လန်ဒန်- ကစားသမားသစ်ခေါ်ယူ အားဖြည့်မှုအတွက် ငွေသုံးစွဲမှု အများဆုံးနည်းပြများစာရင်းတွင် လက်ရှိ မန်စီးတီးနည်းပြ ပက်ဂွာ ဒီယိုလာက ပေါင် ၈၉၈ ဒသမ ၅၇ သန်းဖြင့် ဦးဆောင်နေပြီး ဒုတိယနေရာ၌ မန်ယူနည်းပြ မော်ရင်ဟိုက ပေါင် ၈၇၀ ဒသမ ၈၉ သန်းဖြင့် ရပ်တည်နေသည်။

လန်ဒန်- ကစားသမားသစ်ခေါ်ယူ အားဖြည့်မှုအတွက် ငွေသုံးစွဲမှု အများဆုံးနည်းပြများစာရင်းတွင် လက်ရှိ မန်စီးတီးနည်းပြ ပက်ဂွာ ဒီယိုလာက ပေါင် ၈၉၈ ဒသမ ၅၇ သန်းဖြင့် ဦးဆောင်နေပြီး ဒုတိယနေရာ၌ မန်ယူနည်းပြ မော်ရင်ဟိုက ပေါင် ၈၇၀ ဒသမ ၈၉ သန်းဖြင့် ရပ်တည်နေသည်။

(၁) ချယ်လ်ဆီးကို ရောင်းချဖို့ သဘောတူညီထားတဲ့ အာဆင်နယ် တောင်ပံကစားသမား ချိန်ဘာလိန်ဟာ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ အစောပိုင်းက ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ ပေါင် ၃၅သန်းနဲ့ သဘောတူညီခဲ့ပြီးမှ ချိန်ဘာလိန်က ချယ်လ်ဆီးကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်က ချိန်ဘာလိန်အတွက် အာဆင်နယ်ကို ပေါင်သန်း ၄၀နဲ့ ကမ်းလှမ်းခဲ့ပြီးနောက် နောက်ဆုံးမှာ သဘောတူညီခဲ့ ပြီဖြစ်ပါတယ်။ ချိန်ဘာလိန်ဟာ တောင်ပံနေရာထက် ကွင်းလယ်နေရာမှာသာ ကစား လိုနေတာကြောင့် ချယ်လ်ဆီးကို ငြင်းပယ်ပြီး လီဗာပူးလ်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ချိန်ဘာလိန်ဟာ လီဗာပူးလ်မှာ တစ်ပတ်လုပ်ခ ၁သိန်း ၂သောင်းနဲ့ ၆နှစ် စာချုပ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။
၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများကို မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြီးစီးခဲ့ပြီဖြစ်ပါတယ်။
မြန်မာအားကစားအဖွဲ့အနေနဲ့ စုစုပေါင်း အားကစားနည်း ၂၉ မျိုးကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၇ဆု၊ငွေတံဆိပ် ၁၀ဆုနဲ့ ကြေးတံဆိပ် ၂၀ ဆု စုစုပေါင်း ဆုတံဆိပ် ၃၇ ရရှိခဲ့ပါတယ်။

ဘောလုံးသမားတွေအကြား တက်တူးထိုးတဲ့အလေ့အထ ပိုရေပန်းစားလာချိန်မှာ ဂျာမန်ဆရာဝန်တစ်ဦးက တက်တူးကြောင့် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်နိုင်တယ်လို့ သတိပေးလိုက်ပါတယ်။


တစ်ဆက်တည်းမှာပဲ ကစားသမားတွေ တက်တူးမထိုးအောင် တားမြစ်ရမှာက ကလပ်အသင်းတွေရဲ့ တာဝန် ဖြစ်တယ်လို့ သူကဆိုပါတယ်။ ဂျာမနီနိုင်ငံ၊ ကိုလုံးအားကစားတက္ကသိုလ်မှ ဆရာဝန်တစ်ဦးရဲ့ အဆိုအရ တက်တူးထိုးရမှာ သုံးတဲ့ မှင်ကနေ ပါဝင်တဲ့အဆိပ်ဟာ အရေပြားတဆင့် သွေးကြောထဲရောက်သွား တာကြောင့် ကစားသမားတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။
မလေးရှားနိုင်ငံသား အာရှချန်ပီယံ လီချုံဝေသည် ပြီးခဲ့တဲ့ ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲမှာ ၎င်းရဲ့ ကစားသမားဘ၀ နေက်ဆုံးပြိုင်ပွဲ ဖြစ်လာမယ်လို့ ထုတ်ဖော်ပြောခဲ့ပေမယ့်လည်း ယခုအခါ ပြန်လည်ကစားဖို့ ဆန္ဒဖြစ်ပေါ် နေတယ်လို့ ထပ်မံ ထုတ်ဖော်ပြောခဲ့ပြန်ပါတယ်။

မေဝဲလ်သာကို ရှုံးနိမ့်ခဲ့တဲ့ တိုက်ခိုက်ရေးသမား မက်ဂရီဂေါဟာ ရော်နယ်ဒိုကို ကျော်လွန်ကာ ဝင်ငွေပိုမိုရရှိတဲ့ အားကစားသမား ဖြစ်လာတော့ မယ်လို့ သိရပါတယ်။


မက်ဂရီဂေါနှင့် ရော်နယ်ဒို
မန်စီးတီးအသင်းက စိတ်ဝင်စားနေတဲ့ ဆန်းချက်အတွက် အာဆင်နယ်အသင်းကလည်း အဂူရိုကို ပြန်လည် လိုချင်နေတယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းက ဆန်းချက်အတွက် ပေါင် သန်း(၅၀)နဲ့ ကမ်းလှမ်ခဲ့ပေမယ့် အာဆင်နယ်အသင်းက ပယ်ချလိုက်ခဲ့ပြီးနောက် အခုလို သတင်းထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။


မူလက မန်စီးတီးအသင်းအနေနဲ့ ဆန်းချက်ကိုခေါ်ယူဖို့ စတားလင်းကို အလိုက်ပေးခေါ်မယ်လို့ သတင်းလွှင့် ခဲ့သလို အဂူရိုကို အလိုက်ပေးခေါ် ယူသွားဖွယ်ရှိနေတယ်လို့လည်း သတင်းထွက်ပေါ်နေတာကြောင့် အာဆင်နယ် အသင်းအနေနဲ့အဂူရိုကိုသာ လိုချင်တယ်လို့ ထုတ်ဖော် ခဲ့တာလည်း ဖြစ်ပါတယ်။
ဖိလစ် ကော်တင်ဟိုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၆၀ (ပေါင် ၁၄၈) သန်းဖြင့် ဘာစီလိုနာမှ ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်းက သဘောတူညီခဲ့ပြီလို့ Yahoo Sports အရ သိရပါတယ်။
အဆိုပါ ဗြိတိန်နှင့် စပိန်စံချိန်တင် ပြောင်းရွှေ့ကြေးအတွက် နှစ်ဘက် သဘောတူညီမှု ရရှိခဲ့ပြီးနောက် ကော်တင်ဟိုက သူဟာ ယခုတပတ် မကုန်ခင် ဘာစီလိုနာကစားသမားတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
(၁) PSG အသင်းဟာ မိုနာကိုရဲ့ လူငယ်တိုက်စစ်မှူး ကီလီယန် အမ်ဘတ်ပေကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။ PSG ဟာ အမ်ဘတ်ပေအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၆၆သန်းနဲ့ သဘောတူညီခဲ့ပြီး မကြာခင် အပြောင်းရွှေ့ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ UEFA ရဲ့ FFP စည်းမျဉ်းအရ PSG ဟာ အမ်ဘတ်ပေကို ဒီနှစ်ရာသီမှာ အငှားနဲ့ ခေါ်ယူမှာဖြစ်ပြီး လာမယ့် ရာသီမှာ အပြီးသတ် ခေါ်ယူခွင့်ရမှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းသည် ထိပ်ပိုင်းမှအောက်ခြေအထိ အကျပ်အတည်းကာလရောက်နေပြီး နည်းပြအာစင် ဝင်းဂါး အနေဖြင့် ထွက်ခွာသင့်ပြီဟု အာဆင်နယ်တိုက်စစ်မှူးဟောင်း အီရန်ရိုက်က ပြောသည်။
တနင်္ဂနွေနေ့တွင် လီဗာပူးလ်အသင်းကို ၄-၀ ဂိုးဖြင့်ရှုံးခဲ့သည့် အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ် အဖွင့်သုံးပွဲတွင် တစ်ပွဲသာအနိုင်ရထားသည်။
“လုံးဝအိပ်မက်ဆိုးတစ်ခုပဲ။ ဝင်းဂါးက အင်အားကောင်းတ အစုအဖွဲ့ကိုဖန်တီးထားပေမယ့် ကျွန်တော်တို့ အတွက် ကစားပေးမယ့် ကစားသမားတွေကို ဘာလို့မရနိုင်တာလဲ”ဟု အာဆင်နယ်အတွက် ၁၂၈ ဂိုးသွင်း ထားသည့် ရိုက်က ပြောသည်။