
ယူရို ၂၀၁၆ အိမ်ရှင် ပြင်သစ်အသင်းက အိုက်စလန်ကို (၅) ဂိုးသွင်းပြီး ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် ကမ္ဘာ့ချန်ပီယံ ဂျာမနီနဲ့ လာမယ့် ကြာသပတေးနေ့မှာ မာဆေးလ်မှာ ဆီမီးဖိုင်နယ်ကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
ပြင်သစ်အသင်းမှာ ပွဲပယ်ခံထားရတဲ့ ကစားသမားတွေနေရာမှာ အူမီတီနဲ့ ဆစ်ဆိုကိုတို့ ပါဝင်လာခဲ့ပြီး အိုက်စလန် ကတော့ ပွဲထွက် လူစာရင်းမှာ အပြောင်းအလဲ မရှိပဲ ကစားခဲ့ပါတယ်။









