ချယ်ဆီးနည်းပြဟောင်း မော်ရင်ဟိုကို အင်ဒိုနီးရှားလက်ရွေးစင်ဘောလုံးအသင်းရဲ့နည်းပြချုပ်အဖြစ် ခန့်အပ်ဖို့ အလိုရှိနေတယ်လို့ အင်ဒိုနီးရှားအားကစားဝန်ကြီးက နိုင်ငံပိုင် အန်တာရာသတင်းအေဂျင်စီကို ပြောပါတယ်။
မော်ရင်ဟိုကို တနှစ် စတာလင်ပေါင် ၁၃ သန်းလောက်နဲ့ ခေါ်ယူခန့်ထားဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး သမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ အင်ဒိုနီးရှားအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အဲရစ်ဟိုဟိုင်ယာတို့ ဆွေးနွေးနေတဲ့အကြောင်း ဒါပေမယ့် သိပ်တော့ လွယ်မယ်မထင်ဘူးလို့ အင်ဒိုအားကစားဝန်ကြီး အီမမ်နာရာဝီက ပြောပါတယ်။