဝှေ့မယ် ဘရော်နီကာသည် (၂) နှစ်ဆက်တိုက် အမျိုးသမီး Thai Fight ချန်ပီယံဖြစ်ပြီး (၁၇) ပွဲဆက်အနိုင်ယူထားနိုင်သည့် ပြိုင်ဘက်ကင်းလက်ဝှေ့မယ် တစ်ဦးလည်းဖြစ်လာခဲ့သည်။









