ဇန်နဝါရီ ၅
မြန်မာလူမျိုး ချင်းတိုင်းရင်းသား UFC ဖိုက်တာဂျိုရှူအာဗန် ၎င်း၏ UFC ဖိုက်တာဘ၀ တတိယမြောက်ပွဲစဉ်အဖြစ် UFC Fight Night ပြိုင်ပွဲတွင် ဘရာဇီးဖိုက်တာ ဖီလစ်ပီဘူနက်စ်နှင့် ထိုးသတ်သွားရမည် ဖြစ်ကြောင်း သိရပါတယ်။
ဇန်နဝါရီ ၅
မြန်မာလူမျိုး ချင်းတိုင်းရင်းသား UFC ဖိုက်တာဂျိုရှူအာဗန် ၎င်း၏ UFC ဖိုက်တာဘ၀ တတိယမြောက်ပွဲစဉ်အဖြစ် UFC Fight Night ပြိုင်ပွဲတွင် ဘရာဇီးဖိုက်တာ ဖီလစ်ပီဘူနက်စ်နှင့် ထိုးသတ်သွားရမည် ဖြစ်ကြောင်း သိရပါတယ်။
ဇန်နဝါရီ ၃
ကယန်းတိုင်းရင်းသူ မွေထိုင်းလက်ဝှေ့မယ် ဘရော်နီကာဟာ ၂၀၂၃ ခုနှစ်အတွက် စူပါဘန်တမ်ဝိတ်တန်း၏ အကောင်းဆုံးအမျိုးသမီး မွေထိုင်းကစားသမားအဖြစ် သတ်မှတ်ခံရကြောင်း World Muay Thai Organization ၏ အသိပေးထုတ်ပြန်ချက်အရ သိရပါတယ်။
သူမက ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး မွေထိုင်းကစားသမား ထိပ်တန်း (၁၀)ဦးအနက် နံပါတ် (၇) နေရာ၌ ရပ်တည်နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။
ဇန်နဝါရီ ၃
လိဂ်ချန်ပီယံရွစ်ကလပ် ဘာမင်ဂမ်အသင်းသည် ကိုင်တွယ်ခဲ့သည့် ပြိုင်ပွဲစုံ (၁၅) ပွဲတွင် (၉) ပွဲအထိရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြဖြစ်သူ ဝိန်းရွန်နီအား ရာထူးမွထုတ်ပယ်ခဲ့ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
အသက် (၃၈) နွစ်အရွယ်ရွိ မန်ယူနွင့် အဂ်လန်ဂန္ထဝင်တိုက်စစ်မှူးဟောင်း ရွန်နီသည် ၂၀၂၃ အောက်တိုဘာ (၁၁) ရက်နေ့က ဘာမင်ဂမ်အသင်းအား စတင်ကိုင်တွယ်ခဲ့ပြီး (၃) လနီးပါးအကြာတွင် ရာထူးမွထုတ်ပယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။
ဇန်နဝါရီ ၂
၂၀၂၃ ခုနှစ်အတွက် မြန်မာ နေရှင်နယ် ချန်ပီယံရှစ်ဆုအား ကြက်တောင်မယ် သက်ထားသူဇာ ဆွတ်ခူးရရှိခဲ့ကြောင်း ၎င်း၏ အင်စတာဂရမ်တွင် ဖော်ပြထားပါတယ်။
သက်ထားသူဇာသည်၂၀၂၃ ခုနှစ်တစ်နှစ်တာ အတွက် မြန်မာ နေရှင်နယ် ချန်ပီယံရှစ်ဆုအား ရွှေတံဆိပ်ဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။
ဇန်နဝါရီ ၂
ရီးယဲလ်မက်ဒရစ်အသင်းက အသင်းတိုက်စစ်ပိုင်း အတွက် လာမည့်ဇန်နဝါရီလ ကစားသမားအပြောင်း အရွှေ့ကာလတွင် ကာလရှည်ခေါ်ယူရန် ပစ်မှတ် ထားနေသည့် ပီအက်စ်ဂျီအသင်းမှ အမ်ဘတ်ပီကို ခေါ်ယူရန် ပြင်ဆင်လျက် ရှိကြောင်း သိရပါတယ်။
ရီးယဲလ်မက်ဒရစ် အသင်းသည် ပြီးခဲ့သည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ ကာလကတည်းက အမ် ဘတ်ပီကိုခေါ်ယူရန် ကြိုးပမ်းခဲ့ရာ အမ်ဘတ်ပီနှင့် သဘောတူညီမှု ရရှိခဲ့သော်လည်း ပီအက်စ်ဂျီအသင်း က အကြိမ်ကြိမ် ငြင်းပယ်ခဲ့သည့် အတွက် မခေါ်ယူနိုင် ခြင်းဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၆
ဘာစီလိုနာအသင်း တိုက်စစ်မှူးဟောင်း လူးဝစ်ဆွာရက်ဇ်က အသင်းဖော်ဟောင်းတွေရှိနေတဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကို ပြောင်းရွှေ့ခဲ့ပြီး တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
အသက် ၃၆ နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ဟာ ဘရာဇီးကလပ် ဂရီမီယိုအသင်းနဲ့ လမ်းခွဲပြီးနောက်မှာ မက်ဆီကစားနေတဲ့ အင်တာမိုင်ယာမီအသင်းသို့ ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၁
ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့မယ် ဘရော်နီကာသည် Thai Fight Queen’s Cup ဗိုလ်လုပွဲအဖြစ် ထိုင်းနိုင်ငံသူ မွေထိုင်းမယ် ဖာရာဆင်းဂါနှင့် ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။ အဆိုပါပွဲစဉ်ကို လာမည့် ဒီဇင်ဘာ(၂၄)ရက်တွင် အယုဒ္ဓယမြို့၌ ကျင်းပသွားမည်ဖြစ်ပြီး ချန်ပီယံခါးပတ်လုပွဲ တွဲဆိုင်း(၅) ပွဲ ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။
ဒီဇင်ဘာ ၂၀
မန်ယူအသင်းသည် အသင်းတွင် ဆက်လက်ထိန်းသိမ်းထားလိုခြင်းမရှိသည့် ကက်စီမီရို၊ ဗာရန်း၊ ဆန်ချိုနှင့် မာစီယဲလ်တို့၏ အပြောင်းအရွှေ့အတွက် ဆော်ဒီကလပ်များနှင့် ဆွေးနွေးရန် စီစဉ်နေပြီး ဘောလုံးဒါရိုက်တာ ဂျွန်မာတောက်သည် ဆော်ဒီနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။
ထို့အပြင် မန်ယူအသင်းသည် နည်းပြ တန်ဟက်ဂ်နှင့် ဆက်ဆံရေးအဆင်မပြေသည့် ဆန်ချိုအပါအဝင် တန်ဟက်ဂ် အကြိုက်မတွေ့သော ဗာရန်း၊ ကက်စီမီရိုနှင့် မာစီယဲလ်တို့ကိုလည်း ရောင်းထုတ်ရန် စီစဉ်နေခြင်း ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၅
ဆီဗီလာအသင်းမှ စပိန်ဝါရင့်နောက်ခံလူ ရာမို့စ်သည် လန်းစ်အသင်းအား (၁-၂)ဂိုးဖြင့် အရေးနိမ့်ခဲ့သည့်ပွဲတွင် ပယ်နယ်တီဂိုး သွင်းယူပြီးနောက် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး သွင်းယူနိုင်တဲ့ ခံစစ်မှူးအဖြစ် မှတ်တမ်းဝင်သွားခဲ့တာလည်းဖြစ်ပါတယ်။
ရာမို့စ်အနေဖြင့် ချန်ပီယံလိဂ်သွင်းဂိုး (၁၇)ဂိုး ရှိလာပြီး ဘာစီလိုနာခံစစ်မှူးဟောင်း ဂျရတ်ပီကေးနဲ့ ရီးယဲလ်ဂန္ထဝင်ခံစစ်မှူးကြီး ရော်ဘတ်တို ကားလို့စ်တို့ရဲ့ ၁၆ ဂိုး သွင်းယူခဲ့တဲ့ စံချိန်ကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၅
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက် တနင်္လာနေ့မှာ ကျင်းပသွားမယ့် The Best FIFA Football Awards 2023 ဆုအတွက် နောက်ဆုံး ဆန်ခါတင် ကစားသမား (၃)ဦးစာရင်းကို FIFA က တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။