
ဇန်နဝါရီ ၃၀
လက်ရှိဘောလုံးလောက၌ လုပ်ခလစာအများဆုံး ကစားသမားစာရင်းတွင် အယ်နာဆာအသင်း တိုက်စစ်မှူး စီရော်နယ်ဒိုသည် အင်တာမိုင်ယာမီ အသင်းတိုက်စစ်မှူး မက်ဆီကိုကျော်ဖြတ်ပြီး ထိပ်ဆုံး၌ ရပ်တည်နေကြောင်း သိရပါတယ်။

ဇန်နဝါရီ ၃၀
လက်ရှိဘောလုံးလောက၌ လုပ်ခလစာအများဆုံး ကစားသမားစာရင်းတွင် အယ်နာဆာအသင်း တိုက်စစ်မှူး စီရော်နယ်ဒိုသည် အင်တာမိုင်ယာမီ အသင်းတိုက်စစ်မှူး မက်ဆီကိုကျော်ဖြတ်ပြီး ထိပ်ဆုံး၌ ရပ်တည်နေကြောင်း သိရပါတယ်။

ဇန်နဝါရီ ၃၀
အာဆင်နယ် နည်းပြ အာတီတာဟာ လာမယ့် နွေရာသီမှာ အသင်းကနေထွက်ခွာဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နည်းပြကလော့ပ်နဲ့ ဇာဗီတို့ဟာ ရာသီအကုန်မှာ လီဗာပူးနဲ့ ဘာစီလိုနာအသင်းတို့ကနေ ထွက်ခွာတော့မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
စပိန်မီဒီယာရဲ့ဖော်ပြချက်အရ နည်းပြအာတီတာဟာ အာဆင်နယ်အသင်းကနေ စောစီးစွာထွက်ခွာဖို့စဉ်းစားနေတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၉
မြန်မာ့စပါးအုံး အောင်လအန်ဆန်က One Championship နဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
အသက်၃၈နှစ်ရှိ အောင်လအန်ဆန်ဟာ One Championship တွင် သူ့၏ ချန်ပီယံခါးပတ်ကို ပြန်လည်ရရှိဖို့ စိတ်အားထက်သန်နေပြီး Middle Weigh တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပြန်လည်စိန်ခေါ်ခွင့်ရရန်ကြိုးစားနေပါတယ်။

ဇန်နဝါရီ ၂၅
ယနေ့ နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းက ဖူလ်ဟမ်ကို သရေကစားခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး ၂ ဂိုးနဲ့ ကာရာဘောင်းဖလားဗိုလ်လုပွဲဆီ တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းက စတန်းဖို့ဘရစ်ခ်ျမှာ ဂိုးပြတ်အနိုင်ရပြီးတက်ရောက်လာနိုင်ခဲ့သလို လီဗာပူးလ်ဟာလည်း နှစ်ကျော့ပေါင်းရလဒ်အသာစီးဖြင့် တက်ရောက်လာနိုင်ခဲ့ပါတယ်။

ဇန်နဝါရီ ၂၄
ယနေ့ နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ချဲလ်ဆီးအသင်းက ပထမအကျော့တုန်းက ရှုံးနိမ့်ခဲ့တဲ့ မစ်ဒယ်ဘရော့ကို အိမ်ကွင်းမှာ ဂိုး ဒါဇင်ဝက်ကျော်သွင်းကာ ဗိုလ်လုသွားပွဲသို့ တက်ရောက်သွားပြီဖြစ်ပါတယ်။
ချဲလ်ဆီးအတွက် ဂိုးတွေကိုတော့ အန်ဇို၊ ဒီဆာဆီ၊ ပယ်လ်မား၊ မာဒူကီးတို့ကသွင်းခဲ့ကြတာဖြစ်ပြီး မစ်ဒယ်ဘရော့နောက်ခံလူ ဟောင်ဆန်ကိုယ့်ဂိုးကိုယ်သွင်းခဲ့မိတာကြောင့် og လည်းတစ်ဂိုးရရှိခဲ့ပါတယ်။

ဇန်နဝါရီ ၂၄
အယ်လ်နာဆာအသင်းရဲ့ တရုတ် ခြေစမ်းပွဲ ခရီးစဉ်ကို အယ်လ်နာဆာ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ဒဏ်ရာ အခြေအနေကြောင့် ရွှေ့ဆိုင်းလိုက်ရပြီဖြစ်ကြောင်း ပွဲစီစဉ်သူတွေက တရားဝင် အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီ ၂၃
မနေ့ညက ကစားခဲ့တဲ့ အီတလီစူပါဖလားဗိုလ်လုပွဲစဉ်မှာ အင်တာမီလန်က နာပိုလီကို မာတီနက်ဇ်ရဲ့နောက်ကျသွင်းဂိုးနဲ့ အနိုင်ကစားပြီး ချန်ပီယံဖလားကို ဆက်လက်ကာကွယ်သွားနိုင်ခဲ့ပါတယ်။
အင်တာမီလန်ဟာ အီတလီစူပါဖလား ဖိုင်နယ်ကို ၂၀၂၁၊ ၂၀၂၂၊၂၀၂၃ သုံးနှစ်လုံးတက်ရောက်နိုင်ခဲ့ပြီး ၃ နှစ်လုံးဖလားရရှိအောင်စွမ်းဆောင်ပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
အင်တာမီလန်တိုက်စစ်ပိုင်းက မာတီနက်ဇ်ကတော့ ဒီရာသီမှာ အကောင်းဆုံးအနေအထားတစ်ခုကို ရောက်နေတာဖြစ်ပြီး အသင်းအတွက် အများကြီးလုပ်ပြထားနိုင်ခဲ့တာပါ။

ဇန်နဝါရီ ၂၃
ခြေစမ်းပွဲကစားဖို့အတွက် တရုတ်နိုင်ငံကိုရောက်နေတဲ့ ဆော်ဒီကလပ်၊ အယ်နာဆာအသင်းရဲ့လူစာရင်းမှာ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုလည်း ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။
အာရှဖလားပြိုင်ပွဲရှိတဲ့အတွက် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲကို ရပ်နားထားရတာကြောင့် အယ်နာဆာအသင်းဟာ တရုတ်နိုင်ငံမှာ ခြေစမ်းပွဲကစားဖို့ စီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။
ခြေစမ်းပွဲကစားမယ့် အယ်နာဆာအသင်းသားတွေဟာ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့ကို ယမန်နေ့က ရောက်လာခဲ့တာဖြစ်ပြီး တရုတ်ပရိသတ်တွေကလည်း ဝမ်းသာအားရ ကြိုဆိုခဲ့ကြပါတယ်။

ဇန်နဝါရီ ၂၂
City Football Group ရဲ့ ဘောလုံးလုပ်ငန်းများအရာရှိချုပ်အဖြစ်မှ နုတ်ထွက်ခဲ့တဲ့ အိုမာဘာရာဒါကို မန်ယူအသင်းက အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
ဘာရာဒါဟာ တစ်ချိန်တုန်းက ဆိုရှယ်မီဒီယာပေါ်မှာ မန်ယူအသင်းကို ကောင်းကောင်း ဝေဖန်ထိုးနှက်ခဲ့ဖူးကြောင်း သိရှိရပါတယ်။ သူဟာ မန်စီးတီးရဲ့ Chief Operation Officer အဖြစ်ကနေ မန်ယူကို ပြောင်းရွှေ့လာခဲ့သူဖြစ်ကြောင်း သိရပါတယ်။

ဇန်နဝါရီ ၂၂
ပီအက်စ်ဂျီအသင်းက အသင်းနှင့်စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် အဓိကတိုက်စစ်မှူး အမ်ဘတ်ပီကို တစ်နှစ်လုပ်ခလစာ ယူရို သန်း ၁၀၀ ဖြင့် သက်တမ်း တိုးစာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။