
ကမ္ဘာ့အဆင့် (၁) တင်း နစ်မယ် ဆရီနာဝီလီယံသည် ဂျာ မနီမှ နိုင်ခြေအဆင့် (၄) အန်ဂျ လစ်ကာဗာကို အနိုင်ရပြီး ၎င်း၏ခုနစ်ကြိမ်မြောက် ၀င်ဘယ်ဒန် ဖလားနှင့် (၂၂) ကြိမ်မြောက် ဂရင်းဆလမ်ချန်ပီယံဆု ရယူသွား သည်။

ကမ္ဘာ့အဆင့် (၁) တင်း နစ်မယ် ဆရီနာဝီလီယံသည် ဂျာ မနီမှ နိုင်ခြေအဆင့် (၄) အန်ဂျ လစ်ကာဗာကို အနိုင်ရပြီး ၎င်း၏ခုနစ်ကြိမ်မြောက် ၀င်ဘယ်ဒန် ဖလားနှင့် (၂၂) ကြိမ်မြောက် ဂရင်းဆလမ်ချန်ပီယံဆု ရယူသွား သည်။

နွေရာသီအပြောင်းအရွှေ့ကာလ ပထမပတ်မှာပင် ပရီးမီးယားလိဂ်ကလပ်များ၏ ခန့်မှန်းအသုံးစရိတ်မှာ ပေါင်သန်း ၃၀၀ ခန့် ရှိသွားပြီဖြစ်သည်။ ပြီးခဲ့သည့်နှစ်က အသုံးစရိတ်နှင့်နှိုင်းယှဉ်မည်ဆိုပါက ပြီးခဲ့သည့်နှစ်အသုံးစရိတ်မှာ ကိုးပတ်တာအတွင်း ပေါင်သန်း ၈၇၀ ရှိသည်။
စီးပွားရေးသုံးသပ်သည့် ဒီလွိုက်၏ခန့်မှန်းချက်အရ ယခုနှစ်တွင် အပြောင်းအရွှေ့ဈေးကွက်ပိတ်မည့် သြဂုတ် ၃၁ မတိုင်မီ ပေါင် တစ်ဘီလီယံ ကျော်သွားနိုင်ချေ ရှိနေသည်။

ဒီနေ့ ကစားခဲ့တဲ့ ပြင်သစ်နဲ့ ဂျာမနီတို့ရဲ့ ယူရို၂၀၁၆ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အိမ်ရှင်ပြင်သစ်က ဂရစ်ဇ်မန်းရဲ့ဂိုးတွေနဲ့ ၂ဂိုးပြတ် အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်သွားခဲ့ ပါတယ်။
ပွဲချိန်အစောပိုင်းမှာ ဂျာမန်ီက ကစားကွက် အသာစီး ရခဲ့ပေမယ့် အထောင်တိုက်စစ်မှူးအဖြစ် ကစားခဲ့တဲ့ မူလာ ခြေစွမ်းမပြနိုင်ခဲ့လို့ ဂျာမနီတိုက်စစ် ထိရောက်မှု မရှိခဲ့ပါဘူး။

မက်ဆီတစ်ယောက် အခွန်ကိစ္စနဲ့ ခေါင်းရှုပ်နေချိန်မှာ ကွန်တီရဲ့ချယ်လ်ဆီးကတော့ မက်ဆီကိုခေါ်ယူနိုင်ဖို့ အပြင်းအထန် ကြိုးစားနေပါတယ်။ မက်ဆီရဲ့အဖေဟာ ချယ်လ်ဆီး သူဌေး အီဘရာမိုဗစ်နဲ့တွေ့ခဲ့တယ်လို့ The Sun သတင်းစာက ဆိုခဲ့ပါတယ်။
အီဘရာမိုဗစ်ခ်ျရဲ့ ဇိမ်ခံရွက်လှေပေါ်မှာ တွေ့ခဲ့တာဖြစ်ပြီး မက်ဆီကိုခေါ်ယူဖို့ ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ မက်ဆီရဲ့ အဖေဟာ မက်ဆီရဲ့အပြောင်းအရွှေ့ ဘဏ္ဍာရေး အားလုံးကို ကိုင်တွယ်နေသူလည်းဖြစ်ပါတယ်။ ချယ်လ်ဆီးအနေနဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း၁၁၀ခန့် သုံးဖို့ရှိပြီး လစာကိုတစ်ပတ်စာ ပေါင် 600,000 လောက် ပေးဖို့ ရှိနေပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ တွင် ကျင်းပနေသော ၀င်ဘယ် ဒန်တင်းနစ်ပြိုင်ပွဲ၌ အမျိုးသမီး တစ်ဦးချင်း အကြိုဗိုလ်လုပွဲ တွင် အမေရိကန်တင်းနစ်မယ် ဆရီနာ ၀ီလီယံက ရုရှားတင်းနစ်မယ် အီ လီနာဗက်စ်နီနာကို ၆-၂၊ ၆-၀ ဖြင့် နှစ်ပွဲပြတ်အနိုင်ယူပြီး ဗိုလ်လု ပွဲသို့ တက်ရောက်သွားသည်။

တရုတ်ကလပ် ရှန်ကျန်အက်ဖ်စီအသင်းက နယ်သာလန် ကွင်းလယ်ကစားသမားဟောင်း ဆီးဒေါ့ကို နည်းပြသစ် အဖြစ် ခန့်အပ်လိုက်ပါတယ်။
အသက် ၄၀ အရွယ် ဆီးဒေါ့ကို ပြီးခဲ့တဲ့ရာသီတုန်းက နယူးကာဆယ်အသင်းနဲ့ ကျူပီအာအသင်းတို့က နည်းပြအဖြစ် ကမ်းလှမ်းမှုတွေ လုပ်ခဲ့ပါတယ်။
ဆီးဒေါ့ဟာ ၂၀၁၄ ဘောလုံးရာသီမှာ အေစီမီလန်အသင်းကို ၅ လကြာ နည်းပြအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။

ဇူလိုင် ၈၊ အင်္ဂလန် ။ ။ ပရီးမီးယားလိဂ်တန်းတက် မစ်ဒယ်ဘရော့အသင်းသည် မန်ယူအသင်းမှ စပိန်ဂိုးသမား ဗစ်တာဗဲလ်ဒက်စ်ကို ၂ နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။
ဘာစီလိုနာဂိုးသမားဟောင်း ဗဲလ်ဒက်စ်သည် မန်ယူအသင်းတွင် ၁၈ လကြာ ရှိနေခဲ့သော်လည်း ပွဲထွက် ကစားခွင့် မရဘဲ ရုန်းကန်ခဲ့ရသည်။ ဗဲလ်ဒက်စ်သည် ပြီးခဲ့သည့်ရာသီက ဘယ်လ်ဂျီယံကလပ် စတမ်းဒက်လီဂီသို့ အငှားသွားရောက် ကစားခဲ့ပြီး ယခုနွေရာသီတွင် မန်ယူအသင်းမှ ထုတ်ပယ်ခံထားရသူ ဖြစ်သည်။

မန်ယူအသင်းက နည်းပြ သစ် မော်ရင်ဟိုကို အင်္ဂါနေ့တွင် တရားဝင်မိတ်ဆက်ခဲ့ရာ မော်ရင် ဟိုက ဆာအဲလက်စ် ဖာဂူဆန်တင် ထားသော စံချိန်ကို အမီလိုက် လိုသည်ဟု ပြောကြားသည်။
ဖာဂူဆန်ကိုင်တွယ်ခဲ့သည့် (၂၇) နှစ်တာကာလ အဆုံးသတ် ပြီးနောက်ပိုင်း မန်ယူအသင်းသည် ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ် နိုင်သော အခြေအနေသို့ ပြန်လည် ရောက်ရှိရေး နည်းပြဗန်ဂါးလ်၏ နေရာတွင် မော်ရင်ဟိုအား အစား ထိုးခန့်အပ်ခဲ့သည်။

ဗြိတိန်နိုင်ငံ လန်ဒန်မှာ ယှဉ်ပြိုင်နေတဲ့ ၀င်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲ အမျိုးသမီး တဦးချင်း ကွတားဖိုင်နယ်မှာ နာမည်ကြီး စရီနာ ၀ီလျံစ်က ပယ်လူချင်ကိုဗာကို အနိုင်ရသွားပါတယ်။
ဇူလိုင် ၅ ရက်နေ့က ပွဲစဉ်မှာ ကမ္ဘာ့နံပါတ်တစ်ဖြစ်တဲ့ စရီနာက ရုရှားသူ ပယ်လူချင်ကိုဗာကို ၂ ပွဲပြတ်နဲ့ အနိုင်ရသွားတာပါ။

အာဂျင်တီးနားအသင်းကနေ နည်းပြ မာတီနို နုတ်ထွက်သွားပါတယ်။ အသက် ၅၃ နှစ်အရွယ် နည်းပြဟာ အာဂျင်တီးနားက ချီလီကိုရှုံးတဲ့ ကိုပါအမေရိကားဖလား ဗိုလ်လုပွဲအပြီးမှာ နုတ်ထွက်သွားတာပါ။
နည်းပြ မာတီနိုကတော့ အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်ဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာ အားနည်းတာကြောင့် နုတ်ထွက်တာဖြစ်တယ်လို့ ပြောပါတယ်။
နည်းပြ မာတီနိုဟာ အာဂျင်တီးနားအသင်းကို ၂၀၁၄ မှာ တာဝန်ယူ ကိုင်တွယ်ခဲ့ပါတယ်။