မလေးရှားနိုင်ငံသား အာရှချန်ပီယံ လီချုံဝေသည် ပြီးခဲ့တဲ့ ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲမှာ ၎င်းရဲ့ ကစားသမားဘ၀ နေက်ဆုံးပြိုင်ပွဲ ဖြစ်လာမယ်လို့ ထုတ်ဖော်ပြောခဲ့ပေမယ့်လည်း ယခုအခါ ပြန်လည်ကစားဖို့ ဆန္ဒဖြစ်ပေါ် နေတယ်လို့ ထပ်မံ ထုတ်ဖော်ပြောခဲ့ပြန်ပါတယ်။

မလေးရှားနိုင်ငံသား အာရှချန်ပီယံ လီချုံဝေသည် ပြီးခဲ့တဲ့ ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲမှာ ၎င်းရဲ့ ကစားသမားဘ၀ နေက်ဆုံးပြိုင်ပွဲ ဖြစ်လာမယ်လို့ ထုတ်ဖော်ပြောခဲ့ပေမယ့်လည်း ယခုအခါ ပြန်လည်ကစားဖို့ ဆန္ဒဖြစ်ပေါ် နေတယ်လို့ ထပ်မံ ထုတ်ဖော်ပြောခဲ့ပြန်ပါတယ်။

မေဝဲလ်သာကို ရှုံးနိမ့်ခဲ့တဲ့ တိုက်ခိုက်ရေးသမား မက်ဂရီဂေါဟာ ရော်နယ်ဒိုကို ကျော်လွန်ကာ ဝင်ငွေပိုမိုရရှိတဲ့ အားကစားသမား ဖြစ်လာတော့ မယ်လို့ သိရပါတယ်။


မက်ဂရီဂေါနှင့် ရော်နယ်ဒို
မန်စီးတီးအသင်းက စိတ်ဝင်စားနေတဲ့ ဆန်းချက်အတွက် အာဆင်နယ်အသင်းကလည်း အဂူရိုကို ပြန်လည် လိုချင်နေတယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းက ဆန်းချက်အတွက် ပေါင် သန်း(၅၀)နဲ့ ကမ်းလှမ်ခဲ့ပေမယ့် အာဆင်နယ်အသင်းက ပယ်ချလိုက်ခဲ့ပြီးနောက် အခုလို သတင်းထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။


မူလက မန်စီးတီးအသင်းအနေနဲ့ ဆန်းချက်ကိုခေါ်ယူဖို့ စတားလင်းကို အလိုက်ပေးခေါ်မယ်လို့ သတင်းလွှင့် ခဲ့သလို အဂူရိုကို အလိုက်ပေးခေါ် ယူသွားဖွယ်ရှိနေတယ်လို့လည်း သတင်းထွက်ပေါ်နေတာကြောင့် အာဆင်နယ် အသင်းအနေနဲ့အဂူရိုကိုသာ လိုချင်တယ်လို့ ထုတ်ဖော် ခဲ့တာလည်း ဖြစ်ပါတယ်။
ဖိလစ် ကော်တင်ဟိုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၆၀ (ပေါင် ၁၄၈) သန်းဖြင့် ဘာစီလိုနာမှ ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်းက သဘောတူညီခဲ့ပြီလို့ Yahoo Sports အရ သိရပါတယ်။
အဆိုပါ ဗြိတိန်နှင့် စပိန်စံချိန်တင် ပြောင်းရွှေ့ကြေးအတွက် နှစ်ဘက် သဘောတူညီမှု ရရှိခဲ့ပြီးနောက် ကော်တင်ဟိုက သူဟာ ယခုတပတ် မကုန်ခင် ဘာစီလိုနာကစားသမားတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
(၁) PSG အသင်းဟာ မိုနာကိုရဲ့ လူငယ်တိုက်စစ်မှူး ကီလီယန် အမ်ဘတ်ပေကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။ PSG ဟာ အမ်ဘတ်ပေအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၆၆သန်းနဲ့ သဘောတူညီခဲ့ပြီး မကြာခင် အပြောင်းရွှေ့ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ UEFA ရဲ့ FFP စည်းမျဉ်းအရ PSG ဟာ အမ်ဘတ်ပေကို ဒီနှစ်ရာသီမှာ အငှားနဲ့ ခေါ်ယူမှာဖြစ်ပြီး လာမယ့် ရာသီမှာ အပြီးသတ် ခေါ်ယူခွင့်ရမှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းသည် ထိပ်ပိုင်းမှအောက်ခြေအထိ အကျပ်အတည်းကာလရောက်နေပြီး နည်းပြအာစင် ဝင်းဂါး အနေဖြင့် ထွက်ခွာသင့်ပြီဟု အာဆင်နယ်တိုက်စစ်မှူးဟောင်း အီရန်ရိုက်က ပြောသည်။
တနင်္ဂနွေနေ့တွင် လီဗာပူးလ်အသင်းကို ၄-၀ ဂိုးဖြင့်ရှုံးခဲ့သည့် အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ် အဖွင့်သုံးပွဲတွင် တစ်ပွဲသာအနိုင်ရထားသည်။
“လုံးဝအိပ်မက်ဆိုးတစ်ခုပဲ။ ဝင်းဂါးက အင်အားကောင်းတ အစုအဖွဲ့ကိုဖန်တီးထားပေမယ့် ကျွန်တော်တို့ အတွက် ကစားပေးမယ့် ကစားသမားတွေကို ဘာလို့မရနိုင်တာလဲ”ဟု အာဆင်နယ်အတွက် ၁၂၈ ဂိုးသွင်း ထားသည့် ရိုက်က ပြောသည်။
ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်မှာ မာရီယာ ရှာရာပိုဗာက ကမ္ဘာ့အဆင့် ၂ တင်းနစ်မယ် ဆိုင်မွန်နာ ဟာလက်ပ်ကို အနိုင်ရရှိခဲ့ပါတယ်။ ယနေ့ (သြဂုတ် ၂၉ ရက်) အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူအက်စ်အိုပင်း အမျိုးသမီးတစ်ဦးချင်း ပထမအဆင့်ပွဲစဉ်မှာ ရှာရာပိုဗာက ဟာလက်ပ်ကို ၆-၄၊ ၄-၆၊ ၆-၃ ဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဆီးဂိမ်းစ်ဆီမီးဖိုင်နယ်တွင် ထိုင်းကိုရှုံးပြီး ပရိသတ်များငိုကြွေးခဲ့ရသည့် မျက်ရည်အတွက် တတိယနေရာလုပွဲ တွင် ကြေးတံဆိပ်အရယူကာ ပြန်လည်နှစ်သိမ့် နိုင်ရန်ကြိုးစားမည်ဟု မြန်မာယူ -၂၂လက်ရွေးစင်အသင်း တိုက်စစ်မှူး သန်းပိုင်က ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မြန်မာယူ-၂၂အသင်းမှာ ၂၀၁၇ ဆီးဂိမ်းစ်ဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းကို ၁ – ၀ ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် ဗိုလ်လုပွဲနှင့်ဝေးခဲ့ရကာ တတိယနေရာလုပွဲအဖြစ် သြဂုတ် ၂၉ရက်တွင် အင်ဒိုနီးရှားယူ-၂၂အသင်းနှင့် ကစားရမည် ဖြစ်သည်။
၂၉ ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ့လက်ရွေးစင် မြက်ခင်းပြင် ဟောာ်ကီအသင်း အနေနဲ့ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ စင်ကာပူအသင်းနဲ့ ထိုင်းအသင်းတို့ ပွဲစဉ်မှာ စင်ကာပူအသင်းက ထိုင်းအသင်းကို အနိုင်ရရှိခဲ့ပြီး ရမှတ်တူ ဖြစ်နေ ခဲ့သော်လည်း စင်ကာပူအသင်းက ပေးဂိုးများ ခဲ့တာကြောင့် မြန်မာအသင်း အနေနဲ့ ဗိုလ်လုပွဲကိုတက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအပြီးတွင် သွင်းဂိုးအများဆုံး စာရင်း၌ ကစားသမား သုံးဦးက ပူးတွဲဦးဆောင်နေကြောင်း သိရသည်။
မြန်မာအသင်းတိုက်စစ်မှူး အောင်သူအပါအ၀င် ဗီယက်နမ်တိုက်စစ်မှူး ငုယင်ကောင်ဖောင်၊ မလေးရှား တိုက်စစ်မှူး သာနာဘာလန်တို့မှာ သွင်းဂိုးလေးဂိုးစီဖြင့် ဦးဆောင်နေခြင်းဖြစ် သည်။


ယင်းကစားသမား များအနက် ငုယင်ကောင်ဖောင်မှာ ဗီယက်နမ်အသင်း အုပ်စုအဆင့်မှ ထွက်ခဲ့ရသောကြောင့် မျှော်လင့်ချက် မရှိတော့ဘဲ တစ်ပွဲစီကစားရန်ကျန်သေးသည့် အောင်သူနှင့် သာနာဘာလန် တို့မှာ အခွင့်အရေး ရှိနေကြောင်း သိရသည်။